+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Sunday, January 24, 2010

Assian Assistance Center ဆွေးနွေးပွဲ

Asian Assistance Center အစည်းအဝေးမှ အဖွဲ့ဝင်အချို့
Photo by Phu Young Hat

Asian Assistance Center
မှ ဆွေးနွေးပွဲတရပ် ကျင်းပ,ပြုလုပ်ခြင်း

(ကျော်ထိုးတွိုင်)

ယနေ့ January 24, 2010 Sunday မွန်းလွဲ ၂း၀၀ နာရီတိတိအချိန်၌ မင်ဏီဆိုးတားပြည်နယ် စိန့်ပေါမြို့ရှိ အမှတ်၅၀၀၊ ဂရုတ်ထိုလမ်းတွင် ဆွေးနွေးပွဲတရပ်ကိုကျင်းပ,ပြုလုပ်ကြောင်း သတင်းရရှိပါသည်။
အဖွဲ့၏အဓိကလုပ်ငန်းစဉ်မှာ မြန်မာနှင့်ထိုင်းနယ်စပ်မှရောက်ရှိလာပြီးကြသည့်ဒုက္ခသည်များအပြင် ဆက်လက် ၍ ထပ်မံရောက်ရှိလာကြဦးမည့် ဒုက္ခသည်တို့၏အခက်အခဲများကို အတတ်နိုင်ဆုံးကူညီဖြေရှင်းပေးမည်သာမက လိုအပ်သည့်အခြားသော လူမှုရေး၊ ပညာရေး၊ ကိစ္စရပ်များကိုလည်း လိုအပ်သည့်အလျှောက်အတတ်နိုင်ဆုံး ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

အဖွဲ့၏ဥက္ကဌအဖြစ်Timothy J. Monotgomery. ဒုဥက္ကဌများအဖြစ် Zaw Mine နှင့် Gidean Kasuh တို့ ကဆောင်ရွက်ကြပြီး အတွင်းရေးမှူးအဖြစ် Piyand A. Montgomery ကဆောင်ရွက်ကာ၊ဘဏ္ဍာရေးမှူးအဖြစ် Lin Aung တို့က အသီးသီးတာဝန်ယူဆောင်ရွက်လျှက်ရှိကြောင်း၊ အဖွဲ့၏ရုံးဆိုက်ရာလိပ်စာအပြည့်အစုံမှာ
500 Grotto Street, Saint Paul, Minnesota, 55104. USA ဖြစ်ကြောင်းစုံစမ်းသိရှိရပါသည်။

အသေးစိပ်သိရှိလိုပါက ၎င်းတို့၏ ဝတ်ဆိုက်ဖြစ်သည့်www.asian-assistance.org သို့ဝင်ရောက်ကြည့်ရှုလေ့ လာနိုင်ကြကြောင်းသိရှိရပါသည်။လာမည့် January 30, 2010 Saturday တွင် အဖွဲ့ဝင်များ၏ အပတ်စဉ် အစည်းအဝေးကို ကျင်းပ,ကြမည့်အကြောင်းသတင်းရရှိပါသည်။

ကျော်ထိုးတွိုင် ကျုံပိုင်း(ကေါ့ကရိတ်မြောက်ပိုင်း)

0 comments:

Post a Comment