+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, January 23, 2010

ကျွန်ုပ်တို့၏ဘိုးဘွားများသည် တောရိုင်းတို့အား ခုတ်ထွင်ရှင်းလင်းကြကုန်၏

ကျွန်ုပ်တို့၏ဘိုးဘွားများသည် တောရိုင်းတို့အား ခုတ်ထွင်ရှင်းလင်းကြကုန်၏
(ရဲဘော်ရှောင်း)

ယခင်ပတ်မှအဆက်

ခရီးသည်ကြီးများ တဲပေါ်သို့ရောက်ရှိသွားပြီးနောက် လယ်ကူလီတဲရှင်သည် ရုပ်ရည်သန့်ပြန့်ခန့်ငြားသော ဤခ ရီးသည်ကြီးများသည် အဘယ်မည်သောအရေးကိစ္စများကြောင့် သူ့တဲကလေးပေါ်သို့တက်လာရခြင်းကို စူးစမ်း နေမိသည်၊ နုံခြာချိနဲ့လှသော သူ့ဘဝနှင့် သူ့တဲကလေးကြောင့် ခရီးသည်ကြီးများကိုလွန်စွာမှပင် အားတုံ့အားနာ ဖြစ်လှသည်။
အကာအရံဟု မည်ကာမတ်တတ်နိုင်လှသော အိမ်ခန်းအတွင်းဘက်၌ လယ်တဲရှင်၏ဇနီးသည်၏ခေါင်းပေါ်တွင် တဘတ်နွမ်းတဘက်တထည်ကိုပေါင်းထားပြီး တကိုယ်လုံးတွင်လည်းနံနွင်း(ဆနွင်း)များလိမ်းကျံထားမှုကြောင့် ဝါရွှေသောအဆင်းကိုဆောင်လျှက် မွေးကင်းစ,နီတာရဲသားငယ်ကိုပွေ့ပိုက်ပြီး နို့ချိုတိုက်ကျွေးလျှက်ရှိသည်။
ဤလူ့ပြည်လောက,ကြီးထဲသို့ ရောက်ရှိကာစ,လူသားလေးသည် အာဟာရ,ချို့တဲ့သောမိခင်ထံမှနို့ချိုကိုအငမ်းမ ရ,စို့နေသည်၊ မိခင်နို့မှာ မရ,တချက်ရ,တချက်မို့ကလေးငယ်လေးသည် ခရီးသည်ကြီးများအား ဟစ်အော်ငိုကြွေး ပြီးနှုတ်ဆက်လိုက်သကယ့်သို့ပင်။

ဦးဆောင်လာသူခရီးသည်ကြီးက လယ်တဲရှင်အား ဤတညတာအဘို့ နားခိုမည့်အကြောင်းခွင့်ပန်ပြီး ထမင်း ချက်ကျွေးရန်ကိုပါ ခွင့်ပန်ပြန်သည်၊ လယ်တဲရှင်သည်ခရီးသည်ကြီးများ သူ့တဲပေါ်သို့ရောက်ရှိလာပြီးအချိန်မှစ, ၍ မပြည့်စုံမဖူလုံချို့ငဲ့ခြင်းဘဝအခြေအနေများကြောင့် အားတုံ့အားနာဖြစ်ရသောကိစ္စရပ်များသည် ဆက်ကာ ဆက်ကာဖြစ်နေလေတော့သည်။
ယခုလည်းသူ့ဆန်အိုးတွင် ဆန်မရှိခြင်းနှင့်ကြုံရပြန်သည်၊ ခရီးသည်ကြီးက အလိုက်မသိအားမနာတတ်သည့်အ လား ဆန်မရှိလည်း အနီးအပါးတဲတွင်ချေးငှားခိုင်းပြန်သည်၊ ကျသင့်သည့်တန်ရာတန်ဘိုးကိုပေးပါမည်ဟုလည်း ကတိပေးပြောလိုက်သေးသည်။
တဲရှင်သည်တဲပေါ်မှဆင်းသွားပြီး ခဏအကြာတွင် ပုဆိုးနွမ်းတထည်ဖြင့်ထုပ်ထားသည့် ဆန်ထုပ်ကလေးကိုပိုက် လျှက်ပြန်ရောက်လာသည်၊ ကျန်ခရီးသည်နှစ်ဦးသည် ရိုးကလေးသို့ကူးလာစဉ်တုန်းက ရွှံ့စေးများ၎င်းတို့၏ခြေ များတွင် ပေကျံနေသေးသည်၊ ခဏတဖြုတ်နားကြမည်အထင်ဖြင့် ခြေထောက်များပင်အပြီးမဆေးကြောကြရ သေးပေ၊ ဦးဆောင်လာသည့်ခရီးသည်ကြီး ဤတဲလေးပေါ်သို့ရောက်ရှိလာချိန်မှစ,၍ ပြုမူလှုပ်ရှားမှုများကို နားမ လည်နိုင်သောအမူအယာ အကြည့်များဖြင့် စူးစမ်းသမှုပြုနေကြသည်။
တအောင့်တဖြုတ်အကြာ၌ တဲရှင်သည် ကြွေရည်များကွာနေသော သံပန်းကန်ပြားထဲသို့ အငွေ့တထောင်း ထောင်းနှင့်ငစိန်ဆန်ထမင်းနီများကို ခူးခပ်ယူဆောင်လာသည်၊ ငါးပိရည်ကျဲတခွက်ထဲတွင် သုံးပိုင်းကျိုးငြုပ်သီး သုံးလေးတောင့်ကိုခပ်ထည့်ထားသည်၊ ဤထမင်းဝိုင်းတွင် ဖူဖူလုံလုံနှင့်အပေါများဆုံးခဲဘွယ်ဘောဇဉ်မှာ သူတို့ ကူးလာသည့်ရိုးတလျှောက်တွင် သဘာဝအတိုင်းပေါက်ရောက်နေသည့် ကန်ဇွန်းရွက်နုနုတပန်းကန်သည်သာ ပြည့်လျှံမို့မောက်စွာရှိနေသည်။
ခရီးသည်ကြီးက ထမင်းဝိုင်းသို့ဦးစွာဝင်ရောက်နေရာယူလိုက်ပြီး ကျန်ခရီးသည်နှစ်ဦးကို အဟာရဖြည့်တင်းရေး ကိစ္စအတွက် ဖိတ်ကြားသမှုပြုသည်၊ ကျန်ခရီးသွားဖေါ်နှစ်ဦးတို့သည် တဦးကိုတဦးမေးငေါ့မျက်စ,ချီလျှက် ထ မင်းဝိုင်းသို့ မတက်မကြွဖြင့်ဝင်ရောက်နေရာယူကြသည်၊ ခရီးသည်ကြီးက တလောက,လုံးတွင်ကြေနပ်မှုအရှိဆုံး လူကယ့်သို့ မြိန်ရည်ယှက်ရည် အားပါးတရ,စားသောက်နေပေတော့သည်၊ ကျန်ခရီးသွားဖေါ်နှစ်ဦးမှာမူကား တို့ ကဏန်းဆိတ်ကဏန်းသာစားနေလေသည်။
သူတို့သုံးဦးသား စားသောက်ခြင်းအမှုကိုပြုကြပြီးနောက် ဦးဆောင်လာသူခရီးသည်ကြီးသည် ပါလာသည့် သူ၏ ခရီးဆောင်အိတ်ကလေးကို အိပ်ရာအဖြစ်ခင်းကာလှဲနေလိုက်သည်၊ မိုးဒါဏ်၊ နေဒါဏ်၊ လေဒါဏ်၊ ဆင်းရဲမွဲတေ ခြင်းဒါဏ်တို့ကြောင့် ကွက်တိကွက်ကျားအမိုးကြားမှ ဆန်းစ,လနှင့်ကြယ်ကလေးတို့အား ကြည့်ရှုငေးမောပြီး တ ဦးတည်းမည်သို့သောအရာကိစ္စများကို အနုလုံပဍိလုံ တွေးခေါ်စဉ်းစားနေသည်မသိ။
အကိုက်အပြုများလှသောကွင်းခြင်တို့အား အဝတ်ဖြင့်တချက်တချက်ပုတ်ယမ်းနေမှုကြောင့်သာ အိပ်မပျော်သေး သည့်အမှတ်အဖြစ် သိနေရသည်၊ လယ်တဲရှင်၏ရေနံဆီမီးခွက်ရောင်ကလေးမှာ တဲအတွင်း မလင်းတလင်းရှိ ချေသည်။
ပုသိမ်မှပြန်လာကတည်းက ဤခရီးသည်ကြီး၏ပြုမူမှုမှန်သမျှတို့သည် ယခင်အခါများကကယ့်သို့မဟုတ်မူပဲ တ မျိုးတမူထူးခြားနေသကယ့်သို့ရှိနေသည်ကို သတိမူမိကြသည့် ခရီးသွားဖေါ်နှစ်ဦးသည် တလှုပ်လှုပ်တယမ်းယမ်း ဖြင့် သောင်းကျန်းခြင်းရှိသောကွင်းခြင်များကိုခုခံဆန့်ကျင်မှုပြုကြရင်း အမှောင်ထဲတွင် တိုးတိုးဖြင့် အရေးကြုံ လာရင် မြေရှင်ဓနရှင်တွေဟာ ဒီလိုပဲ မပြတ်သားဘူး သတ္တိမရှိကြဘူး စသည်ဖြင့်အမျိုးမျိုးအတွေထွေသော တံ ဆိပ်ကိုခတ်နှိပ်လျှက် ကွယ်ရာတွင်စွဲချက်တင်လျှက်နေပေတော့သည်။
ကွင်းခြင်နှိပ်စက်သောင်းကျန်းမှုကြောင့် အိပ်မပျော်နိုင်ပဲ ထိုထိုဤဤသော စွဲချက်များဖြင့်ဆိတ်ကွယ်ရာတွင် စွဲချက်တင်နေကြခိုက် ဆန်းစ,လ၏အလင်းရောင်အောက်မှ မီးတုတ်(ဒုတ်)မီးခွက်ဆယ့်လေးငါးခုသည် လောင်း တိုင်ဘက်ဆီမှမိမိတို့ခိုနားနေရာတဲကလေးဆီသို့ ဦးတည်လာနေသည်ကိုတွေ့ရှိလိုက်သည်၊ ခဏအကြာတွင် အ သံဗလံဆူဆူညံညံဖြင့်တဲကလေးဆီသို့ ရောက်လာကြလေသည်။
ဘယ်ဆီကများကြိုတင်သတင်းကြားထားကြသည်မသိ၊ ခရီးသည်ကြီးများကိုကြိုဆိုဧည့်ခံရန် စီမံပြုပြင်ထားကြ သည်ဟု လာကြိုသူများ၏ပြောဆိုမှုအရ,သိလိုက်သည်။
လောင်းတိုင်တွင်ခရီးသည်ကြီး၏ ဆွေမျိုးနီးစပ်နှင့်မိတ်သင်္ဂဟများရှိကြပါသည်၊ လာကြိုပါသည်၊ လာကြိုသူများ က လိုက်ခဲ့ဘို့ခေါ်သည်၊ တရွာလုံးကလည်းစောင့်ကြိုနေကြကြောင်းပြောသည်၊ ခရီးသည်ကြီးက ဒီတညဒီမှာစ ခန်းချအိပ်တော့မည်ဖြစ်ကြောင်းပြန်ပြောသည်၊အထပ်ထပ်ခေါ်ပါသော်လည်းမရ။
ခရီးသည်ကြီး၏အဒေါ်ဆိုသူက အနားသို့တိုးကပ်သွားပြီး နဖူးကိုစမ်းလိုက်၊ လက်ဖျားခြေဖျားများကို ဆုပ်ကိုင် လိုက်လုပ်နေသည်၊ ကွဲကွာနေသောသားငယ်ကို ပြန်လည်ဆုံတွေ့ရသည့်မိခင်ပမာ ဂရုဏာမေတ္တာများပြည့်လွှမ်း သောအကြည့်ဖြင့် နဖူးဆံစ,နှင့်မုတ်ဆိတ်ကျင်စွယ်တို့အား တယုတယ,ဖြင့်နွေးထွေးစွာပွတ်သပ်နေရင်း နှုတ်မှ လည်း နေကောင်းရဲ့လား၊ ခရီးပမ်းနေလား စသည်ဖြင့် တဖွဖွမေးနေလေတော့သည်။
အထပ်ထပ်အခါခါအကြောင်းအမျိုးမျိုးပြခေါ်သော်လည်း မရ,လေသောကြောင့် လာကြိုသူအားလုံးတို့သည် စိတ်မကောင်းခြင်းကြီးစွာဖြင့် လက်လျှော့ပြန်သွားကြလေတော့သည်၊ ကျန်ခရီးဖေါ်နှစ်ဦးမှာတော့ လိုက်သွားချင် သည့်ဆန္ဒရှိလှပါ၏၊ သူတို့ကိုဦးဆောင်သည့်ခရီးသည်ကြီးမလိုက်သောကြောင့် မကြေမချမ်းနှင့်တုံဏှိဘာဝေခပ် မဆိတ်နေလိုက်ကြရသည်၊ သူတို့နှစ်ဦးကို အပြစ်မဆိုသာပါ၊ လောင်းတိုင်မှာဆိုပါလျှင် ကြိုဆိုသူများ၏ ကြိုတင် စီမံထားမှုများကြောင့် စားကောင်းခြင်းလည်းစားရ,မည် အိပ်ကောင်းခြင်းလည်းအိပ်ရ,မည်၊ အဟာဂတ,ပေါများ လေစွမို့ ဘာများဆိုဘွယ်ရာရှိပါမည်နည်း။
ထိုတညလွန်မြောက်၍ နောက်တနေ့မိုးသောက်သည်နှင့် ခရီးသည်သုံးဦးသား ခရီးဆက်ကြလေသည်၊ ဆွမ်းခံ ပြန်ချိန်မရောက်တရောက်တွင် အိမ်မဲသို့ရောက်ရှိကြလေသည်၊ ခရီးသည်ကြီးဦးဆောင်၍ တရုတ်စားသောက် ဆိုင်တခုအတွင်းသို့ဝင်သွားကြသည်၊ တရုတ်အစားအသောက်မျိုးစုံကို ခရီးသည်ကြီးက ဖွယ်ဖွယ်ရာရာမှာလိုက် သည်၊ မကြာမှီတွင် အမျိုးမျိုးအထွေထွေသောအစားအသောက်မျိုးစုံတို့သည် စားပွဲမဆန့်ပြည့်လျှံသွားမတတ် ဖြစ်သွားလေတော့သည်။
ခရီးသည်ကြီးက “ဟေ့ ဘဇံ၊ စားစမ်း၊ ဟေ့ ဟန်တာ စားစမ်း” စသည်ဖြင့်ဘိတ်မန္တကပြုသည်၊ ခရီးသည်ကြီး၏ခ ရီးဖေါ်နှစ်ဦးမှာ ပြုံးပြုံးရွှင်ရွှင်ကြည်ကြည်လင်လင်ဖြစ်သွားသည်၊ ခရီးသွားဖေါ်နှစ်ဦးတို့သည် ကွင်းထီးခေါင်ခေါင် ၌ ယမန်နေ့ညက အစားလည်းဆင်းရဲ၊ အနေလည်းဆင်းရဲ၊ အအိပ်လည်းဆင်းရဲခဲ့ရ,သည်၊ ယခုမနက်စာသည် မနေ့က ညနေစာနှင့် ခြားနားခြင်းမက, ခြားနားလှသည်မို့ မြိန်ရည်ယှက်ရည်အားပါးတရ, စားသောက်ကြလေ သည်။
သူတို့သုံးဦးသား စားသောက်ကြပြီးနောက် “ဘဇံ နဲ့ ဟန်တာ တို့ရေ ရှေ့အဘို့ဆိုရင် ဒီလိုအစားအသောက်မျိုး စားရဘို့မလွယ်တော့ဘူး။ ရှေ့အဘို့ဆိုရင် မနေ့ညက,ငါတို့စားခဲ့ရ,တဲ့အစားအသောက်မျိုးပဲ စားရဘို့များရလိမ့် မယ်”

(ရဲဘော်ရှောင်း)

ဆက်လက်ဖေါ်ပြပါဦးမည်။

0 comments:

Post a Comment