+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, June 7, 2009

အစွန်းရောက်အာဏာရူး မဟာဝါဒသမားများသို့

အစွန်းရောက်အာဏာရူး မဟာဝါဒသမားများသို့

ကျုပ်တို့အားလုံးရဲ့ လက်တဘက်စီမှာ
လက်ချောင်း ငါးချောင်းစီရှိတယ်။

အတိုအရှည် အရွယ်အစား
မတူကွဲပြားနေပေမယ့်
ရက်လနှစ်မြောက်များစွာ
ခြားနားတဲ့သူတို့အားနဲ့
ကျုပ်တို့ရဲ့ မြေကွက်လပ်အတွင်း

ဒေါန စကားဝါ ဇီဇဝါ နှင်းဆီ
သရဖီ ဂန့်ဂေါ် သော်က စပယ်
မြတ်လေး ခတ္တာ ပန်းများစွာအတွက်
ပေါင်းသင်မြက်နှုတ် အားစုံထုတ်ခဲ့လို့
အဆင်းကုံလုံတဲ့ ပန်းယဂုံမှာ
အရောင်အသွေးစုံစွာ
ယနံ့အဖုံဖုံ ထုံဖြာရင်း
အပွင့်ခြင်းဆိုင် အလှခြင်းပြိုင်နေကြတယ်။
ဒီလက်ချောင်းတွေကြောင့်
မတူတဲ့အဆင်း မညီတဲ့အရွက်
ခြားနားတဲ့အပွင့် ဆန့်ကျင်ဘက်အနံ့
ကွဲပြားတဲ့အရောင် ဖြစ်လာရတာဆိုတဲ့
အာဏာရူး မဟာအစွန်းရောက်သမားတွေရဲ့
ပေါခြာခြာ အူကြောင် အတွေးအခေါ်တွေနဲ့
ကျုပ်တို့လက်ချောင်းရဲ့ အတိုအရှည်အရွယ်အစား
တသားတည်းကျအောင်
ဖြတ်တောက်နှောင်တည်း ကြတ်စီး ခံရတာကြောင့်။
ကျုပ်တို့လက်တွေ သုံးမရတဲ့နောက်
ရွက်ခြောက်တွေ ဗရပွနဲ့
ရောင်စုံတဲ့ပန်းတွေ ကြွေရရှာသလို
အပင်တွေခြောက်သရောင်း ထနေတဲ့အတွက်
ယနံ့သင်းခဲ့တဲ့ ကျုပ်တို့ခြံဝင်းတခုလုံး
ဖုန်းဆိုးမြေက မီးစာဘ၀ရောက်ရပြီ။ ။
မင်းစိုးစံ အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment