+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, June 22, 2009

ရသေ့ရှစ်သောင်း ဆရာကောင်း

ရသေ့ရှစ်သောင်း ဆရာကောင်း
ဟိုးတချိန်တုန်းက ကရင်ဇာတ်တွေ ခေတ်စားနေချိန်မှာ၊ ရွာတရွာကလူတချို့ ဇာတ်ထောင်ကြသတဲ့။
ဇာတ်သဘင်အကြောင်း ဘာတခုမှနားမလည်တဲ့သူတို့ဇာတ်အဖွဲ့ကို ဘယ်သူမှမငှားကြဘူးတဲ့။
ကုန်ကုန်ပြောရရင် သူတို့ရွာက အလှူတောင်မှ သူတို့ဇာတ်ကိုမငှားပဲ တခြားနယ်ကဇာတ်ကို သာ ငှားသတဲ့။
အတိုချုပ်ပြောရရင် အဲဒီဇာတ်အဖွဲ့ဟာ နံမည်သာရှိပြီး၊ ဘာတခုမှ လှုပ်ရှားမှုမရှိတဲ့နောက် ဇာတ်အဖွဲ့ပျက်လုပျက်ခင်ဖြစ်နေတဲ့ အချိန်လေးမှာပဲ အခြားနယ်တနယ်က အလှူပွဲအတွက် သူတို့ဇာတ်ကိုလာငှားပါလေရော။
နဂိုလ်ကတည်းက ဇာတ်သဘင်အကြောင်းနားမလည်တဲ့အပြင် ပျက်ခါနီးနေတဲ့ဇာတ်အဖွဲ့ဟာ လူအင်အားကလည်းနည်း ဇာတ်သဘင်တခုမှာရှိသင့်တဲ့ အရာတွေက မပြည့်စုံဆိုတော့ ဘာဇာတ်ကလို့ကရမှန်းမသိအောင် ဖြစ်နေသတဲ့။
အဲဒီတော့ အဖွဲ့ခေါင်းဆောင်လို့ယူဆရတဲ့လူက သူ့အစီအစဉ်နဲ့ ရသေ့ရှစ်သောင်း၊ ဆရာကောင်း ဆိုတဲ့ ဇာတ်ကို ကမယ်ဆိုပြီး ဆုံးဖြတ်ချက်ချကျေငြာလိုက်သတဲ့။
ညနေပိုင်းမှာတော့ အဲဒီနယ်က နယ်သူနယ်သားလူကြီးလူငယ်အားလုံး ဇာတ်ပွဲကြည့်ဘို့သူ့ ထက်ငါ အလုအယက် ဖျာတွေခင်းပြီးနေရာယူကြတာပေါ့။
အဲဒီဇာတ်ဟာ ညဦးယံကတည်းက ကလာကာဖွင့်လိုက် ရသေ့တပါးကိုပြလိုက်၊ ကလကာပြန်ချလိုက်၊ နောက်တခါ ကလကာဖွင့်လိုက် ရသေ့တပါးကိုပြလိုက်၊ ကလကာပြန်ချလိုက်နဲ့ လုပ်နေလိုက်တာ သန်းကောင်ကျော်တဲ့အထိ ရသေ့ချည်းသက်သက်ပြနေရောတဲ့ဗျို့။
ပွဲကြည့်တဲ့လူအုပ်ထဲက အသက်ခပ်ကြီးကြီးလူတယောက်က
မနေနိုင်တော့တာနဲ့ ဘယ်လိုလဲ ကွ မင်းတို့ဟာက ရသေ့ချည်းပဲပြနေတော့မှာလား ဆိုပြီးဘုတောတော့ ဇာတ်အဖွဲ့ခေါင်းဆောင် လေအေးအေးလေးနဲ့ပြောလိုက်ပုံက ဆန္ဒမစောပါနဲ့ဗျာ အခုအချိန်အထိရသေ့တထောင် တောင် မပြည့်သေးပါဘူး၊ ရသေ့ရှစ်သောင်းနဲ့တယောက် ပြည့်တဲ့အထိ ဆက်လက်ကြည့်ရှု အားပေးကြပါ ခင်ဗျား တဲ့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment