+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, June 10, 2009

Australia တွင်ပြုလုပ်မည့် ဒုက္ခသည်များနေ့အား ကြိုဆိုခြင်း

Australia တွင်ပြုလုပ်မည့် ဒုက္ခသည်များနေ့အား ကြိုဆိုခြင်း


ညဘက်တွင် ပုန်းအောင်းပြေးအိပ်နေကြရရှာသော ဒုက္ခသည်စခန်းတွင်းရှိ ဒုက္ခသည်များ
Australia က ကရင်အမျိုးကောင်းသား အမျိုးကောင်းသမီး အပေါင်းတို့ခင်ဗျား ကိုယ့်ကိုယ်ကို ကရင်လို့သတ်မှတ်ထားရင် ဒုက္ခရောက် နေသူတွေရဲ့ မျက်နှာကိုထောက်ထားစာနာကြပါ။ ခင်ဗျားတို့က အကောင်းစားတွေစား၊ ခေတ်မှီ ဇိမ်ခံပစ္စည်းတွေနဲ့ ဇိမ်ယူနေတာအေးအေးဆေးဆေးနေကြပါ၊ အသက်လုပြေးနေကြရတဲ့ ဒုက္ခသည်တွေကို ကိုယ်ချင်းမစာချင်ရင်လည်းနေပါ၊ ဆိုးဝါးခါးသီးလှတဲ့ ဒုက္ခသည်ဓါတ်ပုံတွေကို အိစက်နေ တဲ့ကုလားထိုင်ပေါ်ကနေ စားသောက်စရာတွေ စားသောက်ရင်း ထိုင်ကြည့်ရတာအားမရသေးလို့ ဒုက္ခရောက်နေကြတဲ့သူတွေအပေါ် ဒုံး အကနဲ့ အောင်သေအောင်သား စားတာမျိုးကိုတော့ လုံးဝမလုပ်သင့်ပါဘူး။

ဗမာနယ်စပ်နှင့်ထိုင်းနယ်စပ်တွင် ပထမဦးဆုံးပြုလုပ်ခဲ့သည့် ဒုက္ခသည်များအတွက် ဆုတောင်းပွဲအခန်အနား



Australia က ကရင့်ယဉ်ကျေးမှု မောင်မယ်အပေါင်းတို့ခင်ဗျား ဒုက္ခသည်ဘ၀ဆိုတာ အင်မ တန်ကိုဆိုးဝါးတဲ့ ဘ၀ဖြစ်ပါတယ်။ သင်တို့ရဲ့အက ကိုအားပေးကြည့်ရှုတဲ့လူတွေဟာ သင်တို့ရဲ့ ရိုးရာယဉ်ကျေးမှုကို ယဉ်ကျေးမှုလို့နားမလည်ပဲ ဖျော်ဖြေရေးလို့သတ်မှတ်ထားကြတဲ့အတွက် သူတို့ရဲ့လက်ခုပ်သံတွေဟာ နယ်စပ်မှာပြေးလွှားရင်း သေနတ်ဒါဏ်ယာနဲ့ ငိုညည်းနေတဲ့ ဒုက္ခ သည်တယောက်ရဲ့ ငိုညည်းသံထက်သာယာတယ်ဆိုရင်၊ သူတို့ရဲ့လက်ခုပ်သံတွေဟာ ဗမာစစ် အစိုးရက ဒုက္ခသည်တွေကိုပစ်လိုက်တဲ့ သေနတ်သံတွေထက်သာယာတယ်ဆိုရင် ကလိုက် စမ်းပါဗျာ။
ဒုက္ခသည်တွေရဲ့ကိုယ်စား ကျုပ် မျက်ရည်ကြားကနေအားပေးနေပါ့မယ်။



ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် မနီလွိုင်မြန်မာကျောင်းသားများစခန်းမှ မျိုးဆက်သစ်ကရင့် ယဉ်ကျေးမှုမောင်မယ်များ


Australia နိုင်ငံကိုရောက်နေကြတဲ့ ထိုင်းနိုင်ငံ ကန်ချနပ်ဘူရီ မနီလွိုင် မြန်မာကျောင်းသားများ စခန်းမှာ ဒုံးကခဲ့ဘူးတဲ့ သားသား မီးမီး တို့ရေ၊ မင်းတို့ကို ဒုံးအကသင်ပေးလိုက်တာဟာ ကရင့် ယဉ်ကျေးမှုကို ဖေါ်ထုတ်မြှင့်တင်ထိန်းသိမ်းဘို့ပါ၊ ရေပေါ်ဆီတွေ အပျင်းပြေရေးအတွက် ပျော် တော်ဆက်ဘို့မဟုတ်ပါ ဘူးကွယ်။ Australia မှာလုပ်မယ့် ဒုက္ခသည်များနေ့မှာ မင်းတို့ကပြရမယ်ဆိုရင် လုံးဝမကကြပါနဲ့။
လူကြီးတွေက မင်းတို့ကလို့ရတဲ့ငွေနဲ့ ဒုက္ခသည်ကိုကူညီမှာပါလို့ပြောလာရင် တခြားနေ့ရက် အခန်းအနားမျိုးမှာ ကလို့ရတဲ့ငွေနဲ့ ဒုက္ခသည်တွေကိုကူညီမယ်၊ ဒုက္ခသည်နေ့မှာတော့ မကပါရစေနဲ့လို့လူကြီးတွေ နားလည် လက်ခံနိုင်အောင် ပြန်ပြောလိုက်ကြပါကွယ်။

မှတ်တမ်းဓါတ်ပုံ စသန်းမြင့်
အရှေ့ပိုးကရင်စာပေနှင့် ယဉ်ကျေးမှုဖေါ်ထုတ်မြှင့်တင်ထိန်းသိမ်းရေးကော်မီတီ

မင်းစိုးစံ (အဝေးရောက် ကရင်ဒုက္ခသည်တဦး)



0 comments:

Post a Comment