+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, June 9, 2009

ဖါးဒေ့နှင့်ဖါ့ယား တို့၏ စကားဝိုင်း

ဖါးဒေ့နှင့်ဖါ့ယား တို့၏ စကားဝိုင်း





ထိုင်းမြန်မာနယ်စပ် ဆေးခန်းတခုတွင်ဖြစ်သည်။
ဖါးဒေ့ ဟေ့ မင်းကိုငါတွေ့ဘူးသလိုလိုပဲ၊ မင်းဖါ့ယားမဟုတ်လား။
ဖါ့ယား တူပါတယ်လို့ ကြည့်နေတာ မင်း ဖါးဒေ့မဟုတ်လား။
ဖါးဒေ့ ဟုတ်တယ် ငါ ဖါးဒေ့ပါ၊ မင်းနဲ့ငါ ရွှေကုက္ကိုလ်မှာလုပ်တဲ့ ပထမဆုံး ချည်ဖြူဖွဲ့ပွဲကတည်းက မတွေ့ဖြစ်ခဲ့တာ၊ အခု မင်းဘာလုပ်နေသလဲ၊ ဘယ်မှာနေသလဲ၊
ဖါ့ယား ငါအခု ရွာကနေပြေးလာပြီး၊ သဲစက်မှာ ကလေးတွေကိုစာသင်ပေးနေတာ၊ ငှက်ဖျား လို့ပြောတာနဲ့ ဆေးရုံကိုရောက်လာတာပဲ။ မင်းအခြေနေကကောဘယ်လိုလဲ။
ဖါးဒေ့- အခြေအနေကကောင်းတယ်လို့ဘဲပြောရမှာပေါ့ကွာ၊နို့မို့ဆိုရင်မင်းနဲ့တောင် ဆုံဖြစ်မယ် မထင်တော့ဘူး ဆေးထိုးအပ်ရာတွေလဲငါ့တင်ပါးတစ်ခုလုံး ပျားသလက်ထက်ဆိုးနေပြီးကွ။
ဖါ့ယား-ဟါးဟါးဟါး နပ်စ် မတွေလက်သံပြောင်လှချည်လါး ဒါနဲ့  မင်းကရောဒီမှာဘာလာလုပ် တာလဲ မင်းကိုကြည့်ရတာကျန်းမာနေတဲ့ပုံဘဲ။
ဖါးဒေ့-ဟုတ်တယ် ငါဘာမှမဖြစ်ပါဘူး ငါနဲ့အတူပြေးလာတဲ့သူငယ်ချင်း ဒီမှာဆေးရုံတင်ထား တာလေ သူ့ကိုလာကြည့်ရင်းစားစရာလေးနဲနဲယူလာပေးတာ။
ဖါ့ယား - ဒါနဲ့ စကားမစပ်မင်းဒို့ အတူပြေးလာတယ်ဆိုတော့ မင်းတို့ကဘာအမှုတွေ ကျူးလွန် လာကြလို့လဲ။
ဖါးဒေ့- ဘယ်ကလာအမှုတွေကျူးလွန်ရမှာလဲကွာ ကိုယ့်ဟာကိုယ်အေးအေးလူလူ လယ်လုပ် နေရင်း အမှုကကိုယ့်စီသူ့ဟာသူလာတက်နေတာ။
ဖ့ါယား- ဒါဆိုမင်းတို့က ကောင်စီခေတ်တုန်းကလူတွေလို စပါးဒိုင်ဖိုးမကြေလို့လား။
ဖါးဒေ့- ဘယ်ကလာဟုတ်ရမှာလဲကွာ၊ စပါးဒိုင်သွင်းရမယ့်ကိစ္စလောက်ဘဲဆိုရင် ကိုယ့်ရွာက ဥက္ကဌကိုအရက်နှစ်ပုလင်းလောက် လဒ်ပေးပြီးဧကလျှော့ခိုင်းလိုက်ယုံဘဲ။
ဖါ့ယား- ဒါဆိုဘာဖြစ်လို့ လဲလင်းစမ်းပါဦး။
ဖါးဒေ့-အဖြစ်ကဒီလိုဟေ့ လွန်ခဲ့တဲ့ရက်ပိုင်းလောက်တုန်းကငါတို့ရွာမှာ နယ်ခြားစောင့်စစ်သား တိုးချဲ့ဘို့ထင်ပါရဲ့  ဒီကေဘီအေခေါင်းဆောင်တွေရောက်လာကြပြီး တပ်သားသစ်လာကောက် တာ ငါတို့ ရွာကလူငယ်လူရွယ်တွေဘယ်သူမှမလုပ်ချင်ကြတာနဲ့  ငှားပေးရမယ်ဆိုပြီး ငွေအ မြောက်အများတောင်းတော့ရွာက မပေးနိုင်တာနဲ့  အတင်းလာဖမ်းမယ်ဆိုတဲ့သတင်းကြားလို့ ငါတို့လဲတစ်ချိုးတည်းလစ်လာခဲ့ရတာ။
ဖါ့ယား အေးကွာ ငါတို့ကရင်တွေကလည်း ဍေဟ်တ်ုကိုဝ်ဍေဟ် အင်းထါင် ယးတ်ုကိုဝ်ယး အင်း ထါင် လုပ်နေတာနဲ့ပဲ၊ ရှေ့ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ငါတော့မတွေးရဲလောက်အောင် ဖြစ်နေပြီ။
ဖါးဒေ့- မတွေးရဲလည်းတွေးရမှာပဲ၊ အခုတိုက်ပွဲတွေက အကြီးအကျယ်ဆိုပဲ၊ မင်း ဘယ်လိုမြင် သလဲ၊ ဗမာစစ်အစိုးရကတော့ ယာလည်းညက်စေ၊ကြက်လည်းပမ်းစေ ဆိုတဲ့ စကားပုံအတိုင်း လုပ်နေတာကွ။ ကြက်ဘ၀ရောက်နေတဲ့ကရင်ကတော့ အချင်းချင်း ခွပ်လို့ကောင်းတုန်းပဲ။
ဖါ့ယား- DKBAနဲ့နအဖတွေပေါင်းပြီးKNUကိုအပြုတ်တိုက်မယ်လို့ကြုံးဝါးနေကြတယ်
တကယ်ဘဲသူတို့ထင်သလိုဖြစ်လာနိုင်ပါ့မလား အခြေအနေကိုနည်းနည်းလေးသုံးသပ်ပြပါဦး။
ဖါးဒေ့- ကျုပ်ဥာဏ်မှီသလောက်ပြောရရင်တော့ မပြုတ်နိုင်ဘူးလို့ရဲရဲကြီးပြောရဲတယ်ဘာဖြစ် လို့လဲဆိုတော့ နအဖဘဲဖြစ်ဖြစ် ဒီကေဘီအေဘဲဖြစ်ဖြစ်သူတို့တတွေအားလုံးဟာကရင်ပြည်သူ တွေကို အခုလိုအနိုင်ကျင့်ဖိနှိပ်မှုတွေပြုလုပ်နေသေးသမျှ KNU ဘက်က တစ်ဗိုလ်ကျတစ်ဗိုလ် တက်စနစ်နဲ့တိုက်ပွဲဝင်နေဦးမှာဘဲ၊လောလောဆယ် KNUကစစ်ရေးအရကြီးကြီးမားမားတုန့်ပြန် မှုတွေမလုပ်နိုင်သေးပေမယ့် နိုင်ငံရေးအရအားသာမှုတွေရှိနေတဲ့အတွက် ကရင်အမျိုးသားအ ချင်းချင်းပြန်သတ်ခိုင်းတဲ့ကိစ္စကို ကြာလာရင်DKBAအတွင်းပိုင်းမှာတင် လက်သင့်မခံနိုင်တဲ့ အထက်အောက်မကြေနပ်မှုကြောင့် ရှုပ်ထွေးမှုတွေသေခြာပေါက် ပေါ်လာပါလိမ့်မယ်။ ဒီကိစ္စဟာ ကမ္ဘာ့ပြည်သူတစ်ရပ်လုံးက ကျေနပ်နိုင်တာမဟုတ်တော့ပြည်သူ့ချဉ်ဖတ်ဖြစ်ပြီး နအဖလိုဘဲကရင်ပြည်သူတွေအပြင် မြန်မာပြည်ကတိုင်းရင်းသားအားလုံးနဲ့တကမ္ဘာလုံးက ၀ိုင်းဝန်းဒါဏ်ခတ်တာကိုခံရမှာအသေအခြာပဲ၊ နအဖကဘာဖြစ်လို့KNUကိုအလောတကြီးအ ပြုတ်တိုက်ချင်နေရတာလဲ။
ဖါ့ယား
ကျုပ်အမြင်ကတော့၊ရှင်းနေတာပဲ ကရင်တွေကို ပြတိုက်ထဲထည့်ပစ်မယ်ဆိုတာ၊ အဲဒါ ကို အကောင်အထည်ဖေါ်နေတာဟေ့၊ ဖါးဒေ့ပြောသလို DKBA ထဲမှာအထက်အောက်မကြေ နပ်မှုဖြစ်ရုံတင်မက ကိုယ့်လူမျိုးအတွက် ဘာမှလုပ်လို့မရတော့ပါလားဆိုတဲ့အမြင်တွေမြင်လို့ ပဲဖြစ်ဖြစ်၊၂၀၁၀ ရွေးကောက် ပွဲအပြီးမှာ နအဖ ကတော့သူ့အစီစဉ်အတိုင်းDKBA ကိုလည်ပင်း ညှစ်မှာတော့ အသေအခြာပဲ၊ အဲဒီလိုဖြစ်လာရင် DKBA ထိပ်ပိုင်းခေါင်းဆောင်အချို့က သူတို့ စည်းစိမ်ဥစ္စာအတွက်လည်ပင်းအညှစ်ခံနိုင်ပေမယ့် အရာရှိငယ်အချို့နဲ့တပ်သားတွေကတော့ ထိပ်ပိုင်းခေါင်းဆောင်တွေကို အစာမကြေတဲ့နောက် စောစောတုန်းက အဖုအထစ်လေးတွေ ဟာ ကြီးမားတဲ့အစိုင်အခဲဖြစ်လာပြီး တော်လှန်ရေးလုပ်မယ်ဆိုရင် အခုလိုအလွယ်တကူ ပြန်ဝင်လာလို့ မရအောင်၊ စကားအကုန်ပြောရရင်တော့ တော်လှန်ရေး ပြန်မလုပ်နိုင်အောင် ရည်ရွယ်တာဖြစ်သလို၊ နောက်တခုက ဗမာနိုင်ငံနဲ့ထိုင်းနိုင်ငံစစ်ဖြစ်ရင် အမေရိကန်ကထိုင်း ဘက်ကနေ၀င်တိုက်မှာဆိုတော့ DKBA တွေကို နယ်ခြားစောင့်တပ်ပဲကွာ ဘာညာဆိုပြီး ငြိမ်းချမ်းရေးအရသာကို အရင်ဆုံးမြည်းခိုင်းမှာပေါ့ဗျာ။
ပျဉ်းမနားက သူတို့တပ်မတော်ဆိုလား နိုင်ငံတော်ဆိုလား အဲဒီလူတွေ လွတ်ရာကျွတ်ရာပြေး နိုင်ဘို့အတွက် သစ္စာရှိကရင်အဖြစ် သောင်ရင်းချောင်းတလျှောက်၊ဒေါနတောင်တန်းတ လျှောက် ခွေးသေ၀က်သေ သေပြကြပါလိမ့်မယ်။ အော် ဟေ့ဟိုမှာ ဆရာမမိချို မင်းကိုလှမ်း ခေါ်နေပြီ သွားတော့၊ ငါလည်းဆေးသောက်ပြီး ခဏလောက်မှိန်းလိုက်ဦးမယ်။



ဖါ့ယား (ငါး)
ဖါးဒေ့ (ဖါး)


0 comments:

Post a Comment