+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, December 15, 2009

အကြိမ်၇၀မြောက် ကရင်နှစ်သစ်ကူးနေ့ ဆင်နွှဲ(VOA NEWS)


အကြိမ် ၇၀ မြောက် ကရင်နှစ်သစ်ကူးနေ့ ဆင်နွှဲ

16 December 2009
နော်ရှိုး - voaburmese.com

ဒီကနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ဟာ ကရင်တမျိုးသားလုံး ကျွဲချိုမှုတ်၊ ဖားစည်တီးပြီး ပျော်ပျော်ပါးပါး
ဆင်နွှဲကြတဲ့ ကရင်သက္ကရာဇ် ၂၇၄၉ နှစ်မြောက် သလေလ ၁ ရက်၊ ကရင်နှစ်သစ်ကူးနေ့ ကျရောက်
တဲ့နေ့ ဖြစ်ပါတယ်။ ကရင်နှစ်သစ်ကူးပွဲတော် အခမ်းအနားကို စကော၊ အရှေ့ပိုး၊ အနောက်ပိုး စတဲ့ ကရင်လူမျိုးစုတွေ အားလုံး ကိုးကွယ်တဲ့ ဘာသာမရွေး၊ နေရာဒေသမရွေး ပါဝင်ဆင်နွှဲလေ့ ရှိကြ
တာပါ။
မြန်မာနိုင်ငံမှာ ဒီနေ့ကို နိုင်ငံတော် အားလပ်ရက်အဖြစ် တရားဝင် သတ်မှတ်ထားတဲ့နေ့လည်း ဖြစ်
ပါတယ်။ ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံနဲ့ ကရင်နှစ်သစ်ကူးပွဲတော် ကျင်းပကြပုံ တစေ့တစောင်း
ကိုတော့ နော်ရှိုးက တင်ပြပေးထားပါတယ်။
ကရင်နှစ်သစ်ကူးနေ့မှာ အချင်းချင်းတွေ့ရင် မာနေအော်ကဲ ဘူဒူဘူဒါးလို့ နှုတ်ခွန်းဆက်ကြပါတယ်။
အားလုံး ဘေးရန်ကင်းပြီး ချမ်းသာကြွယ်ဝကြပါစေလို့ ဆုမွန်ကောင်းတောင်းတာ ဖြစ်ပါတယ်။
မြန်မာလ ပြာသိုလရဲ့ ပထမနေ့မှာ ကျရောက်တဲ့ ကရင်နှစ်သစ်ကူးနေ့မှာ အခမ်းအနားတွေကို မြန်မာနိုင်ငံတ၀န်းက ကရင်တိုင်းရင်းသားတွေ ကျင်းပကြပါတယ်။ နှစ်စဉ် ရန်ကုန် အင်းစိန်က
အာလိင်ငါးဆင့် ဘုန်းကြီးကျောင်းမှာဆိုရင် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ၃၊ ၄၊ ၅ ရက်
ကြာလောက် ကျင်းပပြီး လူပေါင်း ၃,၀၀၀၊ ၅,၀၀၀ လောက် ပါဝင်ဆင်နွှဲကြတာ ဖြစ်ပါတယ်။
အဲဒီနေ့မှာ ကရင်အမျိုးသားအလံ လွှင့်ထူ အလေးပြုခြင်းနဲ့အတူ ကရင်ဒုံးအကတွေ၊ ရိုးရာ
လက်ဝှေ့ပွဲတွေ၊ ချောတိုင်တက်ပြိုင်ပွဲ၊ အားကစားပွဲတွေ၊ ပွဲဈေးတန်းတွေနဲ့ ဆင်နွှဲလေ့ရှိပါ
တယ်။
ဒီကနေ့ခေတ်မှာ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို မလေးရှား၊ သြစတြေးလျ၊ ဗြိတိန်၊ နော်ဝေး၊
ကနေဒါနဲ့ အမေရိကန်နိုင်ငံတလွှားမှာ ကျင်းပလာကြပါတယ်။

ကရင်နှစ်သစ်ကူးနေ့ကို အကြီးအကျယ် ကျင်းပဖို့ စီစဉ်နေတဲ့ အမေရိကန်ပြည်ထောင်စု နီဘရာဆကာ (Nebraska) ပြည်နယ် ကရင်အဖွဲ့အစည်းရဲ့ ဥက္ကဋ္ဌဖြစ်သူ စောရော့ကီက ဒီနှစ်ကျင်းပမယ့် ကရင်နှစ်
သစ်ကူး အခမ်းအနားနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။
“ကျနော်တို့ ခန့်မှန်းထားတာ ၃,၀၀၀ အထက်လို့ ခန့်မှန်းထားတယ်။ အကောင်းဆုံးတော့ ပြင်ဆင်
ထားကြတယ်။ ကရင်အမျိုးသား ယဉ်ကျေးမှု ဖော်ထုတ်ဖို့အတွက်ဆိုပြီး ကျနော်တို့ Karen Idol 2010
ကိုလုပ်ဖို့ အားလုံး စီစဉ်ထားတယ်။ အဲဒါက ကရင်တွေမှာရှိတဲ့ သူတို့ရဲ့ ၀ါသနာ၊ သီချင်းဆိုတာတို့၊
American Idol ပုံစံမျိုး၊ ဒီဥစ္စာ ပထမဦးဆုံးအကြိမ် အနေနဲ့ State တိုင်းမှာရှိတဲ့ ကရင်တွေအားလုံး
ကို ဖိတ်ခေါ်ထားတယ်။ ပထမဆုရတဲ့သူကို ဒေါ်လာ ၁,၀၀၀ ဆုချီးမြှင့်ဖို့ စီစဉ်ထားတယ်။”

ဆက်လက်ပြီး စောရော့ကီက ကရင်နှစ်သစ်ကူးနေ့ဟာ ကရင်အမျိုးသားတွေအတွက် ဘယ်လို
အရေးပါသလဲ ဆိုတာနဲ့ ပတ်သက်ပြီး…

“ကရင်နှစ်သစ်ကူးကတော့ ကျနော့်တယောက် အတွက်ရော၊ တမျိုးသားလုံးအတွက်ရော အင်မတန်မှ အရေးကြီးတဲ့ ပွဲတပွဲဖြစ်တယ်လို့ ကျနော် ယုံကြည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကရင်ဆိုတာ ကျနော်
တို့မှာ အမျိုးသား ဘာသာစကား ရှိတယ်၊ ယဉ်ကျေးမှု ရှိတယ်၊ ထုံးတမ်းစဉ်လာ ရှိတယ်၊ ထို့နည်းတူ
ကရင်ရဲ့ အမျိုးသားအလံတော် ဆိုတာလည်း ရှိတယ်။ ဒါကြောင့် ဒီဟာတွေ မပပျောက်ဖို့အတွက်
ဒီကနေ့အထိ ကမ္ဘာမှာ ကျနော်တို့က အသိအမှတ်ပြု ခံရဖို့အတွက် ကရင်အားလုံးမှာလည်း တာဝန်ရှိ
တယ်လို့ ကျနော် ယုံကြည်တယ်။”

ကရင်နှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံမှာ နှစ်စဉ် တရားဝင် ကျင်းပလာခဲ့တာ ဒီနှစ်ဆိုရင် အကြိမ်ပေါင်း
၇၀ တိတိ ရှိပါပြီ။ သမိုင်းနောက်ကြောင်းလေး တစေ့တစောင်း ပြန်ကြည့်မယ် ဆိုရင်တော့ ၁၉၃၇ ခုနှစ် ကိုလိုနီခေတ် မြန်မာနိုင်ငံကို အိန္ဒိယနဲ့ ခွဲလိုက်တဲ့အခါတုန်းက အသက်အကြီးရင့်ဆုံး ကရင်အမျိုးသား အဖွဲ့ကြီးတခုဖြစ်တဲ့ Karen National Association (KNA) ခေါ် ကရင်အမျိုးသား အဖွဲ့ချုပ်နဲ့အတူ ဗုဒ္ဓဘာသာဝင် အများစုဖြစ်တဲ့ ကရင်လွှတ်တော်အမတ် ၁၂ ဦးက ကရင်ကို လူမျိုးတမျိုးအနေနဲ့
တရားဝင် အသိအမှတ်ပြုရေးအတွက် ဗြိတိသျှ ကိုလိုနီအစိုးရကို တောင်းဆိုခဲ့ပါတယ်။ ဗြိတိသျှ
အစိုးရက ကရင်အမျိုးသားနေ့ အစား ကရင်နှစ်သစ်ကူးနေ့ကို သတ်မှတ်ပေးဖို့ တုံ့ပြန်ပါတယ်။
ဒီလိုနဲ့ ၁၉၃၈ ခုနှစ်မှာ ကရင်နှစ်သစ်ကူးနေ့ကို နိုင်ငံတော် အားလပ်ရက်အဖြစ် ဥပဒေပြု ပြဋ္ဌာန်းပြီး
စတင် အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် တနှစ်အကြာ ၁၉၃၉ ခုနှစ်ကစလို့ ကရင်အမျိုးသား နှစ်သစ်ကူးနေ့ အခမ်းအနားကို
ပထမဆုံးအကြိမ် တရားဝင် ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ကရင်သက္ကရာဇ်ဟာ ခရစ်သက္ကရာဇ်ထက် နှစ်ပေါင်း ၇၃၉ နှစ် ကြီးပါတယ်။ အဲဒီလိုဖြစ်ရတဲ့
အကြောင်းရင်းက ကရင်လူမျိုးတွေဟာ မွန်ဂိုးလီးယားနိုင်ငံ ဂိုဘီသဲကန္တာရကနေ ဒီကနေ့ မြန်မာနိုင်ငံ
ဘက်ကို အလုံးအရင်း ရွှေ့ပြောင်းလာခဲ့ကြတာ အများဆုံးအသုတ်ဖြစ်တဲ့ ဒုတိယ ပြောင်းရွှေ့မှုကြီး
ဟာ ခရစ်သက္ကရာဇ် မတိုင်မီ နှစ်ပေါင်း ၇၃၉ ခုနှစ်ကို သတ်မှတ်တာဆိုပြီး ကရင်သမိုင်း မှတ်တမ်း
တွေထဲမှာ ဖော်ပြထားပါတယ်။

0 comments:

Post a Comment