+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, August 27, 2009

ဘာမထီတဲ့ အာဇာနည်

ဘာမထီတဲ့ အာဇာနည်

အစွန်းရောက်မဟာဝါဒီသမား
အာဏာရူးပါးကွက်သား
တော်လှန်ရေးအချောင်သမား
နိုင်ငံရေးပြောင်လိမ်ပြောင်စား
အမျိုးသားရေးကြောင်တောင်နှိုက်သမား
ရိုးရာယဉ်ကျေးမှုသိုက်တူးသမား
ဘာသာရေးခုတုံးလုပ်စားသူ
အဲဒီလိုလူတွေနဲ့အတူ။

သဘောထားချင်းမတိုက်ဆိုင်သူ
အမြင်ချင်းမတူသူ
အတိုက်အခံလုပ်သူ
တွေကို
သတ်ဖြတ်ဘို့သွေးဆူနေတဲ့
အလိုတူအလိုပါသမားတို့ရေ။

မင်းတို့ကြောင့်
အာဇာနည်တွေရဲ့သွေးတွေဟာ
မဟာပထဝီမြေကြီးကနေတဆင့်
နင့်စိမ့်ယိုစီး
ပင်လယ်ကြီးတွေစီ စီးဝင်
August 12 ရက်ရောက်ပြီဆိုရင်
ဘာမထီတဲ့အာဇာနည်သွေး
သမုဒ္ဒရာကနေ အခိုးအငွေ့ဖြစ်
တော်လှန်စစ်မုန်တိုင်းတွေဆင်
မင်းတို့အမှားတွေ မင်းတို့မပြင်သမျှ
ကောင်းကင်ကနေကြုံးဝါး
လျှပ်စစ်အက်ကြောင်းများစွာထွေးယှက်
မင်းတို့သွေးပျက်နေကြရဦးမှာပါ။
မင်းစိုးစံ
အဝေးရောက်ကရင်ဒုက္ခသည်တဦး
August 10 2009

0 comments:

Post a Comment