+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, September 25, 2009

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား?တန်ပြန်လား? အခန်း(၁)
မန်းR,ဘဇန်


အဲဒီတုန်းက
တို့တတွေမှာ
အရပ်လွယ်အိပ်တလုံး။
တန်ဘိုးမကြီးတဲ့
အင်္ကျီနဲ့ပုဆိုး။
ဖနောင့်ကပြတ်နေတဲ့
ခြေညှပ်ဖိနပ်။
ဟောင်းနွမ်းနေပြီဖြစ်တဲ့
စောင်တထည်။
အမေပေးလိုက်တဲ့
(၁၀၀ကျပ်)သောငွေအသပြာသာ
ပါခဲ့တယ်။

ပုဂ္ဂလိကပိုင်ဆိုင်မှုရယ်လို့
ဘာတခုမှမရှိ
ဗလာနတ္ထိ။
ဒါပေမယ့်
တို့တတွေမှာ
စွမ်းပကားကြီးမားတဲ့
မျိုးချစ်စိတ်
ပြည်ချစ်စိတ်
တော်လှန်ရေးစိတ်ဓါတ်တွေ
တင်းပြည့်ကျပ်ပြည့် ပါလာတယ်။

ဒီပိုင်ဆိုင်မှုတွေ ရင်ဝယ်ပိုက်ရင်း
တို့ချစ်တဲ့ အမေ
ညီ
ညီမ,လေးတွေကို
ခွဲခွါခဲ့ကြတယ်။

အခန်း(၂)သို့

0 comments:

Post a Comment