+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, February 17, 2010

လိမ့်နေသောဘီး(ဘိန်း)

Photo by; Phu young Hat


လိမ့်နေသောဘီး(ဘိန်း)

(မင်းစိုးစံ)

ကားကလေးဟာ East I 94 အဝေးပြေးလမ်းမ,ကြီးပေါ်မှာ ပြေးနေပါတယ်၊ ဦးတည်နေတာကတော့ Woodbury မြို့ဘက်ကိုဖြစ်ပါတယ်။ ကားပေါ်မှာတော့ ဆေးရုံကိုသွားမယ့် လူနာတယောက်နဲ့ စကား ပြန်လုပ်တဲ့ Interpreter သူတို့ နှစ်ယောက်သားစကားစမည်ပြောနေကြပါတယ်။
အဝေးပြေးလမ်းမ,ကြီးရဲ့ တဘက်တချက်မှာတော့ မနေ့တနေ့က ကျလာတဲ့နှင်တွေက တောင်ပုံယာပုံ နေရာယူလို့နေပါတယ်။
လူနာက “ဆရာ ဒီ မင်ဏီဆိုးတားမှာ ဆောင်းဥတုဆိုရင် နှင်းတွေက တော်တော်ဆိုးဆိုးရွားရွားကျတာ ပဲနော်၊ အအေးဓါတ်ကလည်း ကြောက်စရာကောင်းလိုက်တာ၊ နွေပေါက်လာရင်တော့ တော်တော်လှ တာပဲဗျ၊ ဒါကြောင့် အမေရိကန်နိုင်ငံမှာ ရာသီဥတုလေးမျိုးလေးစားရှိတယ်လို့ပြောကြတာကိုး”

စကားပြန်လုပ်သူက ကားကိုထိန်းပြီးမောင်းနေရင်းကနေ လူနာကိုပြန်ပြောလိုက်တာကတော့
“ဘယ်ကလာဟုတ်ရမှာလည်းကွ၊ ငါမင်ဏီဆိုးတားမှာနေလာတာကြာလှပြီ၊ မင်းပြောသလို ရာသီဥတု လေးမျိုးတခါမှ မတွေ့ဘူးပါဘူး၊ ငါမြင်တာကတော့ ရာသီနှစ်ရာသီပဲရှိတယ်”

လူနာက အံ့အားသင့်သွားပြီး

“မဟုတ်တာပဲဆရာရယ်၊ Spring, Summer, Fall, Winter နွေအကူး၊ နွေ၊ ဆောင်းအကူး၊ ဆောင်း ဆိုပြီး ရာသီဥတုလေးမျိုးရှိနေတာပဲ၊ မဟုတ်လား”

စကားပြန်လုပ်တဲ့လူက
“ ငါမြင်တဲ့ ရာသီနှစ်မျိုးဆိုတာက ဆားဖြူးတဲ့ရာသီနဲ့ လမ်းပြင်တဲ့ရာသီ ဒါပဲမြင်တယ်၊ မင်းစဉ်းစားကြည့် နွေပေါက်လာရင် လမ်းပြင်တယ်၊ ဟောအခုလိုနှင်းတွေကျလာရင် ဆားဖြူးတယ်”

ဟုတ်သလိုလိုပဲ ဆိုတဲ့ပုံမျိုးနဲ့လူနာဟာ ပြုံးစေ့စေ့လုပ်ရင်းငြိမ်နေပါတော့တယ်။ သူတို့သွားတဲ့နေရာ က တော့ Physical therapy ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းလုပ်တဲ့ ဆေးခန်းလေးဖြစ်ပါတယ်။
“ မင်း VOA နားထောင်ဖြစ်လား၊ မွန်အမျိုးသားနေ့နဲ့ ကရင်နှစ်သစ်ကူးနေ့ ကို Indiana State မှာ လုပ် တဲ့အကြောင်းလေကွာ၊ အဲဒါ မင်းက ကရင်ဆိုတော့ ဘယ်လိုမြင်လဲ”

အဲဒီအခါမှာတော့ လူနာက စဉ်းစားသလိုလုပ်ရင်းက
“ကျွန်တော့်အမြင်ပြောရမယ်ဆိုရင် သူတို့ရင်နှစ်သစ်ကူးလုပ်တဲ့နေ့က တော်တော်ကိုရက်လွန်နေပြီဖြစ် တယ်၊ ပြီးတော့ January 31 ရက်ဆိုတော့ အဲဒီနေ့က ကရင့်အမျိုးသားတော်လှန်ရေးနေ့ ဖြစ်နေတယ်၊ အဲဒီတော့ ကျွန်တော်မြင်တာကတော့ အဲဒါမျိုးမဖြစ်သင့်သလို၊ မလုပ်သင့်ဘူးဗျ”

စကားပြန်ဖြစ်တဲ့ ကားဒရိုင်ဘာဟာ သုံးလမ်းပြိုင်လမ်းရဲ့ဘယ်ဘက်အစွန်ကနေ ညာဘက်ကိုပြောင်းဘို့ ကားနောက်ဘက်ပိုင်းကို လှမ်းကြည့်လိုက်ရင်းကနေ
“ဒါဆိုရင် Australia မှာ မင်းတို့ကရင့်နေ့ထူးနေ့မြတ် သုံးခုကို တရက်ထဲလုပ်တာကို မင်းဘယ်လိုမြင် လဲ”

အဲဒီအခါမှာတော့ လူနာဟာသိပ်စဉ်းစားမနေတော့ပဲ
“အဲဒါနဲ့ပတ်သက်လို့ကတော့ ဆရာလည်းသိပါတယ်၊ နိုင်ငံခြားရောက်နေကြတာဆိုတော့ အချိန်ကိုလု နေကြရတာမဟုတ်လား၊ အားလုံးအဆင်ပြေတဲ့နေ့မျိုး အားတဲ့ရက်မျိုးရွေးလုပ်ကြရတာမို့ နားလည်ပေး ရမှာပေါ့ဗျာ”

ကားမောင်းတဲ့စကားပြန်ဟာ သူ့ရှေ့တည့်တည့်က နောက်ကြည့်မှန်ကို နည်းနည်းပြင်လိုက်ရင်းကနေ
“ဟုတ်ပါတယ်၊ နားလည်ပေးတာ မပေးတာကိုပြောတာမဟုတ်ဘူးလေ၊ ကရင်အမျိုးသားတယောက်အ နေနဲ့ ဘယ်လိုမြင်သလဲဆိုတာကို သိချင်နေတာပါ”

အဲဒီတော့မှ လူနာဟာ စကားပြန်ရဲ့မျက်နှာကို ကြည့်လိုက်ပြီး
“ဆရာက ဘယ်လိုမြင်လို့လဲ”
“ နိုး…နိုး…ငါက ကရင်မှမဟုတ်တာ ဘယ်ပြောလို့ကောင်းမလဲကွာ၊ မင်းတို့ကရင်တွေတောင်မှ ဘာသံ မှ မထွက်တဲ့ဥစ္စာကို”

လူနာက သူ့ရဲ့ဘယ်ဘက်အခြမ်းမှာရှိနေတဲ့ Heat အပူပေးတဲ့ခလုတ်ကို လျှော့ချလိုက်ပြီး
“ဒီလိုလဲ သဘောမထားပါနဲ့ဗျာ၊ ဗမာ့အရေးလဲ ကရင့်အရေး၊ ကရင့်အရေးလဲ ဗမာ့အရေး ဆိုတဲ့စိတ်က လေးနဲ့ အပြုသဘောမျိုးပြောတာဆိုရင်တော့ အများစုက နားလည်လက်ခံကြမှာပါ”

စကားပြန်လုပ်တဲ့လူဟာ လူနာဘက်ကိုမသိမသာလှည့်ကြည့်ရာကနေ ရယ်ကျဲကျဲလုပ်နေလိုက်ပါ တယ် ပြီးတော့မှ
“မင်းက ငါ့ကိုဗမာလို့ ထင်နေတာကိုး၊ ငါ့အဘိုးက ပြည်ကြီးတရုတ် ငါ့အဘွားက တောင်ကြီးရှမ်း ငါ့အ ဖေက ရခိုင်နဲ့ပအိုဝ်ကပြား ငါ့အမေနဲ့ရန်ကုန်မှာဖူးစာဆုံတာ အဲဒီတော့ ငါ့ကိုယ်ငါ ဘာလူမျိုးလို့ပြောရင် ကောင်းမလဲမသိဘူး၊ ငါ့အတွက်လူမျိုးကအရေးမကြီးပါဘူး၊အေးကွ ငါကတော့တခုစိုးရိမ်နေတယ်၊ အဲ ဒါ ဘာလဲဆိုတော့ အင်္ဂလိပ်တွေပြောတဲ့ Culture of Opposition လိုဟာမျိုးဖြစ်သွားရင် အနာဂါတ်အ တွက် မကောင်းဘူးကွ”

လူနာဟာ သူ့ကိုယ်ခန္ဒာကို နည်းနည်းပြန်မတ်လိုက်သလိုမျိုး ပြင်ထိုင်လိုက်ရင်း
“ အော်….ဟုတ်တယ်ဗျ ဆရာပြောမှပဲသတိရ,တယ် Culture of Opposition ဆိုတာလေးကို၊ ကျွန် တော်သင်တန်းတခုကိုတက်တော့ သင်တန်းဆရာက ဗီယက်နမ် စစ်ပွဲကာလတုန်းက မြို့လည်လမ်းမ ပေါ်မှာ နေ့တိုင်းလိုလို လူသေအလောင်းတွေမြင်ရတွေ့ရတာများလာတော့ အဲဒီမြို့ခံလူတွေဟာ သ မားရိုးကျအတိုင်းပဲ ဘာမှမဆန်းသလို သွားလိုက်လာလိုက်လုပ်နေကြတယ်လို့ ပြောပြဘူးတယ်ဗျ”

အဝေးပြေးကားလမ်းမကြီးကနေ ခွဲထွက်အပြီး၊ လမ်းဆုံလမ်းခွတနေရာအရောက်မှာတော့ မီးနီနဲ့တိုး တာမို့ ကားကိုအသာအယာစက်အရှိန်သပ် ရပ်လိုက်ရင်း စကားပြန်လုပ်သူက
“မင်းပြောတဲ့ အဖြစ်အပျက်က နည်းနည်းဝေးတယ်၊ အနီးဆုံးဥပမာပြောပြမယ်၊ မဲဆောက်နဲ့ကပ် လျှက် မြန်မာဘက်က မြဝတီမြို့ ဆိုတာမင်းသိတယ် မဟုတ်လား၊ အဲဒီမှာ ဘုရားပွဲကျင်းပ,တော့ ညဘက်မှာ ဘုရားကို အပူဇော်ခံထွက်တာ”

လူနာဟာ ဒုတိယအကြိမ်အံ့အားသင့်သွားပုံ ရ,ပါတယ်၊ ဒါကြောင့်သူက စကားဆုံးတဲ့အထိ မစောင့်ပဲ
“ဟိုးဆရာဟိုး အဲဒါတော့မဖြစ်နိုင်ဘူး၊ဘယ့်နှယ်ဗျာ ဘုရားအပူဇော်ခံတာ ညဘက်ဆိုတော့ ကျွန်တော် တခါမှ တွေ့လည်းမတွေ့ဘူးဘူး၊ မြင်လည်းမမြင်ဘူးဘူး၊ ကြားလည်းမကြားဘူးဘူး”

အဲဒီအခါမှာတော့ မီးစိမ်းသွားတဲ့အတွက် စကားပြန်လုပ်သူဟာ ကားကိုဆက်မောင်းရင်းက
“အဲဒါပြောတာပေါ့၊ ငါ့စကားဆုံးအောင်နားထောင်ပါဦးကွ၊ အဲဒီလိုညဘက် ဘုရားအပူဇော်ခံတော့ ရ ဟန်းခံရှင်ပြုတာလည်းပါသေးတယ်မောင်၊ ပထမဆုံးကားပေါ်မှာ ဘုရားရုပ်ပွါးတော်၊ ဒုတိယကားပေါ် မှာက ရဟန်းလောင်းနဲ့မောင်ရင်လောင်းတွေ၊ အဲဒီလိုနဲ့ကွာနောက်ဆုံးကားမှာကျတော့ အတီးအမှုတ် သမားတွေနဲ့အက,သမားတွေ အရက်နဲ့အမြည်းနဲ့ မူးရူးပြီးကခုန်အော်ဟစ်နေကြတာပေါ့၊ ငါပြောချင် တာက ဘုရားရှင်လက်ထက်တုန်းက အဲဒီလိုသာဘုရားအပင့်သွားကြမယ်၊ ပူဇော်ဘို့သွားကြမယ်ဆိုရင် ဘုရားရှင်ကိုယ်တော်မြတ် ကြွမယ်များထင်သလား၊ လက်ခံမယ်ထင်သလား”

လူနာဟာ ဘာပြန်ပြောရမှန်းမသိဖြစ်နေပါတော့တယ်၊ ဆယ့်ငါးစက္ကန့်လောက် ကားစက်သံကလွဲလို့ ဘာသံမှမကြားရအောင် ငြိမ်သွားပါတော့တယ်၊ စကားပြန်က သူ့စကားကိုဆက်ပါတယ်။
“အေး အဲဒီမြို့မှာ ငါကျောင်းဆရာလုပ်ခဲ့တယ်၊ ငါးနှစ်ကျော်လောက်ကို နေလာခဲ့တာ၊ အဲဒီလို ဖြစ်ပျက် နေတာကို ဟေ့လူတွေ ခင်ဗျားတို့ဟာ မလုပ်သင့်မလုပ်ထိုက်တာ မလုပ်နဲ့လေ ဆိုပြီး ပြောလို့ရမလား၊ အဲဒါက အစဉ်လာတခုလိုဖြစ်သွားပြီ သွားပြောတဲ့လူ ဘာဖြစ်သွားမလဲ”

အဲဒီလိုစကားပြန်က ပြောလိုက်တော့ လူနာဟာ မဆိုင်းမတွပြန်ပြောလိုက်ပုံကတော့
“ပြောဘို့မလိုပါဘူးဆရာရယ်၊ အခု DKBA က ညဘက်ဘုရားလှည့်ပြီးအပူဇော်ခံမယ့်အစား လောင်းက စားနည်း မျိုးစုံနဲ့ပြောင်းပစ်လိုက်တော့ သူ့အလိုလိုပျောက်သွားမှာပေါ့ဗျ၊ ဟုတ်တယ်မှတ်လား”

သူတို့ကားလေးဟာ ဆေးရုံရဲ့ အဝင်ဝ,ကိုရောက်လာပါပြီ၊ စကားပြန်က သူ့ကားကို ဘယ်ဘက်ချိုး ကွေ့လိုက် ညာဘက်ချိုးကွေ့လိုက် လုပ်နေရာကနေ
“ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ) အသံလွှင့်ဌာနရှိတုန်းက မဆလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ကို လေလှိုင်းကနေ ပြန်ချေပ,တာလေးပြောပြမယ်၊ မြန်မာ့အသံကတဲ့ နှစ်ဘက်စစ်သည်တွေကျဆုံး တာနဲ့ပတ်သက်ပြီး မမှန်တဲ့သတင်းမှားတွေကို ခဏ, ခဏ,လွှင့်တယ်တဲ့ ပထမ စ,လွှင့်တော့ လူတွေ က မယုံကြဘူးတဲ့၊ နောက်ကြာလာတဲ့အခါကျတော့သံသယ လေးဝင်လာတယ်၊ တကယ်ပဲလားပေါ့၊ နောက်ဆုံးတော့ အဲဒီလိုလွှင့်တဲ့အကြိမ်တွေများလာတော့ လူတချို့က တကယ်ကိုယုံသွားကြရောတဲ့”

ဆေးရုံရဲ့ ကားရပ်ဘို့ထားတဲ့နေရာကိုအရောက်မှာ ကားမောင်းတဲ့စကားပြန်ဟာ သူ့ကားကို စနစ်တကျ ထိုးရပ်လိုက်ပါတော့တယ်။

“ကဲ ရောက်ပြီဟေ့၊ မင်းဘာသာမင်း ဆင်းလို့ရပါ့မလား၊ ငါတွဲရမလား”
“ရပါတယ်ဆရာ၊ ချိုင်းထောက်လေးသာ ကျွန်တော့်ဘက်ကိုကမ်းပေးပါ၊ ကျေးဇူးပဲ”

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment