+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, September 25, 2009

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား? တန်ပြန်လား?
အခန်း(၂)
မန်းR,ဘဇန်

တို့တပ်မတော်ဟာ
အမျိုးသားပြည်သူ့ရင်သွေးတွေနဲ့
ဖွဲ့စည်းတည်ဆောက်ထားတော့
အမျိုးသားပြည်သူမရှိရင်
တို့တပ်မတော်မရှိဘူးဆိုတာ

ခိုင်မြဲစွာမှတ်သားသင်ယူခဲ့တယ်။

ပြည်သူတွေ
အမျိုးသားတွေ
စားသလိုတို့ စားတယ်
ဝတ်သလို တို့ဝတ်တယ်
နေသလို တို့နေတယ်။

တပ်မတော်ဆိုတဲ့
လက်နက်ကိုင်အဖွဲ့အစည်းဖြစ်လို့
စည်းလုံးညီညွတ်မှုကိုရှေးရှုပြီး
(ယူနီဖေါင်း)ညီတူဝတ်စုံကို
အမျိုးသားပြည်သူတွေရဲ့
ရင်ကဖြစ်တဲ့ချွေးနည်းစာနဲ့
နိုင်ငံတော်က တပ်ဆင်ပေးတယ်။

နှစ်စဉ်ထုတ်မပေးနိုင်ဘူး။

လက်နက်တပ်ဆင်မှုကတော့
မျိုးစုံပဲ။

အမျိုးသားပြည်သူတွေရဲ့
ရင်ကဖြစ်တဲ့ချွေးနည်းစာနဲ့
မှောင်ခိုသေနတ်ဈေးကွက်က
ဝယ်တယ်။

ရန်သူ့စီက
တိုက်ယူတယ်။

တို့စီမှာရှိကြတဲ့
စက်မှုအတတ်ပညာရှင်တွေက
ထုတ်လုပ်တယ်။

တို့နည်းနဲ့တို့တပ်မတော်ရဲ့
စက်ယန္တယားကို
လည်ပတ်တယ်။

လုံလောက်မှုမရှိသေးဘူး။

မဟယဗျူဟာအရ,
ရန်သူက ထိုးစစ်
တို့က,ခံစစ်
အဆင့်မှာပဲ ရှိသေးတယ်။

တို့စစ်သမိုင်းဟာ
နှစ်ပေါင်းလေးဆယ်ကျော်ခဲ့ပြီ။

ဒီနှစ်ပေါင်းလေးဆယ်ကျော်
ခုခံတော်လှန်စစ်သမိုင်းတလျှောက်
တို့ချစ်မြတ်နိုးတဲ့
ခေါင်းဆောင်တွေနဲ့
သူရဲကောင်းစစ်သည်
အထောင်အသောင်းဖြစ်တဲ့
စောဘဦးကြီး
ဗိုလ်ချုပ် စိုင်းကေ
ဗိုလ်ချုပ် မင်းမောင်
စကောမောလေး
စတဲ့......ခေါင်းဆောင်ကြီးတွေနဲ့
ဗိုလ်မှူးကြီး ဖန်းရှောင်း
ဗိုလ်မှူးကြီး မြစိန်
ဒုတိယဗိုလ်မှူးကြီး ချစ်တင်
ဒုတိယဗိုလ်မှူးကြီး သောင်းညွန့်
ဒုတိယဗိုလ်မှူးကြီး ဂါးမင်း
ဒုတိယဗိုလ်မှူးကြီး ဂျော်နီဖိုး
ဒုတိယဗိုလ်မှူးကြီး ကျော်လှိုင်(မြပုခက်)
ဗိုလ်မှူး သန်းရှိန်
ဗိုလ်မှူး မောင်ဇန်
ဗိုလ်မှူး ချစ်မောင်
ဗိုလ်မှူး တူးတူ
ဗိုလ်မှူး ကီးဒို
စတဲ့.....တပ်မှူးကြီးတွေ
ဗိုလ်ကြီး ချစ်လေးမောင်(တချက်တကောင်)
ဗိုလ်ကြီး တာပီး
ဗိုလ် ချစ်ဧ
ဗိုလ် လှအောင်ဖိုး
ဗိုလ် ဖါးပယော်
ဗိုလ် သောထူး
ဒုဗိုလ် ထိုလွီဇန်
ဒုဗိုလ် မိုးအောင်ဝင်း
ဒုဗိုလ် မုတော
ဒုဗိုလ် မောင်ထွေး
ဒုဗိုလ်ကြောင်ကြွက်
ဒုဗိုလ်သာဂေး
ဒုဗိုလ် နိုင်နိုင်


တပ်ကြပ်ကြီး တင်ထွန်း
တပ်ကြပ် ပုချို(ရော့ကီး)
တပ်ကြပ် စောကဲ
တပ်သားကျော် မိုးကျော်ဇန်
တပ်သားကျော် ဘာဂျာမွတ်(ခင်မောင်အေး)

အစ္စလာန်သူရဲကောင်း
စတဲ့....စတဲ့....စတဲ့။

အိုး.........။
မြစ်ဝ,ကျွန်းပေါ်ပခူးရိုးမ,နဲ့
အရှေ့ရိုးမ,တဝှမ်းလုံးက
သူရဲကောင်းစစ်သည်တော်
အထောင်အသောင်းဟာ
စစ်မြေပြင်မှာ ကျည်သင့်လို့
သူရဲကောင်းစစ်သည်တော်များ
ဗိမ္မာန်တော်မှာကွန်းခိုလို့
ထာဝရ,အနားယူနေကြပြီးဖြစ်တယ်။

အဲဒီဗိမ္မာန်တော်ကနေ
တို့ရဲဘော်တွေ
ပြည်သူအတွက်
တိုက်ပွဲဝင်ကြရဲ့လား?

တို့ရဲဘော်တွေ
တော်လှန်သူတွေ
ပီသ,ရဲ့လား?
တို့ရဲဘော်တွေ
ကိုယ်ကျိုးရှာ
အတ္တအချောင်သမားတွေ
ဖြစ်ကုန်ပြီလား?
ဆိုတာတွေကို
စိုက်ကြည့်နေကြတယ်။

တော်လှန်ရေးသမိုင်း
တရားခံဘယ်သူတွေဖြစ်နေကြသလဲ?
ဆိုတာကို
စောင့်ကြည့်နေကြတယ်။

အခန်း(၃)သို့ ဆက်လက်ဖတ်ရှုပါရန်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment