+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, December 30, 2009

ဘဝအမြင်အာရုဏ် ထင်ရှားရှင်းလင်းကြပါစေ

ဘဝအမြင်အာရုဏ် ထင်ရှားရှင်းလင်းကြပါစေ
(မင်းစိုးစံ)

“ခင်ဗျားရဲ့ ဘယ်ဘက်မျက်လုံးကို ဒါလေးနဲ့ပိတ်ထားပြီး မေးစေ့ကိုဒီတန်းလေးပေါ်တင်ထားပါ၊ နဖူးကိုလည်း အပေါ်တန်းနဲ့ ကပ်ထားပါ၊ ပြီးရင် ညာဘက်မျက်လုံးနဲ့ အဲဒီအဝိုင်းလေးကို စိုက်ကြည့်နေပါ၊ ကြက်ခြေခတ်
နေရာကို တည့်တည့် ကြည့်ပြီး အလင်းရောင်မြင်တိုင်း ဟောဒီခလုတ်ကိုနှိပ်ပါ၊ မျက်လုံးတဘက်ကို သုံးမိ
နစ်ကြာမှာဖြစ်ပါတယ်။ သုံးမိနစ်အတွင်း မျက်လုံးညောင်းလို့ နားချင်ရင်နားနိုင်ပါတယ်၊ အဲဒါနဲ့ပတ်သက်
လို့ ဘာများမေးစရာရှိပါသလဲ”

မျက်လုံးအထူးကုဆေးခန်းတွင်းမှ ဆရာဝန်အကူ၏ ရှင်းလင်းပြောကြားချက်များဖြစ်သည်။
အမြင်အာရုဏ်ချို့တဲ့ သူတို့အနေဖြင့် မဖြစ်မနေအချိန်မှီကာကွယ်ကုသ,ရေးသည် အလွန်အရေးကြီး
လှပါ၏။

“မေးစရာဘာတခုမှ မရှိပါဘူး”
“အိုကေ ဒီက,စမ်းသပ်မှုတွေပြီးတာနဲ့ ဆရာဝန်အခန်းကိုသွားကြတာပေါ့”

မျက်လုံးတဘက်ကို ပိတ်ပြီး ကျန်တဘက်ဖြင့်အဝိုင်းလေးအတွင်းသို့ ကြည့်လိုက်ရာတွင် အစိမ်းနုရောင်နီး
ပါးရှိ သည့်ကြက်ခြေခတ်ပုံသဏ္ဍန်ကိုတွေ့လိုက်ရ၏။ တီးတိ ဟူသောအသံကြားလိုက်တိုင်း အလင်းရောင်
အစက်ကလေးပေါ်လာ၏၊ တနေရာတည်းတွင်တော့မဟုတ်၊ အရှေ့အနောက်တောင်မြောက် အရပ်ရှစ် မျက်နှာအရပ်ဆယ် မျက်နှာတို့တွင်တချက်ပြီးတချက်လင်းလက်ပေါ်ထွက်လာသဖြင့် အလင်းရောင်အ
စက်ကလေးကိုမြင်တိုင်း ခလုတ်ကို နှိပ်ရ၏။
ဆရာဝန်အခန်းသို့ရောက်သွားသောအခါ ခေတ်မှီပစ္စည်းကိရိယာများတပ်ဆင်ထားသည့် အခန်းတွင်း
သို့ရောက် သွားသည်မှာ အာကာသ,သို့ပျံသန်းမည့်လွန်းပျံယာဉ်အတွင်းရောက်သွားသကယ့်သို့ ခံစား
လိုက်ရ၏၊ လွန်းပျံ ယာဉ်ကို တခါဘူးမျှမမြင်ဘူးပါ၊ နေရာတကျရှုတ်ထွေးနေသည်ကို တင်စားလိုက်ခြင်း
ဖြစ်သည်။

“ခင်ဗျားရဲ့မျက်နှာကို မော့ထားပါ၊ မျက်စဉ်းခပ်မယ်၊ မျက်နှာကျက်ကိုမော့ကြည့်ပါ၊ ဟုတ်ပြီ”

ဆရာဝန်သည် မျက်လုံးနှစ်ဘက်စလုံးကို မျက်စဉ်းခပ်ပြီးနောက် မျက်ရည်များသုတ်ပစ်ရန် စက္ကူလှမ်းပေး
ပါ သည်။ ရှေ့တည့်တည့်တွင်ရှိသည့် စာလုံးများပေါ်နေသော မှန်ကိုကြည့်ခိုင်းပြီးမျက်လုံးကို အရာဝတ္ထု
တခုဖြင့် စမ်းသပ်နေပါ၏။
“ရှေ့တည့်တည့်ကိုကြည့်နေပါ၊မျက်လုံးကိုရွေ့လျားခြင်းမရှိစေပါနဲ့”

မျက်လုံးအတွင်းသို့ တခုခုဖြင့်ထိုးမိသည်ကိုသိလိုက်သည် သို့သော်နာကျင်ထိရှသည့်ဝေဒနာမျိုးတော့မ
ဟုတ်၊ အမြင်အာရုဏ်တွင် Computer Screen ကိုလက်ဖြင့်ထိုးလိုက်ပါက,အရည်တခုခုပြန့်သွားသည့်ပုံစံ
မျိုးမြင်ရ,ခြင်း ဖြစ်သည်။

“အိုကေ… ခင်ဗျားမျက်လုံးမှာ ရေတိမ်ဖြစ်ချင်နေတဲ့ပုံစံမျိုးဖြစ်နေတယ်၊ အဲဒီတော့ အခုပေးလိုက်တဲ့ ဆေး
ရည် ကိုညဘက်အိပ်ရာဝင်ကာနီးတိုင်း မျက်စဉ်းခပ်ပေးပါ၊ နောက်နှစ်ပါတ်ကြာရင်ပြန်လာခဲ့ပါ၊ မျက်စဉ်း ခပ်ရဲ့သားနဲ့ အခြေအနေက မကောင်းဘူးဆိုရင် စားဆေးပေးပါ့မယ်၊ ဘာများမေးစရာရှိပါသလဲ”

ဆရာဝန်သည် ဆေးမှတ်တမ်းများကိုရေးနေရင်းမှ လှမ်းမေးလိုက်သောကြောင့် စာရေးသူက,သိချင်သည်
ကိုပြန်မေးလိုက်ပါသည်။

“ဟုတ်ကဲ့ ရေတိမ်မဖြစ်အောင် မျက်လုံးကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာ သိချင်ပါတယ်”

“ခင်ဗျားမှာ အသက်အရွယ်က နည်းနည်းစကားပြောလာပြီိဆိုတော့ Multivitamin ဆေးတွေစားဘို့
လိုပါတယ်၊ နောက်တခုကတော့ မျက်လုံးကိုသိပ်ပြီးတော့ အလုပ်မပေးပါနဲ့၊ အထူးသဖြင့် Computer
Screen ရှေ့မှာအကြာကြီးထိုင်အလုပ်လုပ်တာမျိုး ရှောင်ကြဉ်နိုင်ရင် ပိုသင့်တော်ကောင်းမွန်ပါလိမ့်မယ်၊ ဘာများမေးစရာရှိပါသေးလဲ”

စာရေးသူက ဘာမှမေးမြန်းစရာမရှိကြောင်း ပြန်လည်ပြောဆိုလိုက်ပါသည်။ ဆရာဝန်က
“ကောင်းပြီလေ နောက်နှစ်ပတ်အတွင်းတွေ့နိုင်ဘို့အတွက် Appointment ယူလိုက်ပါ၊ ကောင်းသော
နေ့ဖြစ်ပါ စေ”

ဆေးခန်းအပြင်ဘက်တွင် နှင်းများသူ့ထက်ငါအလုအယက် ပြိုဆင်းနေကြ၏၊ အမြင်အာရုဏ်သည် အလွန်
အရေးကြီးသည်ဟုဆိုချင်ပါ၏၊ အမြင်အာရုဏ် ချို့တဲ့ပါက ကွဲကွဲပြားပြားထင်ထင်ရှားရှား မမြင်နိုင်သည့်အ
တွက် ဆုံးရှုံးနစ်နာမှု၊ မှားယွင်းသည့်အမှတ်သညာကြောင့်လွဲမှားသည့် အမြင်များဖြစ်ပေါ်လာနိုင်သည့်အ
တွက် မိမိကိုယ်တိုင်ကိုသာမက မိမိနှင့်ပတ်သက်သူများအပေါ်၌လည်း မကောင်းသည့် အကျိုးဆက်များ ဖြစ်ပေါ်သက်ရောက်စေမည်ဖြစ်၏။
ဤကားလူတယောက်၏ သဘာဝအမြင်အာရုဏ်သာဖြစ်ပါ၏၊ ဘဝအမြင်ချို့တဲ့မည်ဆိုပါက မည်သည့်အ
တိုင်းအတာအထိ တာသွားမည်ဆိုသည်ကို စဉ်းစားတွေးတောကြည့်လိုက်သောအခါတွင်မူ သင်ခဏ်းစာ ယူစရာများ အများအပြားရှိသည်ကို တွေ့ရမည်ဖြစ်ပါ၏။
အထူးသဖြင့် အရွယ်ရောက်ပြီးသည့် ကရင်လူငယ်မောင်မယ်များ ဘဝအမြင်ချို့တဲ့မှုကြောင့် မိမိဘဝသာမ
က,လူမှုရေး၊ အမျိုးသားရေးတို့တွင် နစ်နာဆုံးရှုံးရ,ပုံများကို အနည်းငယ်တင်ပြလိုပါသည်။

ကရင်ဒုက္ခသည်စခန်းတခုမှ ဖြစ်ရပ်မှန်တခုကို စ,တင်ရေးပြလိုပါသည်။
ကရင်အမျိုးသမီးငယ်လေးအချို့သည် မိမိဘဝအတွက် ထိုင်းနိုင်ငံတွင်ကျီးလန့်စာစားရပ်တည်နေကြရ,
သဖြင့် အားကိုးရာကိုရှာကြသည့်အခါ အနီးစပ်ဆုံးထိုင်းအမျိုးသားများကိုရွေးချယ်ကြ၏၊ အချို့မယား
ငယ်ဘဝ၊ အချို့ အပျော်မယားဘဝ၊ အချို့ကံကောင်းထောက်မ,၍ အတည်တကျကိုယ့်အိုးကိုယ့်အိမ်နှင့် ဘဝကိုထူထောင်ကြရ,သော်လည်း အခွင့်အရေးပြည့်ပြည့်ဝ,ဝ,ရ,ရှိကြသည်မဟုတ်။
ဥပမာ ထိုင်း(ပီးမိုင်)နှစ်သစ်ကူးပါက ကရင်အမျိုးသမီးသည် ထိုင်းတို့၏ဓလေ့ထုံးစံအတိုင်း လိုက်လုပ်ကြ
ရ,သော်လည်း ကရင်(ဏိင်းထင်းသင့်)နှစ်သစ်ကူးပါက ထိုင်းအမျိုးသားအနေဖြင့် တစုံတရာအသိအမှတ်
ပြုရန်မဆိုထားနှင့် ဇနီးဖြစ်သူကို ကရင့်နှစ်သစ်ကူးအခန်းအနားသို့ပင် တက်ခွင့်မပြုချေ။

ဘဝရှေ့ရေးအတွက် တတိယနိုင်ငံသို့သွားခွင့်ကြုံသောအခါတွင်မူ ခင်ပွန်းသည်က,ထိုင်းအမျိုးသားဖြစ်
နေသဖြင့် အခွင့်အရေးများဆုံရှုံးကုန်၏။ မိဘနှင့်ညီအစ်ကိုမောင်နှမ,များ တတိယနိုင်ငံသို့ထွက်သွား
သည့်အခါ မိဘမောင်ဘွားများကိုလွမ်းဆွတ်သတိရ,ခြင်းများဖြင့် ထိုင်းတွင်ကျန်ရစ်ခဲ့ရ,ရှာသည့် အဖြစ်များရှိသကယ့်သို့၊ အကြောင်းအမျိုးမျိုးကြောင့် တိတ်တဆိတ် တတိယနိုင်ငံသို့ မိဘများနှင့်အတူ လိုက်လာခဲ့သော အိမ်ထောင်သည်ကရင်အမျိုးသမီးတဦးသည် သားနှင့်သမီးနှစ်ဦးအနက် သမီးကို ဘ
ခင်ဖြစ်သူ ထိုင်းအမျိုးသားထံ၌ ထားရစ်ခဲ့၍ သားကိုတတိယနိုင်ငံသို့ ခေါ်လာခဲ့၏။
သားငယ်သမီးငယ်နှင့်ခွဲခွါနေထိုင်ရ,သောမိခင်တဦးသည်၎င်း မိခင်နှင့်ခွဲခွါနေထိုင်ရ,သောလူမမယ်
ကလေးငယ်တို့သည်၎င်း ညီမ,ငယ်နှင့်ခွဲခွါရသောအစ်ကိုဖြစ်သူသည်၎င်း မောင်ငယ်နှင့်ခွဲခွါရသည့် အစ်မ,ဖြစ်သူသည်၎င်း ထိုထိုသောပုဂ္ဂိုလ်တို့၏ စိတ်ပိုင်းဆိုင်ရာ ခံစား ချက်များမည်သို့ရှိမည်ဆိုသည်
ကို စာဖတ်သူတို့အနေဖြင့် ခံစားနားလည်လိမ့်မည်ဟုထင်ပါသည်။

ထပ်မံ၍ မနီလွိုင်မြန်မာကျောင်းသားများစခန်းအတွင်းမှ ဖြစ်ရပ်မှန်တခုကို ရေးပြလိုပါသည်။
မနီလွိုင်မြန်မာကျောင်းသားများစခန်းကို ထန်းဟင်ဒုက္ခသည်စခန်းအနီးသို့ပြောင်းရွှေ့ရန် ပြင်ဆင်စိုင်း
ပြင်းနေသောအချိန်ကာလ,ဖြစ်ပါသည်။
၈.၈.၈၈ ကျောင်းသားတဦး စာရေးသူထံသို့ရောက်လာပြီး ဤသို့ဆိုလှာပါ၏

“ခင်ဗျားတို့ကို ကူညီပါရ,စေ၊ ခင်ဗျားဝမ်းကွဲမ,လေးကို ကျုပ်နဲ့လက်ထပ်ပေးလိုက်ပါ၊ ဟန်ဆောင်လင်မယား
ပေါ့ တတိယနိုင်ငံကိုရောက်တာနဲ့ သူ့လမ်းသူသွား ကျုပ်လမ်းကျုပ်သွားပေါ့ဗျာ၊ အရေးကြီးတာက သူ့အနေ
နဲ့ ထန်းဟင်ကိုပြောင်းသွားတဲ့အထဲမှာ ပါမသွားဘို့အရေးကြီးတယ်”

“ကျုပ်က ဗမာဆိုတော့ ခင်ဗျားသဘောမတူနိုင်ဘူးဆိုတာကျုပ်သိပါတယ်၊ ကျုပ်တို့ဗမာတွေက ခင်ဗျားတို့ တိုင်းရင်း သားတွေအပေါ်မှာ နှစ်ပရိစ္ဆေဒများစွာ အနိုင်ကျင့်လာခဲ့တာဆိုတော့ ပြန်လည်ပေးဆပ်တဲ့အနေနဲ့ အခုလို လာပြောတာပါ”

တတ်လည်းတတ်နိုင်ပါ့ ကိုရွှေဗမာရယ်၊ ဒီအပြောလေးတွေနဲ့ပဲ ခင်ဗျားတို့စားလာတာ အံခွနေပြီမဟုတ်
လား၊ ရိုးသားတာကောင်းပါတယ်၊ အ,တာမကောင်းဘူးဆိုတော့ ကျုပ်ရိုးသားပါရ,စေ၊ မအ,ပါရစေနဲ့။

“ခင်ဗျားတို့ မိသားစုက တတိယနိုင်ငံကို မကြာခင်ထွက်သွားကြတော့မှာမဟုတ်လား UN မအောင်သေး
တဲ့ ခင်ဗျားတို့ရဲ့ဝမ်းကွဲမလေးကို တယောက်ယောက်နဲ့ နေရာချထားပေးခဲ့ပါ၊ ဒါမှသူ့ဘဝအတွက် လုံခြုံ စိတ်ချရ,မှာပေါ့ ခင်ဗျားက ကရင်ဆိုတော့ ဗမာတွေမဟုတ်တဲ့ အခြားကရင်တယောက်ယောက်နဲ့ လက်ထပ်ထားပေးသင့်တယ်၊ နယ်စပ်ကိုရောက်သွားရင် အခြေအနေတွေက ဘယ်လိုတွေဖြစ်လာမလဲ
ဆိုတာ ခင်ဗျားသိနိုင်မှာမဟုတ်ဘူး”

ထိုအခါစာရေးသူသည် ထိုသူကို ခပ်စိမ်းစိမ်းကြည့်လိုက်ပြီး

“ကျုပ်က ကရင်ဖြစ်လို့ ကျုပ်ရဲ့ ဝမ်းကွဲညီမ,ကို ဗမာနဲ့မယူရ,ဘူးဆိုတဲ့ စည်းမျဉ်းတွေသတ်မှတ်ထားတာ
မရှိဘူး၊ သူဟာ အရွယ်ရောက်ပြီးသူတယောက်ဖြစ်သလို သူ့မှာကိုယ်ပိုင်ဆုံးဖြတ်ခွင့်အပြည့်ရှိတယ်၊ ကရင်နဲ့ပေးစားလို့ကော ကရင်တိုင်းကောင်းတယ်လို့ ထင်သလား၊ ဗမာတိုင်းက,လည်း ဆိုးပေနေတာ မဟုတ်ဘူး၊သူကြိုက်လို့က,တော့ ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် သူယူမှာပဲ၊ ခင်ဗျားကို သူလက်မခံနိုင်တာက ခင်ဗျားနဲ့သူ့ရဲ့အပိုင်းပဲ၊ ကျုပ်က,ဗမာ ကိုမယူရ,ဘူးလို့ အမိန့်ထုတ်ထားတာမဟုတ်ဘူး၊ ထုတ်လို့လည်းမ
ရ,ဘူး”

ထိုသူ ပြန်သွား၏၊ စော်ကားသည်လား? စေတနာလား? ဆိုသည်ကိုတော့ စာရေးသူမဝေခွဲတတ်၊
သို့သော် ကရင်မ,လေးတဦးခမျာ ဗမာကျောင်းသားတဦးကို လူကြီးများသဘောတူသဖြင့်မလွှဲမရှောင်
သာပဲ လက်ထပ်ယူလိုက်ရ,သည့်အဖြစ်အပျက်တခု မနီလွိုင်မြန်မာကျောင်းသားစခန်း၌ ရှိခဲ့ဘူးပါ၏။
၁၉၉၈ ခုနှစ်နောက်ပိုင်း UNHCR (Bangkok) တွင် UN လာလျှောက်သူများ အထူးတင်းကြပ်ခံလာရ,
သောအချိန်ဖြစ်ပါ၏၊ ၁၉၉၀ခုနှစ်က UN အောင်ထားသူများကို UN မှ Camp သွင်းသောအခါ ၎င်းတို့ နှင့်အတူနေထိုင်သော ဆွေမျိုးသားချင်းများအခက်ကြုံသောကာလ,ဟုဆိုနိုင်၏။
ထို့ကြောင့်နီးစပ်ရာ UN အောင်ထားသူများနှင့် မိမိတို့ ၏ နှမ,သားချင်းများကို အလျဉ်စလိုနေရာချပေး
ကြလေ၏။

ထို့အတူစာရေးသူ၏ ညီမ,ဝမ်းကွဲသည်လည်း မှီခိုသူအဖြစ်စာရင်းသွင်းခြင်းမပြုနိုင်သဖြင့် သူမ,၏ ကိုယ်
ရေးရာဇဝင်ဖြင့် UN လျှောက်တင်ရာတွင် Reject အဖြစ်သတ်မှတ်ခြင်းခံရ,သောကြောင့် သူမ,၏ဘဝ ရှေ့ရေးမှာ မရေမရာမသေမခြာဖြစ်နေရ,ခြင်းဖြစ်သည်။
နောက်ထပ်တဦးရောက်လာပြန်ပါ၏၊ အသက်အရွယ်အားဖြင့် အနည်းငယ်ရ,နေပြီဖြစ်ပြီး အသောက်
အစားကို ဖက်တွယ်နေသူတဦးဖြစ်ပါ၏၊ စာရေးသူ၏အိမ်ပေါ်သို့ တက်လာပြီး ချဉ်စုတ်စုတ်အနံ့များဖြင့် ဤသို့ဆိုပါ၏။

“ဟိုဒင်းဗျာ ခင်ဗျားဝမ်းကွဲညီမ,လေးကို ကျွန်တော်မေတ္တာရှိတယ်ဗျာ၊ ခင်ဗျားသဘောတူမယ်ဆိုရင်
ကျွန်တော် လူကြီးစုံရာနဲ့ လာတောင်းပါ့မယ်”
ဒေါသ,အကြီးအကျယ်ထွက်မိသော်လည်း စိတ်ကိုအတတ်နိုင်ဆုံးထိန်းကာ အသံကိုအချိုသာဆုံးထား၍ ပြန်လည်ပြောဆိုလွှတ်လိုက်ရ,သည်။

ထိုစဉ်အခါက စာရေးသူအနေဖြင့် ပြဿနာတရပ်ကို အလွယ်နည်းဖြင့်ဖြေရှင်းခဲ့မိမည်ဆိုပါလျှင် မည်သို့
မည်ပုံ ဖြစ်လာမည်ကိုမသိသော်လည်း နောင်တ,တရားများအကြိမ်ကြိမ်ရ,နေမည်မှာသေခြာလှသည်၊အ
ဘယ်ကြောင့်ဆိုသော် စာရေးသူ၏ညီမ,ဝမ်းကွဲသည် တတိယနိုင်ငံသို့ UNHCR အစီအစဉ်ဖြင့်စိတ်ချမ်း
ချမ်းသာသာဖြင့် ရောက်ရှိနေပြီဖြစ်သောကြောင့်ဖြစ်ပါ၏။

မနီလွိုင်မြန်မာကျောင်းသားများစခန်းအတွင်းမှ သက်ဆိုင်သူနှစ်ဘက်လူကြီးများစီစဉ်ပေးမှုကြောင့် အိမ် ထောင်သည်ဖြစ်ခဲ့ရ,ရှာသော ကရင်အမျိုးသမီးသည် တတိယနိုင်ငံသို့ရောက်လာခဲ့ရ,သော်လည်း သူမ,၏ဘဝသက်တာတွင် တပါးသူ၏အကူအညီကိုယူခဲ့ရ,သည် ဆိုသည့်အရိပ်သည် မည်သည့်နည်း
နှင့်မျှ ပျောက်ပျက်သွားနိုင်လိမ့်မည်မဟုတ်၊ တိုက်ဆိုင်မှုများဖြစ်ပေါ်လာတိုင်း တနုံ့နုံ့ခံစားနေရ,မည်
သာဖြစ်၏။
အထူးသဖြင့် ဗမာစကားပုံအရ, လင်နဲ့မယား လျှာနဲ့သွား ဆိုသည့်အတိုင်း အကြောင်းတစုံတရာကြောင့် အချေအတင်စကားပြောကြရ,သည့်အခါ ထိုမပြောပ,လောက်သော၊ အချင်းအရာလေးသည် သူမ,အ
တွက် အပြင်းထန်ဆုံးရိုက်ချက်တခုဖြစ်နေမည်သာဖြစ်ပါ၏။

စာရေးသူသည် နှင်းပွင့်များကပ်ညိနေသည့် တပ်ထားသောမျက်မှန်ကိုချွတ်ကာ အဝတ်စ,ဖြင့်သုတ်ပစ်
လိုက်ပါ သည်၊ တလက်စ,တည်းတွေးတောရင်း ရင်ထဲတီးတိုးရေရွတ်နေမိသည်မှာ အရွယ်ရောက်သူ ကရင်အမျိုးသမီး များ ဘဝကိုမှန်မှန်ကန်ကန်မြင်နိုင်ကြပါစေ ဟူ၍ဖြစ်ပါတော့သည်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment