+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, October 10, 2009

တစိမ့်စိမ့်တွေးမယ်

တစိမ့်စိမ့်တွေးမယ်
ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)

စိတ်ရဲ့ငြိမ်းချမ်းမှုဟာ အပျော်အပါးတွေထက်ပိုပြီး
ကျေနပ်စရာကောင်းတယ်။

ငြိမ်းချမ်းတဲ့စိတ်ဟာ လွတ်လပ်တယ်။

ငြိမ်းချမ်းတဲ့စိတ်ဟာ အမှန်ကိုလိုလားတယ်။

ငြိမ်းချမ်းတဲ့စိတ်ဟာ တန်ဘိုးအရှိဆုံးဖြစ်တယ်။

ငြိမ်းချမ်းတဲ့စိတ်ဟာ ကျေနပ်တဲ့စိတ်ဖြစ်တယ်။

ငြိမ်းချမ်းနေတဲ့စိတ်မှာ ဂုဏ်သိက္ခာရှိတယ်။
စာနာမှုရှိတယ်။ သတ္တိတွေ အင်အားတွေပြည့်နေတယ်။


ငြိမ်းချမ်းတဲ့သူဟာ မိတ်ဆွေကောင်းဖြစ်တယ်။

ငြိမ်းချမ်းတဲ့သူဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ်။

ငြိမ်းချမ်းတဲ့သူဟာ အောင်မြင်တဲ့သူဖြစ်တယ်။

ငြိမ်းချမ်းတဲ့သူဟာ မြင့်မြတ်တဲ့သူဖြစ်တယ်။
မြင့်မြတ်တဲ့သူဟာ သဘောထားကြီးတဲ့သူဖြစ်တယ်။
သဘောထားကြီးတဲ့သူဟာ ခွင့်လွှတ်တတ်တဲ့သူဖြစ်တယ်။

ငြိမ်းချမ်းတဲ့သူဟာ ကိုယ့်ကိုယ်ကိုလေးစားတဲ့သူဖြစ်တယ်။
ကိုယ့်ကိုယ်ကိုလေးစားတဲ့သူဟာ သူတပါးကိုလည်းလေးစားတဲ့သူဖြစ်တယ်။


ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)
တစိမ့်စိမ့်တွေးမယ်
၁၉၉၉ ခုနှစ်၊ ဒီဇင်္ဘာလ

0 comments:

Post a Comment