+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, December 31, 2009

သူယုံကြည်ရာကဏ္ဍ VOA Burmese.com

သူယုံကြည်ရာကဏ္ဍ VOA Burmese Section

ဦးဘုန်းမြင့်အောင် အငြိမ်းစားကျောင်းဆရာ (မန္တလေးမြို့)

ကျွန်တော်ယုံကြည်တာက,တော့လေ အများအကျိုးစီးပွါးလုပ်ဆောင်ခြင်းဟာ တရားတယ်၊ အများ
အကျိုးစီးပွါးကို ဦးစားပေးပြီးလုပ်ဆောင်မယ်ဆိုရင် လူ့လောက,ကြီးဟာ ပိုပြီးသာယာမယ်လို့
ကျွန်တော်ယုံကြည်ပါတယ်။
ကိုယ်ကျိုးစီးပွါးလုပ်တဲ့လူတွေကြောင့် လောက,ကြီးဟာ သိပ်ပြီးတော့အေးချမ်းမှုးချမ်းမှုမရှိဘူးလို့
မြင်တယ်လေ။
အများအကျိုးကိုများများလုပ်တဲ့လူတွေ တိုးလာလေ လောက,ကြီးမှာ ဒုက္ခရောက်တဲ့လူတွေအတွက်
က ပိုအားကိုးရာရ,တယ်လို့ ခံယူပါတယ်၊ တကယ်ကျတော့လေ လူတွေဟာကိုယ့်အတွက်ပဲကိုယ် ရုန်း
ကန်နေကြတယ်လေ ကိုယ့်အတွက်ပဲကိုယ်ရုန်းကန်နေမယ့်အစား ဒုက္ခရောက်နေတဲ့သူတွေ သူတို့တ တွေကိုသက်သာ အောင် ဒုက္ခက,ကင်းလွတ်အောင်လုပ်သင့်တယ်လို့မြင်လာရင် ဒါက ပိုပြီးကောင်း
ပါတယ်။

ဥပမာ စာအုပ်တွေရှိတယ် ရှိတဲ့စာအုပ်တွေက မီးလောင်သွားတဲ့အခါကျတော့ တော်တော်လေးသံဝေ
ဂ,ရ,တယ် ဒီစာအုပ်တွေ ငါ စာကြည့်တိုက်ကိုလှူထားရင် ဒါမလောင်နိုင်ဘူးပေါ့ အခုတော့အိမ်မီးလောင်
တဲ့အခါ စာအုပ် တွေပါသွားတယ်လေ၊ မီးလောင်လို့ပြာဖြစ်သွားတဲ့နောက်ပိုင်းမှာ စာအုပ်တွေထပ်စုတယ် စုပြီးတော့မှ ပြင်ဇာဆို တဲ့ ပြင်ဇာဆိုတာက ပြင်ဦးလွင်မြို့နယ်ထဲမှာပါ ရှေးတုန်းကတော့ မေမြို့လို့ခေါ်ပါ
တယ်၊ အဲ့ဒီမှာ စာကြည့်တိုက်ကလေးလုပ်လိုက်ပါတယ် စာကြည့်တိုက်နာမည်ကို ပညာ့အလင်းရောင် စာကြည့်တိုက် လို့ နာ မည်ပေးထားပါတယ် အဲဒီမှာ စာငတ်ကြတယ်၊ စာကြည့်တိုက်ဖွင့်လိုက်တာနဲ့ တ ပြိုင်နက်ထဲ ကလေးလူကြီး စာဖတ်ချင်လို့ရောက်လာကြတယ် သူတို့ကိုစာနာပါတယ် စာကြည့်တိုက်ထဲ
မှာလည်း သူတို့ဖတ်လို့ရ,တယ် အိမ်ကိုလည်းပဲငှားပါတယ် အခ,မဲ့ငှားတာပါ သဘောကတော့ ကိုယ်လည်း ဖတ်လို့ရ,တယ် အများလည်းဖတ်လို့ရ,တဲ့ အကျိုးပြုတဲ့လုပ်ငန်း လေးကို စ,ပြီးတော့အကောင်အထည်ဖေါ်
ပါတယ်၊ ပညာဒါန,လို့ဆိုလည်း မမှားပါဘူး။

အဲဒီစာကြည့်တိုက်လေးနဲ့ကပ်ရက်ပေါ့လေ အဲဒီပြင်ဇာမှာပဲ သုခမေတ္တာမိဘမဲ့ကျောင်း ဆိုပြီး သုခမေတ္တာ
ဆိုတာ ကတော့ ဆရာကြီးဦးသုခ,ကို ဂုဏ်ပြုတဲ့အနေနဲ့ သုခမေတ္တာမိဘမဲ့ကျောင်း လို့ နာမည်ပေးတာပါ၊
အဲဒါ ဆောက်တုန်းနော် မပြီးသေးဘူး တချို့ကတော့လေ ဒီလိုပရ,ဟိတ,မျိုး စိတ်မဝင်စားဘူး၊ ဘုရားတည်
မှ ကျောင်း ဆောက်မှကုသိုလ်ရ,တယ်လို့ တချို့ကခံယူထားတယ်၊ ဒါပေမယ့်လို့ ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်ကို မြတ်စွာဘုရား ကိုယ်တော်တိုင်က ဒီဒုက္ခအတွင်းက,လွတ်ကင်းအောင် ပြုစုစောင့်ရှောက်ပါလို့ တနည်း
အားဖြင့် သွယ်ဝိုက်ပြီး ဟောတာပါပဲ၊ အဲဒီတော့ဘာပဲပြောပြော ဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေက အတော်
များပါတယ် ဒုက္ခပင်လယ်တွေ ဝေနေတဲ့ ပုဂ္ဂိုလ်တွေ ဟို အသိတရားရှိတဲ့ပုဂ္ဂိုလ်တွေ အဲဒီဒုက္ခက လွတ် ကင်းအောင်ပေါ့လေ တတ်နိုင်သလောက်ပြုစုစောင့် ရှောက်မယ် ဒုက္ခက,လွတ်အောင် လုပ်သင့်တယ်လို့ ခံယူပါတယ်။

သူတို့တတွေဒုက္ခရောက်နေတာကို ကူညီလိုက်လို့ သူတို့မှာသက်သာရာရ,သွားတယ် သူတို့တတွေ
စိတ်ချမ်း ချမ်းသာသာနဲ့ ဥပမာ ကျန်းမာရေးကောင်းလာတယ် သူတို့တတွေအသိပညာလေးတွေကြွယ်
လာတယ် သူတို့မှာ လူရာဝင်လာတယ်ဆိုလို့ရှိရင် ပီတိဖြစ်ရ,ပါတယ်၊ ကိုယ်ပြုစုစောင့်ရှောက်လိုက်တဲ့ကလေးတယောက် လူလားမြောက်ပြီးတော့ သူ့မှာ ဒုက္ခတွင်းက,နေပြီး
လွတ်ကင်း ပြီးတော့နေတယ်၊ တင့်တောင့်တင့်တယ်နေ နိုင်တယ်ဆိုလို့ ရှိရင် ကြည့်ပြီးတော့ပီတိဖြစ်
ရ,ပါတယ်၊ အဲဒီပီတိဟာဘာနဲ့မှလဲလို့လည်းမရ,ပါဘူး။

လောက,မှာပေါ့လေ ကိုယ်ကျိုးစီးပွါးထက် အများအကျိုးစီးပွါးလုပ်တဲ့ပုဂ္ဂိုလ်တွေ များလာတာနဲ့အမျှ
လောက, ကြီးဟာ ကမ္ဘာကြီးဟာ သာယာလာမှာပါ၊ အဲဒါကြောင့်မို့ ကျွန်တော်တို့တတွေက အများအ ကျိုးစီးပွါးကိုဦးစားပေးပြီး တနည်းအားဖြင့်အတ္တအကျိုးစီးပွါးထက် ငို့ဘ ငါ့ဘို့လုပ်တာထက် အများအ
ကျိုးစီးပွါးကို ပိုပြီးတော့ ဦးစားပေးပြီးတော့လုပ်သင့်ပါတယ်။

ဦးဘုန်းမြင့်အောင်
အငြိမ်းစားကျောင်းဆရာ
မန္တလေးမြို့

VOA Burmese Section မှ ထုတ်လွှင့်သည့် သူယုံကြည်ရာကဏ္ဍတွင် အငြိမ်းစားကျောင်းဆရာ ဦးဘုန်းမြင့် (မန္တလေး)၏ ပြောကြားချက်များကို နားဆင်ပြီးပြန်လည်ရေးသားတင်ပြလိုက်ခြင်းဖြစ်ပါသည်။

မင်းစိုးစံ အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment