+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, October 9, 2009

တစိမ့်စိမ့်တွေးမယ်

တစိမ့်စိမ့်တွေးမယ်
ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)

You will receive a body.
You may like it or hate it but it will be yours for the entire peroid this time around.

သင်ဟာ ခန္ဓာတခုကိုရ,မယ်။
အဲဒီခန္ဓာကိုယ်ကို သင်ကြိုက်ချင်လည်းကြိုက်မယ်၊ မုန်းချင်လည်းမုန်းမယ်၊
ဒါပေမယ့် ဒီဘဝအတွက်တော့ ဒီခန္ဓာကိုယ်ဟာ သင့်ခန္ဓာကိုယ်ပဲ။

You will learn lessons.
You are enrolled in a full time infomal school called life.
Each day in this school you will have the oppotunity to learn lessons.
You may like the lessons or think them irrelevant or stupid.

ရောက်သွားတဲ့ဘဝမှာ သင်ဟာ သင်ခဏ်းစာတွေအများကြီး ဆည်းပူးရ,လိမ့်မယ်။
ဘဝလို့ခေါ်တဲ့ သင်ရိုးသတ်မှတ်ချက်မရှိတဲ့ အချိန်ပြည့်ကျောင်းကြီးမှာ သင့်ကို
စာရင်းသွင်းထားပြီ။
ဒီကျောင်းမှာ နေ့စဉ်ပဲ သင့်ဘဝအတွက် သင်ခဏ်းစာတွေဆည်းပူးခွင့်ရ,လိမ့်မယ်။
ဒီသင်ခဏ်းစာတွေကို သင်သဘောကျချင်လည်းကျမယ်။
အရေးမပါဘူးလို့ ထင်ချင်လည်းထင်မယ်။
အဓိပ္ပါယ်မရှိဘူးလို့ ထင်ချင်လည်းထင်မယ်။

There are no mistckes, only lessons.
Growth is a process of trial and error, experimantation.
The failed experiments are as much a part of the precess as the
experiments that ultimately works.

အမှားမရှိပါဘူး၊ သင်ခဏ်းစာတွေချည်းပါပဲ။
လုပ်ကြည့်ရင်း မှားမှန်းသိရင်း ပြင်လိုက်ရင်းနဲ့ပဲ ဥာဏ်ပညာကြီးတဲ့လူဖြစ်လာတာပဲ။
မအောင်မြင်တဲ့စမ်းသပ်မှုဟာ အောင်မြင်တဲ့စမ်းသပ်မှုလိုပဲ အသိဥာဏ်ကြီးပွါးမှုကို
အထောက်အကူပြုပါတယ်။

ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ)
တစိမ့်စိမ့်တွေးမယ်
၁၉၉၉ ခုနှစ် ဒီဇင်္ဘာလ

0 comments:

Post a Comment