+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, June 2, 2009

ဆုလက်မှတ်ပေးအပ်ချီးမြှင့်သည့် အခန်းအနားကျင်းပခြင်း

မင်ဏီဆိုးတားပြည်နယ် စိန့်ပေါမြို့တွင် တက္ကသိုလ်ဝင်တန်းဆုလက်မှတ်
ပေးအပ်သည့်အခန်းအနား ကျင်းပခြင်း

ယနေ့ ၂၀၀၉ခုနှစ် ဂျွန်လ ၁ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု မင်ဏီးဆိုးတားပြည်နယ်ရှိ စိန့်ပေါမြို့၌ တက္ကသိုလ်ဝင်တန်းဆုလက်မှတ်များ ချီးမြှင့်သည့်အခန်းအနားတရပ်အား ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

အခန်းအနားကျင်းပသည့် အဆောက်အဦးအား အဝေးမှမြင်တွေ့ရစဉ်

ထိုအခန်းအနားအား စိန့်ပေါမြို့ရှိ Xcel energy center အဆောက်အဦးအတွင်း ည ၈း၀၀နာရီမှစတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး Harding High School မှ ကျောင်းသားကျောင်းသူစုစုပေါင်း ၃၈၄ဦးဆုလက်မှတ်များ တက်ရောက်ရယူသွားကြကြောင်းသတင်းရရှိပါသည်။
အဆိုပါကျောင်းသူကျောင်းသား၃၈၄ဦးအတွင်း ကရင်ကျောင်းသား ၃ဦးလည်း ပါဝင်ကြောင်းနှင့် ထိုကျောင်းသားများ၏ အမည်များမှာ Saw Pa Hah, Shar Paung Shoo နှင့် Dah Poe တို့ဖြစ်ကြောင်းသိရှိရပါသည်။

အခန်းအနားစတင်စဉ်မြင်တွေ့ရသည့် မြင်ကွင်း

လွန်ခဲ့သည့် ၂၀၀၆ခုနှစ် ဂျွန်လ ၁၄ရက်နေ့တွင်လည်း ဖေါ်ပြပါ အဆောက်အဦး ၌ ယခုကယ့်သို့ပင် ဆုလက်မှတ်ပေးအပ်သည့်အခန်းအနားသို့ Harding High School မှ ကရင်ကျောင်းသူ ၂ဦးဖြစ်သည့် Kyon Par Shoo နှင့် Aye Aye Than တို့လည်းတက်ရောက်ရယူခဲ့ကြကြောင်းသိရှိရပါသည်။

ဆုလက်မှတ်များ တက်ရောက်ရယူနေကြစဉ်

ကရင်သတင်းရပ်ကွက်များ၏ အဆိုအရ လာမည့် ၂၀၁၂ ခုနှစ်တွင် အဆိုပါ Harding High School မှ ကရင်ကျောင်းသားကျောင်းသူအနည်းဆုံး ၅ဦးခန့် တက္ကသိုလ်ဝင်တန်း ဆုလက်မှတ်များရယူနိုင်ကြလိမ့်မည်ဟု ခန့်မှန်းလျှက်ရှိ ကြောင်းသတင်းရရှိပါသည်။ အဆိုပါအခန်းအနားသို့ ကျောင်းသူကျောင်းသားများ၊ကျောင်းဆရာဆရာမများ၊ ကျောင်းသားမိဘများ အပါအ၀င်စုစုပေါင်းလူဦးရည် ၃၂၀၀ ခန့်တက်ရောက်လာကြောင်း သတင်းရရှိပါသည်။

သတင်းရေးသားပေးပို့သူ ဖူ့ယောင်ဟဲ့ (USA)
ဓါတ်ပုံသတင်း စ၀်ထေါဟ်တွါ် (USA)

0 comments:

Post a Comment