+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, November 25, 2009

မပေါက်ကွဲပါရစေနဲ့

မပေါက်ကွဲပါရစေနဲ့
(မင်းစိုးစံ)

သူငယ်ချင်းရယ်
ငါတို့အချင်းချင်းကြား
ဖြတ်စားနေကြတဲ့
လူတွေရဲ့အကြောင်း။

ခွဲခြားဆက်ဆံတဲ့လူတွေက
ခွဲခြားဆက်ဆံခံရတဲ့လူတွေကို
ဘဝပြောင်းခိုင်းကြတဲ့
ပုံပြောကောင်းတဲ့
လူတွေရဲ့အကြောင်း။

အရေးအကြောင်းဆို
သူတို့အကျိုးမထိခိုက်စေရေး
ငါတို့အမျိုးကို
ထိုးကျွေးပြီးရင်းထိုးကျွေးနေကြတဲ့
ဗိုက်ပူကြီးတွေအကြောင်း။

သူတို့ချမ်းသာဘို့
ငါတို့ယဉ်ကျေးမှုကိုဘန်းပြ
နိုင်ငံတကာမှာလက်ဖြန့်ကြတဲ့
အကြောင်းနဲ့။

သူတို့တတွေချမ်းသာဘို့
ငါတို့စာပေကို
တကယ်မြတ်နိုးသလိုလို
ဟန်ဆောင်ကာမူပိုလုပ်ပြကြတဲ့
အကြောင်းတွေ။

အဲဒီ…..အကြောင်းတွေ
အဲဒီ…..တရားတွေ
ငါ…….မကြားပါရစေနဲ့။

အဲဒီလိုဟာ
အဲဒါတွေကြောင့်
ငါ့ရင်ထဲမှာ
အလိုလိုနာလာရင်း
ပေါက်ကွဲအားအပြင်းထန်ဆုံး
အမြောက်ဆံ ဗုံးဆံတွေကိုပုံစု
အားလုံးအကုန်ပေါက်ကွဲစေမယ့်
ငါ့ရဲ့ခံစားချက်ဟာ
ပွတ်ယမ်းနဲ့ခွဲမရတော့လို့ပါ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment