+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, June 13, 2009

ပြဿနာတရပ်ကို ဖြေရှင်းရာတွင် အပိုင်း (၂)

ပြဿနာတရပ်ကို ဖြေရှင်းရာတွင် အပိုင်း (၂)




OASIS အဖွဲ့ ဦးဆောင်သူအမည်စာရင်းနှင့် အဖွဲ့ဝင်များအမည်စာရင်း။
ထိုအဖွဲ့သည် အချိန်တိုအတွင်း ဖျက်သိမ်းခြင်းခံလိုက်ရသည်




ဒီနေ့ဖြစ်ပေါ်လာတဲ့ ဆရာကြီးသခက်ကိုယ်တော်မှိုင်းရဲ့ သေတမ်းစာနဲ့ပတ်သက်လို့ “သခင်ကိုယ်တော်မှိုင်းဟာ ကေအဲန်ယူနဲ့ ပြည်တွင်းစစ်ကို စေ့စပ်ဆွေးနွေးတဲ့နည်းနဲ့ ငြိမ်းချမ်းရေးရဖို့ ရပ်ခံခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လှည့်လည်
ရာမှာ မြစ်ဝကျွန်းပေါ်ကရင်များက အထူးကြည်ညိုလေးစားကြတယ်။ ကရင်ရွာများကို သွားရောက်ဟောပြောခဲ့တယ်။ သူ့မှာ တိုင်းရင်းသားလူမျိုး စုတွေအပေါ် အထင်သေးနှိမ်ချတဲ့စိတ်၊ ခွဲခြားဖိနှိပ်ချင်တဲ့စိတ် လုံးဝမရှိဘူး။ စိတ်သဘောထား အင်မတန်နူးညံ့ သူဖြစ်တယ်။ ... ဆရာကြီးကွယ်လွန်ချိန်အထိ ကျနော်တောက်လျှောက် အနီးကပ်နေခဲ့တာ၊ ကျနော့်လက်ပေါ် မှာပဲ ဆုံးသွားတာဖြစ်တဲ့အတွက် ဒီလိုသေတမ်းစာဆိုတာမျိုး လုံးဝမရှိခဲ့ဘူးလို့ ကျနော်သေချာပြောရဲတယ်။
ဒါ့ အပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံမှာ၊ ဗုဒ္ဓဘာသာထုံးစံမှာ သေတမ်းစာ ဆိုတာလည်း မရှိပါဘူး”
ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လှည့်လည်စည်းရုံးရာမှာ ကရင်အမျိုးသား နိုင်ငံရေးသမားတွေဖြစ်တဲ့ မန်းထွန်းရင်၊ မန်းကျော်အုံး၊ စောကျော်စိုး (အင်းစိန်)၊ စောကျော်စိန်၊ ဒေါက်တာ ဆင်ဖိုးတို့နဲ့တွဲခဲ့ပါတယ်။
စာလုံးအပြာလေးတွေကတော့ စောကျော်ခွိရဲ့ နားခိုရာ Blog ကနေကောက်နှုတ်ထားတာဖြစ်ပါတယ်။ အသေးစိပ်ကို သွားရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်

ပြဿနာကဒီိလိုဖြေရှင်းလိုက်ရုံနဲ့ ပြေလည်သွားပါ့မလားဆိုတာ မေးစရာဖြစ်လာပါတယ်။
ဘာကြောင့်လည်းဆိုတော့ ၁၉၉၈ တုန်းက အခြေနေအကြောင်းကြောင်းကြောင့် ကျုပ်တို့မဖြေ ရှင်းလိုက်နိုင်ခဲ့တဲ့ပြဿနာတရပ်ဟာ အခုဆိုရင် နောက်ထပ်အဆစ်ပါ ပါလာပြန်တယ်။
နောက်ထပ်အဆစ်ပါလာတာက ဘာလဲဆိုတော့ ကျုပ်စီကို e-mail နဲ့ မိတ်ဆွေတယောက် ပို့ပေးလိုက်တာလေးကို ဖတ်ကြည့်ကြပါ။ ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာကတော့ စာဖတ်သူတွေရဲ့ အဆုံးအဖြတ်သာဖြစ်ပါတယ်။



ဒုက္ခသည်စခန်းအတွင်းမှ ကရင့် ရင်သွေးငယ်လေး (ဟွှေးကလုတ် ဒုက္ခသည်စခန်း ၁၉၉၈ခုနှစ်)



နိုင်ငံတော်အရေး
အောင်ဆန်း၏ နိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံစည်းမျဉ်းဥပဒေများ
အပိုင်း (၁)
နိုင်ငံတော်အရေး ။ (က) ကရင်ပြည်ကို လုံးဝမပေးရ။
(ခ) အချက်အချာရှိသည့်နေရာမှာ ကရင်တွေကို အကြီးအကဲမထားရ။
(ဂ) အဆောက်အဦးရှိသည့်နေရာမှာ ကရင်တွေကို အကြီးအကဲမထားရ။
(ဃ) ကရင်လူမျိုးတွေကို သွေးနှောစနစ်လုပ်ရမည်။
အပိုင်း(၂)
နိုင်ငံတော်စစ်ရေး ။ ကရင်နီတောင်တန်းက အောင်ဆန်းကလူမှော် နောက်တမ်းမှတကယ်ဆော်မယ်။
ကြိုးစားဘို့တွေး မေ့လျှင် တို့ကြေလိမ့်မယ်။ တောင်မှန်လျှင် အလံတွေကို မိုး ချိုးအစကရှင်း။
အပိုင်း(၃)
နိုင်ငံတော်အုပ်ချုပ်ရေး
အခန်း(၁ - ၂)
အခန်း (၁) လက်ပြင်ကြ ပို့ ဆောင်ခန်း၊ ရင်နှီးစွာသွေးဆောင်။
အခန်း(၂) ဂေါရန် ခေါ် ဟိုတောင်ကြောက သောကော၍နေထိုင်၊ ရင်းနှီးစွာဘာသာနှောပြန်၊ နောက်အတည် ကျွန်ပြည်မည့်လိမ့်မည် လွှမ်းစေဘို့ တို့တန်ခိုး။

မဟာဗမာလူမျိုးကြီးအသိုင်းအ၀ိုင်း
(၁) အောင်ဆန်း
(၂) သခင်ကိုယ်တော်မှိုင်း
(၃) သခင်နု
(၄) သခင်တင်
(၅) သခင်ထွန်းအုပ်
(၆) သခင်ဗစိန်
(၇) သခင်ကျော်ဒွန်း
(၈) သခင်မြ
(၉) ဦးကျော်ငြိမ်း
(၁၀) ဦးဘဆွေ
(၁၁) ဗန်းမော်တင်အောင်
(၁၂) သခင်သန်းထွန်း
(၁၃) သခင်စိုး

ဝါဒပိုင်းဆိုင်ရာ ဦးဆောင်သူ
(၁) အောင်ဆန်း
(၂) ကိုယ်တော်မှိုင်း
(၃) သခင်နု
(၄) သခင်တင်

ဝါဒီပိုင်းဆိုင်ရာ ဦးဆောင်သူ
(၁) သခင်ထွန်းအုပ်
(၂) သခင်ဘစိန်
(၃) သခင်ကျော်ငြိမ်း
(၄) ဦးဘဆွေ

ကရင်အဆောက်အဦးတွေကို ဖြိုခွဲရန်ဦးဆောင်သူ
(၁) သခင်သန်းထွန်း အောင်ဆန်းပေးသောတာဝန်မှာ - ဗမာပြည်ကွန်မြူနစ်ပါတီ၊ လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအဖွဲ့  အစည်းထွက်လာလျှင် ၀ါးမျိုရေး (ပြည်ပအစိုးရ)

(၂) သခင်စိုး အောင်ဆန်းပေးသောတာဝန်မှာ - ဗမာပြည်အလံနီကွန်မြူနစ်ပါတီ၊ ဗြိတိသျှအစိုးရဖွဲ့ စည်းထားသည့် ကရင်တပ်မတော်ကို ဖျက်ဆီးပစ်ရမည် (သုတ်ဿာန်)

(၃) ဗန်းမော်တင်အောင် အောင်ဆန်းပေးသောတာဝန်မှာ - ကရင်တွေ နိုင်ငံရေးနားမလည်အောင် အတိုက်အခံလုပ် (ပမညတ) (ပြည်ထောင်စုမြန်မာနိုင်ငံညီညွတ်ရေးတပ်ပေါင်းစု)

(၃) သခင်နု အောင်ဆန်းပေးသောတာဝန်မှာ - ပြည်မအုပ်ချုပ်ရေး၊ လူမျိုးကြီးလူမျိုးငယ် ၀ါးမျိုရေးစနစ်၊ ကရင်အိုးအိမ် သေကြေဖျက်ဆီးရေး။
ဗမာခေါင်းဆောင်အကြီးအကဲ (၃) ဦး
(၁) အောင်ဆန်း
(၂) ဦးကျော်ငြိမ်း
(၃) သခင်နု

အောင်ဆန်းနှင့် ဦးနုတို့ အမြင် - ကျွန်တော်တို့ ခေတ်ကျရင် ကရင်တွေ လုံးဝမရှိစေရ၊ ကျွန်တော်တို့ ခေတ်မှာ ကရင်တွေ ရှိလို့ ရှိရင် နောက်နောင်လမည့် ဗမာသားသမီးရာတနာကောင်းလေးတွေဟာ ဘ၀တိုင်းဘ၀တိုင်းမှာ ကရင်တွေနဲ့ ဆက်တိုက်ရမှာဘဲ၊ အဲဒါကြောင့် မင်းတို့ (ဗမာတွေ) နားလည်ရမှာက ဒီပြည်မှာ ကရင်မရှိစေရ။
တဆက်တည်းမှာ ဦးကျော်ငြိမ်းက ကျူပင်ခုတ်ကျူငုတ်မကျန်၊ ကရင်မှန်လျှင် အဆိပ်သားကောင်မချန် လုပ်ငန်းအစီအစဉ်ကို ချမှတ်လုပ်ဆောင်ရန်။
မိတ်ဆွေတယောက် ရေးပို့လိုက်တဲ့ e-mail ကို တလုံးတပါဒမှ မပြောင်းလွဲပဲ ၏ သည် မရွေ့ ဖေါ်ပြပေးလိုက်ပါ တယ်။
BBC Burmese Service က ၀ါရင့်ပုဂ္ဂိုလ်တဦးပြောသွားခဲ့တာလေးကျုပ်ရေးပြပါရစေ။ သမိုင်းကြောင်းတရပ်ကို လေ့လာဆွေးနွေးတဲ့အခါ ကိုလိုတဲ့အပိုင်းတခုတည်းကိုပဲ ကွက်ပြီးဆွေးနွေး အဖြေရှာကြမယ်ဆိုရင် မှန်ကန်ပြည့်စုံနိုင်မှာမဟုတ်ပါဘူး တဲ့။
ဒါကြောင့်တွဲလေ့လာနိုင်အောင် လွန်ခဲ့တဲ့တခေတ်တခါတုန်းက အင်တန် ရေပန်းစားခဲ့တဲ့ တေးသီချင်းလေးတပုဒ်ကို ဖေါ်ပြပေးလိုက်ပါတယ်။
ဒီတေးသီချင်းကို ဇာဂနာ Blog ကနေ ကူးယူတာဖြစ်ပါတယ်။
ကေအင်ဒီအို စောဘအေး ရေးခဲ့တာပါတဲ့၊ ဖတ်ကြည့်ပါခင်ဗျာ။

ပြည်ထောင်စုရယ် မောင်ရင်နုရယ် ဆိုရှယ်လစ်ရယ် ဒင်းတို့ရဲ့ကျင့်ကြံပုံတွေ ယုတ်မာလွန်း လှတယ်
တာရှည်ဝါးရင် ကြာရှည်ခါးမယ်အရေခြုံများရယ် ဒင်းတို့နဲ့တစ်နယ်စီ တစ်ပြေစီဝေးဖို့ကွယ်
မွန်ကရင်တို့ ပအိုဝ်ပြည်နယ် ကော်သူးလေးမှာ သီးခြားတည်တော့မယ်။ ခေါင်းဆောင်အောင်ဆန်းတို့နဲ့တင်ထွတ်တို့ပါ သေကံကြုံရှာတယ်။
ကိုယ့်ဗမာကိုယ်ချင်းသတ်ကာ မင်းအာဏာ လုတဲ့ပါတီရယ် အော် ဖား ဖား ချင်း
ငါး ငါးချင်း မြိုစားတဲ့ကိန်း ဆိုက်ပေါ့ကွယ်
လူထုကိုလှည့်ဖျားကာ ချေးငွေ ဥစ္စာ ကိုယ်ကျိုးစီးပွားရှာကာ သန်းသန်း ကုဋေကျော်တယ်
ပုဒ်မ(၅)နဲ့ အမျိုးမျိုးဖိနှိပ်ချုပ်ချယ် ပါတီ ရန်ဖက်တွေက အသက်အန္တရယ် ချက်ချင်းတွေ့ပါတယ်
အော် အနီရောင် လွှမ်းတဲ့လက်ဝဲအစိုးရရယ် ကရင် မွန် ပအိုဝ်မျိုးတွေကိုကွယ် ကျူငုတ်မကျန်အောင် သတ်ချင်လွန်းလို့ရယ် ယုတ်မာပါပေတယ် စောဘဦးမှ ရွေးလို့သတ်လိုက်တယ်။ သေသူဇာနည်တွေကိုလေးစားပါလို့ရယ် သတ္တိဇွဲနဲ့နိုင်အောင်ခံမယ် နေရောင်မပေါ်မီဝယ်
အမိုက်မှောင် ဒုက္ခတွေ့တယ် သတ္တိဇွဲနဲ့နိုင်အောင်ခံမယ် စောဘဦးရဲ့လေးချက်မူဝယ်
တို့လက်နက်ကို အသက်ပေးလို့ရယ် တို့လက်နက်ကိုလိုချင်ရင်ကွယ်
ဟေ့ အသက်နဲ့လဲမယ်
ဟေ့ ကမ္ဘာက ထင်ရှားသိအောင် ထူထောင်ကာ ကော်သူးလေး ပြည်နယ်
တို့လူမျိုးတွေ ရှေးရိုးအစဉ်အလာ ကိုယ့်ဝါဒ ကိုယ်သိရအောင်
ကိုယ့်ကြမ္မာကိုယ်ဖန်တီးရတော့မယ်။
စကားချပ် မှတ်တမ်းဓါတ်ပုံများနှင့် စာရွက်အထောက်အထားများအားလုံးသည် စသန်းမြင့် (အရှေ့ပိုးကရင် စာပေနှင့်ယဉ်ကျေးမှု ဖေါ်ထုတ်မြှင့်တင်ထိန်းသိမ်းရေးကော်မီတီ) ထံမှရရှိခြင်းဖြစ်သည်။
ရွှင်လန်းချမ်းမြေ့ကြပါစေ၊
မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခဿည်တဦး)

0 comments:

Post a Comment