+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, September 25, 2009

တော်လှန်ရေးလား? တန်ပြန်လား?

တော်လှန်ရေးလား?တော်လှန်ရေးလား? တန်ပြန်လား?
အခန်း(၂)
မန်းR, ဘဇန်

ဒီမိုကရေစီနဲ့လူ့ဘောင်သစ်ကို
ချီတက်ရာမှာ
စစ်အာဏာရူး
ဘီလူးသဘက်တွေက
သေနတ်နဲ့စောင့်နေတယ်။

သူတို့စိတ်ကြိုက်ရေးဆွဲတဲ့
တရားဥပဒေ
အချုပ်
ထောင်
ပုလိပ်
စစ်သားတွေနဲ့
တို့ကိုကြိုနေတယ်။
ဟန့်တားနေတယ်။
ဒီအဟန့်အတားတွေကို
ဖယ်ရှားဘို့
မလွဲမသွေ
စစ်တပ်ကိုတည်ဆောက်ရမယ်။

စစ်တပ်ဆိုတာ
လူတန်းစားတရပ်မဟုတ်ဘူး။
အခွင့်ထူးခံ
ရေပေါ်ဆီတွေ မဟုတ်ဘူး။


အမျိုးသားပြည်သူလူထုရဲ့
အသက်အိုးအိမ်
စည်းစိမ်ကိုကာကွယ်တဲ့
အမျိုးသားပြည်သူလူထုထဲက
ပေါက်ဖွါးဆင်းသက်လာတဲ့
အမျိုးသားပြည်သူလူထုရဲ့
ချွေးနည်းစာနဲ့ထောက်ပံ့ထားတဲ့

အမျိုးသားပြည်သူလူထုရဲ့
အရှင်သခင်မဟုတ်တဲ့
အမျိုးသားပြည်သူလူထုကို
အလုပ်အကျွေးပြုတဲ့
ပြည်သူ့အစေခံ
ပြည်သူ့ကျေးကျွန်တွေသာ
ဖြစ်တယ်။

ပြည်သူသာအမိ
ပြည်သူသာအအဘ ဆိုတဲ့
သစ္စာတရားကိုဦးထိပ်ပန်ဆင်တဲ့
စစ်တပ်
တပ်မတော်ကို
ဖွဲ့စည်းကြတယ်။



ဆက်လက်ဖေါ်ပြပါဦးမည်။

0 comments:

Post a Comment