+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, September 25, 2009

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား?တန်ပြန်လား?

စာရေးသူ၏အမှာစာ

ဤစာစုသည် ဖဆပလ၊ ပထဆ၊ မဆလ၊ ခေတ်တွေမှာ တော်လှန်တဲ့သူရဲကောင်းစစ်သည်တော်တွေအတွင်း
သေနတ်သံတချက်၊ စစ်မြေပြင်တရက်မှ မရောက်ဘူးပဲပူးကပ်အခွင့်ထူးခံကိုယ်ကျိုးရှာပြီး ဆယ်စုနှစ်များများ ပါဝင်သူတွေရှိတယ်။
ရန်သူ့မျိုးဖြုတ်သုတ်သင်ရေးထိုးစစ်ကြီးတွေ ဆင်လာတဲ့အခါမယ်အလျှိုလျှိုငွေထုတ်ပိုက်ပြီး ရန်သူ့ခြေဖဝါးအောက် ဒူးထောက်ရောက်ခဲ့သူတွေရှိတယ်။
မျက်မှောက်နဝတခေတ်မှာ ဒီလိုသစ္စာဖေါက်လောက်ကောင်တွေ ဆက်လက်မပေါ်ပေါက်လာနိုင်ခြင်းငှါ သတိရှိရှိစစ်သားမျက်စေ့ဖြင့်
အစဉ်စောင့်ကြည့်နေဘို့ စေတနာကောင်းဖြင့်ရေးသားလိုက်ရပါတယ်။
အကယ်၍များ ဤစာစုသည် တစုံတဦး သူတစုံတယောက်ကို မရည်ရွယ်ပါပဲ လေးစားရပါသော စာရှုသူများနှင့်ဆင်တူရိုးမှားအဖြစ်မျိုးရှိခဲ့ပါမူ များစွာဝမ်းနည်းရပါကြောင်း အနန္တမေတ္တာမွန်ဖြင့်
ခွင့်ပန်အပ်ပါတယ်ခင်ဗျား။

မန်း R.ဘဇန်

ထပ်ဆင့်ကူးယူဖေါ်ပြသူ၏အမှာစာ

ကျုပ်ကို ဆရာဝန်က ဧဧဆေးဆေးအနားယူဘို့မှာထားပေမယ့် စာအုပ်တွေကို
ဟိုရှာဒီရှာလုပ်နေရင်း ဒီစာအုပ်လေးကိုတွေ့တာနဲ့ တော်လှန်သူတို့အတွက်
ဖေါ်ပြလိုက်ပါတယ်။
စာအုပ်က အကြမ်းထည်ပါ၊ အသေအခြာစိစစ်ထားတဲ့ စာအုပ်မဟုတ်
သေးပါဘူး။ ဒါပေမယ့်လည်း စာရေးသူကိုယ်တိုင်ရဲ့ လက်ရေးနဲ့ပြင်ဆင်
စိစစ်ထားတာမို့ အခန်းပေါင်း(၁၀)ခန်းပါတဲ့ ဒီစာအုပ်ကို
အချိန်ရ,ရင်ရ,သလိုဆက်လက်ဖေါ်ပြပေးသွားမှာဖြစ်ပါတယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

တော်လှန်ရေးလား? တန်ပြန်လား? အခန်း(၁)
မန်းR, ဘဇန်

သူငယ်ချင်း
တို့တတွေ
တပါတီငါ့မင်းငါ့ချင်း
စစ်အာဏာရှင်ကိုလိုနီပညာရေးဥခွံထဲက
ရုန်းထွက်ပြီး
ဒီမိုကရေစီ
လူ့အခွင့်အရေးးအပြည့်အဝရ,ရှိရေးနဲ့
ထာဝရငြိမ်းချမ်းရေးတို့အတွက်
တို့အသက်ကို
ဆက်ကပ်ပူဇော်မယ်လို့
သန္ဓိဌာန်ခိုင်ခိုင်မာမာချကာ
တော်လှန်သူတို့ရဲ့
ဘူမိနက်သန်မြေကို
ခြေချလို့ရောက်လာကြတယ်။

ဆက်လက်ဖေါ်ပြပါမည်။

0 comments:

Post a Comment