+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, May 26, 2009

တတိယတန်း ကရင်ဖတ်စာအုပ်

တတိယတန်း ကရင်ဖတ်စာအုပ် ကို ကျုပ် တင်ပေးလိုက်ပါတယ်။ ကျုပ်ပင်ပမ်းတယ်ဆိုတာ အပလာ ပါပဲ။
တကယ်ဆိုတော့ လက်ရေးမူနဲ့စာအုပ်တွေကို အခုလို ကွန်ပျူတာစာလုံးတွေနဲ့ရိုက်နှိပ်ပေးထားတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေရဲ့ စေတနာကို ဂုဏ်ပြုထိုက်တဲ့အတွက် ကျုပ်တတ်နိုင်တဲ့ဘက်ကနေ (ကာယအား ဉာဏအား ငွေအား လူအား အချိန် စတာတွေကိုဆိုက်ထုတ်ပေးကြတဲ့ ပုဂ္ဂိုလ်တွေကို) အသိအမှတ်ပြုလိုက်တာပါ။
၁၉၉၆ ခုမတိုင်မှီက ကွန်ပျူတာတလုံးရဲ့ ဖွဲ့စည်းပုံကို ပြန်စဉ်းစားလိုက်ရင် အခုလို စာလုံးလေးတွေဖြစ်လာဘို့ ဘယ်လောက်အထိ ပင်ပမ်းသလဲဆိုတာ ကြုံဘူးသူတွေကိုယ်ချင်းစာပါလိမ့်မယ်။
ကိုယ့်လူမျိုးကို ချစ်တယ်ဆိုတာ ပါးစပ်က ပြောလိုက်ရုံလေးနဲ့ မဖြစ်ပါဘူး၊ လက်တွေ့လုပ်ပြကြပါ။
လိုအပ်နေတဲ့ ပံ့ပိုးမှုတွေအတွက် ပညာရှင်တွေ အတတ်နိုင်ဆုံးကြိုးစားကူညီပံ့ပိုးပေးစေချင်တယ်။
ဥပမာ စာလုံးပေါင်းအသံထွက်အတွက် အသံဖိုင်လေးတွေ ဖြည့်စွက်ပေးကြပါ။
နောက်များဆိုရင် ဘုရားရှစ်ခိုးစာအုပ်များနဲ့ ကဗျာလင်္ကာရေးနည်းစာအုပ်တွေကိုပါ ဆက်လက် တင်ပေးသွားမှာဖြစ်ကြောင်းပါခင်ဗျား။
မင်းစိုးစံ
(အဝေးရောက်ကရင်ဒုက္ခသည်တဦး)





စာအုပ်ဖြစ်မြောက်ရေးအတွက် ငွေအားစိုက်ထုတ်ပေးသူကတော့ ကျဝ်ခေ၀့်က်ုလါင့် မောင်ကျားပျံ (မြပတိုင်) ဖြစ်ကြောင်း၊ စာအုပ်ဖြန့်ချိ သူက ဖူ့စ၀်ခလိင်းမိင် ဖိုးမောင်အေး။ မျက်နှာဖုံးအပြင်အဆင်က စ၀်လိုဒ်.ကာဃွှာ မောင်လောကဘုရင် ကေါ့ကရိတ်။ ကွန်ပျူတာစာစီစာရိုက်က စ၀်ယးဍံင်အွာ မောင်ပုဝါဖြူ။ စာအုပ်အလုံးစုံ ပြီးစီးသွားတဲ့ရက်ကတော့ ဒီဇင်္ဘာလ ၁၈ရက် ၁၉၉၆ ဖြစ်ကြောင်းပါခင်ဗျား။

0 comments:

Post a Comment