+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, September 25, 2009

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား? တန်ပြန်လား?
အခန်း(၃)

မန်းR,ဘဇန်

သူငယ်ချင်း
တို့ရဲဘော်သူရဲကောင်း
စစ်သည်တော်အထောင်အသောင်းဟာ

အမွန်မြတ်ဆုံး
စွန့်လွှတ်ခြင်းမျိုးနဲ့
စွန့်လွှတ်လိုက်ကြပြီ။

အမွန်မြတ်ဆုံး
ပေးဆပ်ခြင်းမျိုးနဲ့
ပေးဆပ်လိုက်ကြပြီ။

တော်လှန်ရေးသမိုင်းတာဝန်တွေ
ကျေပြွန်ကြလေပြီ။

အသက်ရှင်နေသေးတဲ့
ငါတို့တတွေ
သူတို့ရဲ့
တော်လှန်တဲ့သစ္စာတရားတော်ကို
စောင့်သိရိုသေသမှုဖြင့်
လူလူချင်း သွေးစုတ်မှု
လူမျိုးချင်း ကျွန်ပြုမှု
ကင်းဝေးတဲ့
အမျိုးသားဒီမိုကရေစီ
လူ့ဘောင်သစ်ကို
အရောက်ချီတက်ကြရမယ်။

ဒီ.....အမျိုးသားဒီမိုကရေစီ
လူ့ဘောင်သစ်သို့ချီတက်ရာမယ်
တော်လှန်တဲ့အတွေး
တော်လှန်တဲ့အရေး
တော်လှန်တဲ့အစား
တော်လှန်တဲ့အသွား
တော်လှန်တဲ့
အပြုအမူအနေအထိုင်မျိုးကို
ကျင့်ကြံပြုမူကြရမယ်။


ဒီ.....တော်လှန်ရေးကျင့်ဝတ်တွေကို
ဆုပ်ကိုင်နိုင်မှသာ
တို့အမျိုးသားပြည်သူတွေနဲ့
တသားတည်းဖြစ်မယ်။

တော်လှန်သူနဲ့ပြည်သူ
ပြည်သူနဲ့တော်လှန်သူဟာ
ဘဝ,တခုတည်းဖြစ်မှ
တသားတည်းဖြစ်မှ
အရာရာကိုစွမ်းဆောင်နိုင်တဲ့
အနန္တစွမ်းအားရှင်တွေ
ဖြစ်လာမယ်။
ဘယ်ရန်သူကိုမဆို
ဖြိုခွဲနိုင်မယ်။

တော်လှန်တဲ့သစ္စာတရားနဲ့
ပတ်သက်လို့
နိုင်ငံတကာနဲ့
ဒို့အမျိုးသားခေါင်းဆောင်ကြီးတွေက
တို့တတွေကို
ဒီလိုသြဝါဒတွေပေးခဲ့တယ်။

လူထုမပါရင်
ဘယ်တော်လှန်ရေးမှ
မအောင်နိုင်ဘူး။


လူထုဆန့်ကျင်လို့
လူထုကြားနေတာနဲ့
တို့ရှုံးမှာဖြစ်တယ်။

လူထုဆန့်ကျင်ရေး
မလုပ်နဲ့.....တဲ့။

လူထုဟာ
အနန္တစွမ်းအားရှင်တွေ
ဖြစ်တယ်။

ဟိုချီမင်း
စောဘဦးကြီးနဲ့
မန်းဘဇန်တို့က
သြဝါဒပေးခဲ့ကြတယ်။

ဒီသြဝါဒတွေဟာ
တော်လှန်ရေးတရပ်ရဲ့(လူထု)
လမ်းစဉ်ဖြစ်တယ်။

နိုင်ငံရေးဆိုင်ရာ
စစ်ရေးဆိုင်ရာ
စည်းရုံးရေးဆိုင်ရာ
အခြေခံမူတွေဖြစ်တယ်။

ဖဆပလ
ပထစ
မဆလ နဲ့
နဝတ ခေတ်တွေအထိ
မြေဝယ်မကျ
လုပ်ဆောင်ကြရဲ့လား?
ဆိုတာကို
သုံးသပ်ဘို့လိုအပ်တယ်။

တို့အမျိုးသားခေါင်းဆောင်ကြီး
စောဘဦးကြီးကို
တော်လှန်ရေးစံနမူနာအဖြစ်ထားတယ်။

သူဟာ
တို့ကရင်အမျိုးသားများအတွင်း
ပညာအရှိဆုံး၊
ရာထူးအမြင့်ဆုံး
ဥစ္စာဓန, အကြွယ်ဝ,ဆုံး
ဖြစ်တယ်။

သူ့ကိုယ်ကျိုးစီးပွါးအတွက်
ဘာတခုမျှ
ပြည်သူထံမှ မယူခဲ့ဘူး။

အားလုံးစွန့်လွှတ်
ပေးလှူခဲ့တယ်။

နောက်ဆုံး
အမွန်မြတ်ဆုံးစွန့်လွှတ်ခြင်းဖြင့်
သူ့အသက်ကို
အဘ,ကရင်ပြည်အတွက်
ပေးလှူဆက်ကပ်လိုက်တယ်။

သူ့ရုပ်ကလာပ်ကို
ဦးညွှတ်အလေးပြုဘို့
တို့အဘ,ကရင်မြေပေါ်မှာ
ထားခွင့်မရ,ရှာဘူး။

ပင်လယ်ထဲ
ဖျက်ဆီးဖျောက်ဖျက်ခြင်း
ခံလိုက်ရတယ်။

ဆက်လက်ဖေါ်ပြပါမည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment