+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, November 15, 2009

မှတ်တမ်းမှတ်ရာ

ကရင်တိုင်းသိသင့်တယ်


အခုလို ခေါင်းစဉ်တပ်ပြီးရေးလိုက်တော့ လူတတ်ကြီးလို့ပြောကြမလားပဲ။ ကျုပ်လူတတ်တယောက်မဟုတ်တာတော့သေခြာတယ်။ ဘာကြောင့်လဲဆိုရင် ကျုပ်အခုရေးပြမှာတွေက ကျုပ်ကိုယ်တိုင်သိတာမဟုတ်ဘူးဗျို့။ ကျုပ်ကိုသူငယ်ချင်းတယောက်က ပြောပြထားတာ။ သူပြောတာက အခုခေတ်က,တဲ့ ဘွဲ့ရ,မှပညာတတ်လို့အသိအမှတ်ပြုတာဆိုတော့တဲ့ ဘွဲ့မရ,တဲ့လူတယောက်အနေနဲ့ ပြောတာဆိုတာမှန်သမျှကို လက်ခံတတ်တာမဟုတ်ဘူး ဆိုတော့ သိသင့်တာလေးတွေ သိသွားအောင် ခင်ဗျားစာရေးပါဆိုလို့ပြောတော့ ကျုပ်ကလည်း ကျုပ်က အတန်းပညာ မတတ်ပဲ ဘုန်းကြီးကျောင်းမှာ ကိုရင်အဖြစ်တနှစ်သာသာလောက်ပဲ နေဘူးတာဆိုတော့ ကျုပ်ရေးတဲ့ အရေးအသားကိုကေါ ခုခေတ်လူငယ်တွေက ဖတ်မှဖတ်ပါ့မလားဆိုပြီး မေးတော့ သူက အဲဒါကတော့ ကံတရားပေါ့ဗျာတဲ့၊ သိသင့်သိထိုက်တာလေးတွေ ဘွဲ့ရ မှပြောမယ်ဆိုရင် ကျုပ်တို့မျိုးဆက်သစ်ကရင်လူငယ်တွေ
ကရင်ဖြစ်ရတာ သူတို့ကိုယ်သူတို့ ဂုဏ်ယူရကောင်းမှန်းမသိမှာစိုးလို့ပါ ဆိုပြီး ကျုပ်ကိုရေးခိုင်းတာနဲ့ ကျုပ်ရေးလိုက်ရတာပါ။ အခုရေးသားတင်ပြချက်တွေဟာ ကရင်နဲ့ဗမာကြားစိတ်ဝမ်းကွဲ အောင်ဆိုတဲ့ စေတနာနဲ့ရေးသားခြင်းမဟုတ်ပါဘူး။ စစ်အာဏာရှင်တွေအဆက်ဆက် သမိုင်းဖြစ်ရပ်မှန်နဲ့ပတ်သက်လို့ ဘယ်လိုဖျောက်ဖျက်တယ်ဆိုတာကို သိလာတာနဲ့အမျှ နောက်နောင် ဘယ်လိုကာကွယ်ကြမလဲဆိုတာ စဉ်းစားနိုင်အောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးလိုက်ခြင်းဖြစ်ပါတယ်။
အဲဒီတော့ဗျာ ဘိုးခဲဝါမြို့ကနေစ,လိုက်ကြရအောင်

ဘိုးခဲဝါဆိုတာ ကရင်လူမျိုးဖြစ်ပါတယ်။ သူ့ကိုပိုးကရင်လို ဖူခိုင်းဘွါးလို့ခေါ်ပါတယ်။ ဖူးခိုင်းဘွါးတည်ထောင်ခဲ့တဲ့အတွက် ဖူခိုင်းဘွါးလို့ခေါ်ရာကနေ ဘိုးခဲဝါဆိုတာဖြစ်လာတော့ ဗမာတွေပဲတည်ထားသလိုလိုပေါ့ဗျာ။ ပိုးကရင်လို ခိုင်းဆိုတာက ဗမာလို ဒရယ် ဘွါးဆိုတာက
အဖြူရောင်။ တခါပန်းတနော်ဆိုတာကိုသွားကြစို့။ ပိုးကရင်လို ပိုင်းတနောင်လို့ခေါ်တယ်ဗျ။
ပိုးကရင်လို တနောင်ဆိုတာက ဗမာလိုခြင်ထောင်။ အရင်တုန်းက ခြင်တွေများသလား
မများဘူးလားဆိုတာ ညဘက်နွားတွေအိပ်တဲ့ နွားတင်းကုပ် မှာခြင်ထောင်ထောင်ပေးရတယ်။
အဲဒီတော့ဗျာ ပန်းတနော်ဆိုတော့။ နောက်တခုဆက်သွားကြမယ်။ အခုဗမာလိုရွှေဒါးကုန်းလို့
ခေါ်တဲ့နေရာဟာ တချိန်တုန်းက စောဖေသာကုန်းလို့ခေါ်တယ်တဲ့။ စောဖေသာဆိုတာက ကျုပ်တို့ ကရင့်အမျိုးသားခေါင်းဆောင်စောဘဦးကြီးနဲ့ညီအစ်ကိုဝမ်းကွဲတော်တယ်။
စောဘဦးကြီးလိုပဲ အင်္ဂလိပ်အမျိုးသမီးနဲ့ အိမ်ထောင်ကျတယ်။
၁၉၄၂ခုနှစ် ကရင်ဗမာအဓိကရုဏ်း ဖြစ်တော့ သူတို့မိသားစုအားလုံးတယောက်မကျန်ကို
ဗမာတွေ က ရေတွင်းထဲပစ်ချလိုက်တယ်တဲ့။ ကရင်နဲ့ဗမာအဓိကရုဏ်းဖြစ်ရတာက အချို့သော ဗမာတွေအပြောအရကတော့ အမြင်ကျဉ်းတဲ့ ဗမာသခင်အချို့ကြောင့်လို့ပြောသလို
အခြားအမြင်ကတော့ ကရင်တွေဟာ အင်္ဂလိပ်နဲ့လက်တွဲတဲ့အတွက် ဗမာ့ထီးနန်းတွေ
ဆုံးရှုံးရတယ်။ ဗမာဘုရင်ပါတော်မူရတယ်။ အဲဒီတော့ ကရင်တွေကိုဘာညာပေါ့ဗျာ။ နောက်တခုပြောပြသေးတယ် အခုခေါ်နေတဲ့ရေတွင်းရေကန်ဆိုတာ တချိန်တုန်းက
မန်းစောပုကုန်းတဲ့ဗျ။
အဲဒီမြေဧရိယာဟာ ၄၅ဧကကျယ်တယ်ဆိုပဲ။ အဲဒီမြေကို ဖူမန်းနက်က လှူတာတဲ့ဗျာ။
ဖူမန်းလေးပေါ်က ဆေးရုံတရုံ၊ မန်းစောပုအတွက် အိမ်တဆောင်၊ စာသင်ကျောင်းတကျောင်း၊ ဘော်ဒါဆောင်နှစ်ဆောင်ဆောက်ပေး သတဲ့။ အမျိုးသမီးဘော်ဒါဆောင်နဲ့အမျိုးသား
ဘော်ဒါဆောင်ဖြစ်ပါတယ်။
KSO စာစောင်ထဲမှာတော့ ဖူမန်းလေးပေါ်ကို ဖူလွန်းပေါ်လို့ရေးထားပါတယ်။
အခုအောင်သုခရပ်ကွက်ဆိုတာ တချိန်တုန်းကမန်းထွန်းယုံကွက်သစ်လို့ခေါ်ပါတယ်။ လာရှိုးဘက်ကိုသွားတော့တဲ့ အခုဂုတ်ထိပ်တံတားဖွင့်ပွဲမှာ ရထားစက်ခေါင်းနဲ့ ခုတ်မောင်းခိုင်းတော့ ရထားစက်ခေါင်းသင်တန်းဆင်းတွေတယောက်မှ မကူးရဲကြဘူးတဲ့။ အဲဒါကရင်အမျိုးသားဖူရှမ်းကြီးက သူကူးမယ်ဆိုပြီးလက်မှတ်ထိုးကူးပြီးတံတားဖွင့်ပေးလိုက်တယ်ဆိုပဲ။
ဆိုလိုတာကတော့ ပထမဆုံး ဂုတ်ထိပ်တံတားကို ရထားနဲ့ခုတ်မောင်း ခဲ့သူဟာ ကရင်အမျိုးသား
ဖြစ်တယ်ဆိုတာ နောင်လာနောင်သားတွေ သိစေချင်တာဖြစ် ပါတယ်။
ဖူရှမ်းကြီးရဲ့မျိုးဆက်ကတော့ သူ့သားနာမည်က မန်းပန်းဖြစ်ပြီး သူ့မြေးအမည်ကတော့ ဒေါက်တာချယ်ရီပန်းဖြစ်ပါတယ်။ ဒေါက်တာချယ်ရီပန်းဟာ ဆရာဝန်တဦးဖြစ် ပြီးသူ့ခင်ပွန်းသည်
ကတော့ ဗိုလ်ကြီးချစ်ဌေးခိုင်ဖြစ်ပါတယ်တဲ့။
ဗိုလ်ကြီးချစ်ဌေးခိုင်ဆိုတာကတော့ ဗမာ့အမျိုးသားအာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့
အတူ ကျဆုံးသွားတဲ့ ကရင့်အမျိုးသားအာဇာနည်မန်းဘခိုင်ရဲ့သားဖြစ်ပါတယ်တဲ့။
အဲလစ်ဇဘက်ဘုရင်မ နန်းတက်ဘိသိက်ခံတဲ့အချိန်တုန်းက စစ်ရေးပြအခန်းအနားမှာ
ဂုဏ်ပြုတပ်ဖွဲ့ကို အမိန့်ပေးဘို့အသံကိုရွေးတော့ မန်းဖိုးဝေဟာ အသံဩဇာကောင်းတဲ့အတွက်
အရွေးခံရပြီး စစ်ရေးပြအခန်းအနားမှာ အမိန့်ပေးခဲ့ရသတဲ့ဗျား။
အဲလစ်ဇဘက်တွေက များလွန်းတော့ လန်ဒန်မှာလုပ်တဲ့စစ်ရေးပြအခန်းအနားက ချားလ်စ် မင်းသားရဲ့
အမေ အဲလစ်ဇဘက်ဖြစ်ပါတယ်တဲ့ဗျား။
ပြောပြတဲ့လူက အင်္ဂလိပ် ခေတ်က ခြောက်တန်းကျောင်းသား၊ ပြန်ရေးပြတဲ့ကျုပ်က
ဘာအတန်းပညာမှမရှိတဲ့ ဘုန်းကြီးကျောင်းပညာမစို့မပို့လေးဆိုတော့ ဘွဲ့ရတဲ့လူငယ်တွေအတွက်
ရယ်(ရီ)စရာ ဖြစ်နေမယ်ဆိုရင်ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်။
ဒါပေမယ့်ဟုတ်တယ်မဟုတ်ဘူး မှန်တယ်မမှန်ဘူးဆိုတာကိုတော့ ပညာတတ်များပီပီ
လေ့လာပါ ဆက်လက်ပြီး ရှာဖွေကြပါလို့ ပြောရင်းနိဂုဏ်းချုပ်လိုက်ပါတယ်။
တခုတော့ရှိတာပေါ့ ခင်ဗျားတို့တတွေ နအဖခေတ်မှာ ရေးထားတဲ့သမိုင်းတခုတည်းကိုသာ
လေ့လာပြီး အတည်ပြုကြမယ်ဆိုရင်တော့။
အားလုံးကျန်းမာ၍ ချမ်းသာကြပါစေ။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

0 comments:

Post a Comment