+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, December 17, 2009

သူလိုသူ သို့မဟုတ်)သူ့လိုလူ

ဆရာအောင်ဇေ ရဲ့ကဗျာကို ဘီဘီစီ အင်္လကာပန်းခင်းအစီစဉ်ကနေ 05-June-1999 ညနေမှာတကြိမ်နဲ့
စနေည ချမ်းရှုခင်းသာကနေ တကြော့ပြန်အလင်္ကာပန်းခင်းကဏ္ဍအစီစဉ်ကနေ 03-July-1999 တကြိမ် ထပ်ပြီးထုတ်လွှင့် ခဲ့ပါတယ်။
ဆရာအောင်ဇေက ကဗျာခေါင်းစဉ်ကို သူလိုသူ လို့ပေးထားပေမယ့် တာဝန်ခံဖြစ်တဲ့ ဆရာဦးကျော်ဇံသာ
က သူ့လိုလူ ဆိုပြီး ပြင်ပေးလိုက်တဲ့အတွက် အတော်ကလေးပြည့်စုံသွားတယ်လို့ ဆရာအောင်ဇေက
ပြောပြပါတယ်။
ကဗျာခေါင်းစည်းနာမည်နဲ့ပတ်သက်လို့ ဆရာအောင်ဇေ ဆက်ပြောပြတာကတော့

ကျွန်တော့်အနေနဲ့ သူ့လိုလူ ဆိုတဲ့ခေါင်းစဉ်ကိုမသုံးတာက ဆရာကြီးနန်းညွန့်ဆွေ သုံးထားခဲ့တဲ့
ခေါင်းစဉ်ဖြစ်နေ လို့ပါ၊ ဆရာကြီးနန်းညွန့်ဆွေက ဗိုလ်ချုပ်အောင်ဆန်းကို ရည်စူးပြီးသူ့လိုလူ
ဆိုတာကို သုံးထားခဲ့လေတော့ ဆရာ့ဂုဏ်သိက္ခာကိုလေးစားတန်ဘိုးထားတာပါ။
ကျွန်တော်တို့ငယ်ငယ်တုန်းက ကဗျာစပ်နည်းတွေသင်ခဲ့ရတာမဟုတ်ဘူးလေ၊ အဲဒါ ဆရာကြီး
နန်းညွန့်ဆွေရဲ့ ကဗျာစပ်နည်း နိဿယျည်း ဆိုတဲ့စာအုပ်ကနေ ကဗျာစပ်နည်းတွေ သင်ခဲ့ရတာ
ဆိုတော့ ဆရာသုံးခဲ့တဲ့ နာမည်ကို မသုံးတာပါ။

သူလိုသူ(သို့မဟုတ်)သူ့လိုလူ
(အောင်ဇေ)


ငယ်စဉ်တောင်ကျေး ကလေးအရွယ်
လူမမယ်မှ ခင်တွယ်ဖခင်
သံယောဇဉ်ကို ခုံမင်သော်လည်း
စွန့်လွှတ်ခွဲ၍ လှိုင်းဝဲခက်ထန်
လောကဓံကို တော်လှန်စွမ်းသူ
သူ့လိုလူ။

တိုင်းပြည့်ဝန်တာ မွေးမြေခွါ၍
ကြုံလှာဒေသ မွေ့လျှော်ရ,သည့်
ဘဝရေစီး သည်ခရီးမှ
မညည်းမညူ သူ့လိုလူ။

ဘဝရေစက် ရှေးပန္နက်နှင့်
စုံမက်သည်းချာ သားရတနာကို
ရှောင်ခွါသလို စိမ်းသလိုနှင့်
မြင့်မိုရ်သခင် မွေးမိခင်တွက်
ရတက်မအေး ပူဆွေးမအား
အမျိုးသားတွက် ချိန်ခွင်ထက်မှာ
အလေးသာသည့် ကြင်နာယိုဖိတ်
မြန်မာ့စိတ်ဓါတ် ကမ္ဘာပတ်အောင်
စွမ်းဆောင်နိုင်သူ သူ့လိုလူ။

အာဏာမဖက် လက်နက်မကိုင်
ကြံ့ခိုင်နှလုံး အမုန်းဇာတ်သိမ်း
ငြိမ်းချမ်းရေးနိုဘယ်လ် ဂုဏ်ထည်တဲ့သူ
သူ့လိုလူ။

ပြည်ထောင်စုဘွား တိုင်းရင်းသားတို့
အားထားယုံကြည် လေးမြတ်သည်သို့
တိုင်းပြည်အတွက် မျှောလင့်ချက်အမှန်
ဗေဒါပြန်အံခဲ သူ့လိုလူဘယ်သူရှိမလဲ?
သူဘဲပေါ့။


အောင်ဇေ

08-September-1998

0 comments:

Post a Comment