+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, September 27, 2009

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား? တန်ပြန်လား?
အခန်း(၃)
မန်းR,ဘဇန်

တော်လှန်တဲ့ဆယ်စုနှစ်
တခု နှစ်ခု သုံးခု လေးခုများအတွင်း
တို့သူငယ်ချင်းတချို့ဟာ
ဗျူရိုကရက်တွေ
စစ်ဝါဒီတွေ
ငါ့မင်းငါ့ချင်းတွေ
အချောင်သမားတွေ
ကိုယ်ကျိုးရှာတွေ
လူထုဆန့်ကျင်ရေးသမားတွေ
အဖြစ်နဲ့ပါဝင်ခဲ့တယ်။

တော်လှန်ရေးတရပ်ရဲ့
အလှည့်အပြောင်း
အကွေ့အလှည့်
အကြပ်အတည်း
အခက်အခဲတွေနဲ့
တွေ့ဆုံရင်ဆိုင်ရတာနဲ့
ရန်သူရဲ့ကြီးမားတဲ့
ထိုးစစ်တွေကြားမှာ
မရပ်တည်
မနေနိုင်တော့ပဲ
သစ္စာဖေါက်တွေနဲ့
အချောင်သမားတွေ
သွားရာလမ်းအတိုင်း
သက်ရှိနဲ့သက်မဲ့ရဲဘော်တွေရဲ့
နှလုံးသွေးနဲ့ရင်းပြီး
ရယူခဲ့ကြတဲ့
တော်လှန်ရေးရံပုံငွေထုပ်ကိုပိုက်
သွေးစိမ်းရှင်ရှင်နီရဲနေတဲ့
ရန်သူ့ဖနောင့်အောက်
ဒူးထောက်လို့
ဦးညွှတ်လိုက်ကြတယ်။

တော်လှန်တဲ့သစ္စာတရားတော်ကို
ချေမွဖျက်ဆီးလိုက်တယ်။

ဖေါက်ပြန်တဲ့သမိုင်းတရားခံစာရင်း
ဝင်သွားတော့တယ်။

တော်လှန်တယ်ဆိုကတည်းက
ပြည်သူအတွက်
အမျိုးသားအတွက် ဖြစ်တယ်။

ပြည်သူ့ဘဝနဲ့
ဘာတခုမှပိုလျှံဘို့မလိုဘူး။

နေ့စဉ်အာဟာရ(Daily bread)ဆိုရင်
လုံလောက်ပြီပေါ့။

တို့ပြည်သူတွေ
ဘယ်လိုစား
ဘယ်လိုနေ
ဘယ်လိုဝတ်။

တို့ရဲဘော်တွေ
ဘယ်လိုစား
ဘယ်လိုနေ
ဘယ်လိုဝတ်။

တို့ရဲဘော်တွေရဲ့
သားသမီးဇနီးတွေ
ဘယ်လိုစား
ဘယ်လိုနေ
ဘယ်လိုဝတ်
ဆိုတာကို
ကိုယ်ချင်းစာတရား ထားမှပေါ့။

အခန်း(၄)သို့ဆက်လက်ဖတ်ရှုပါရန်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment