+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, November 15, 2009

မှတ်တမ်းမှတ်ရာ

ကရင်အမျိုးသား အနုပညာရှင် ဒါရိုက်တာ ယဉ်လှ



လွန်ခဲ့တဲ့နှစ်ပတ်လောက်က ကျုပ် လေရူးသုန်သုန်ဆိုတဲ့ဝတ္ထု တပိုင်းတစ,ကို ပေဖူးလွှာမဂ္ဂဇင်း
ထဲကနေ ကူးပြီးတင်ထားလိုက်တယ်။ တချိန်တခါတုန်းက အဲဒီဇာတ်ကားကို ရိုက်ခဲ့တဲ့ဒါရိုက်တာ
ဟာ ဘယ်သူများဖြစ်မလဲဆိုပြီး လိုက်မေးလိုက်တာ အလိုလေးလေး ကရင်အမျိုးသားဖြစ်နေတယ်ဗျို့။
အဲဒီရုပ်ရှင်ကားက အတော်ကြာခဲ့ပြီဆိုတော့ သရုပ်ဆောင်တွေရဲ့ နာမည်ကိုတောင် တိတိကျကျမမှတ်မိကြတော့ဘူး။ ဒါရိုက်တာယဉ်လှရဲ့ လက်ရာပေါ့ဗျာ။ ဒါရိုက်တာ ယဉ်လှရဲ့
မွေးရပ်မြေကတော့ ကော့ကရိတ်မြို့နယ် ငါးတိုင်(ရေပူ)ရွာလို့ဆိုပါတယ်။
ကျုံဒိုးနဲ့ကေါ့ကရိတ်ကြားထဲက နွားခြံကုန်းအလွန်က ရွာလို့ပြောပါတယ်။
ကျုပ်သူ့ကိုတခါမှ မတွေ့ဘူးပေမယ့် သူတော်လှန်ရေးနယ်မြေကို ရောက်လာတော့
စစ်ကားတကားကို ပြောင်မြောက်စွာရိုက်ကူးခဲ့ပါတယ်။ ဇာတ်ကားနာမည်က ကရင့်သွေး ဆိုတဲ့တော်လှန်ရေးစစ်ကားဖြစ်ပါတယ်။ ရှောင်လိုလည်းပြောတယ်။ ဖလုံလိုလည်းပြောတယ်။ ဗမာလိုလည်းပြောတယ်။ ကရင်ပြည်နယ်ထဲကို ထိုးစစ်ဆင်လာတဲ့ မဆလစစ်တပ်နဲ့ကရင့်တော်လှန်ရေးတပ်သားတွေကြားဖြစ်တဲ့စစ်ပွဲ အကြောင်း လူ့အခွင့်အရေး
ချိုးဖေါက်ခံရတဲ့ ကရင်ပြည်သူတွေအကြောင်း ကျောရိုးခံထားတာဖြစ်တဲ့အပြင် မိခင်နဲ့ဖခင်တို့
သားအပေါ်ထားတဲ့ ရည်ရွယ်ချက်တွေမတူပုံ ချစ်သူရည်းစားနဲ့ခွဲနေရတဲ့ စစ်သားတယောက်ရဲ့
ခံစားချက် အကြမ်းအလွမ်းအသော တွေကိုထောင့်စေ့အောင် တင်ပြထားတာမို့ အဲဒီဇာတ်ကားဟာ ရုံလျှံထွက်သွားတာချည်းပဲဖြစ်ပါတယ်။ သရုပ်ဆောင်ကြတဲ့သူတွေက အတွေ့အကြုံမရှိတော့ သေနတ်နဲ့အပစ်ခံရတဲ့လူဟာ မင်အနီထည့်ထားတဲ့ပလပ်စတစ် အိပ်ကို တော်ရုံနဲ့ကွဲအောင်
မဖိနိုင်တာကလွဲရင် အားလုံးပြောစရာမရှိပါပဲ။
အားနည်းချက်တခုကတော့ အဲဒီလက်နက်ကြီးပစ်တဲ့အခါမှာ ကျည်ကိုပြောင်းပြန်ထည့် တဲ့ အခန်းတခန်းပါသွားတာတခုပါပဲ။ကျုပ်အထင်တော့ ပထမဆုံးကရင်ဗွီဒီယို ခွေကို ထုတ်လုပ်
ရိုက်ကူးခဲ့သူကတော့ ဒါရိုက်တာယဉ်လှပဲဖြစ်မယ်လို့ထင်ပါတယ်။ ၁၉၈၀ခု ဆိုတော့
ဘယ်ကရင်ဒါရိုက်တာမှ ထိထိရောက်ရောက် ရိုက်နိုင်မှာမဟုတ်သေးပါဘူး။
ဒီလိုနဲ့ကျုပ်လည်း တာဝန်တခုနဲ့ တပ်မဟာ(၆)နယ်ဘက်ရောက်သွားတော့ အလည်စခန်းမှာ
ဒါရိုက်တာယဉ်လှရဲ့ ခြံနဲ့လူမရှိတော့တဲ့အိမ်ကိုရောက်သွားပါတယ်။ သူကွယ်လွန်သွားတာ တနှစ်လောက်ပဲရှိသေးတယ်လို့ ဒေသခံလူတွေက ကျုပ်ကိုပြောပြကြပါတယ်။ သူ့ခြံလေးဟာ ယော့ကဒေါ(ယွာ.ခေါဟ်ဍံင်) ကနေ တောင်ဘက်ကိုသွားတဲ့အခါ သပြု(တ်ုပြုဂ်)နဲ့ခဲမိုင်းဘက်ကိုသွားတဲ့ကြားမှာရှိတဲ့ အတွက်အလည်စခန်းလို့ခေါ်ပါတယ်။
အုန်းပင်၊ သရက်ပင်၊သံပုရာပင်၊ မာလကာပင်၊ ပိန္နဲပင် ကင်ပွန်းပင်တွေကို သူ့အတန်းနဲ့သူ
စိုက်ထားတဲ့အတွက် အနုပညာသမားတယောက်ရဲ့ စိတ်ကူးစိတ်သန်းကို ခန့်မှန်းလို့ရနိုင်ပါတယ်။ ပြုပြင်မယ့်သူမရှိတဲ့ခြံလေး၊သခင်မဲ့နေတဲ့ခြံလေးဟာ ကြောင်ခြစ်ပင်တွေ တောချဉ်ပေါင်တွေ
ဖုံးနေပါတယ်။
သူမရှိတော့ပေမယ့် သူစိုက်ခဲ့တဲ့သံပုရာပင်က သံပုရာသီးကိုကောက်ပြီး ကျုပ် ပျားရည်နဲ့
သောက်ခဲ့ပါတယ်။ အဲဒီလိုပဲ သူဟာကျုပ်တို့ကရင့်တော်လှန်ရေးအတွက် အင်မတန်ပြောင်မြောက်တဲ့ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးတင်ပြပေးခဲ့ပါတယ်။ အဲဒီတော့ သူဟာ သူ့အမျိုးသားအပေါ်တာဝန်ကျေခဲ့တဲ့ မဟာ အနုပညာရှင်တယောက်ဖြစ်တဲ့ အတွက် ကရင်အမျိုးသားဒါရိုက်တာယဉ်လှကို ပါမွှားလေးကျုပ်က အကြိမ်ကြိမ်အခါခါ ဦးတိုက်
ဂါရဝပြုလိုက်ပါတယ်။
မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)
အထူးမေတ္တာရပ်ခံလိုတာကတော့ အကယ်၍များ ဒါရိုက်တာယဉ်လှရဲ့ အကြောင်းကို
ဒီထက်ပိုသိတဲ့ သူများရှိမယ်ဆိုရင် ဆက်လက်ဖေါ်ပြပေးစေချင်ပါတယ်။

0 comments:

Post a Comment