+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, February 19, 2010

ဆရာကောင်းတပည့်များ ပန်းကောင်းပန်နိုင်ကြပါစေ

Photo By; Nann Kaw Kay Phor

ဆရာကောင်းတပည့်များ ပန်းကောင်းပန်နိုင်ကြပါစေ

(မင်းစိုးစံ)

တပည့်တွေက
မမျှမတ, မတူမညီဖြစ်နေကြတဲ့
ဒဿမကိန်းနဲ့အပိုင်းကိန်းကိုမြှောက်ပြီး
နှစ်ထောင့်တစ်ဆယ်နဲ့ပေါင်းဘို့
ပုံသေနည်းအကြောင်းမေးတော့
ကျုပ်,ရယ်သွမ်းသွေးရင်း
ဝင်းခတ်ထားတဲ့ခြံစည်းရိုးကို
သူ့အလိုလိုပျက်ကျိုးပြိုတဲ့အထိ
စောင့်ကြည့်စေခဲ့ရ,တယ်။

ကျုပ်သူငယ်ချင်းကတော့
သုည(သုံည)ရဲ့ နှစ်ထပ်ကိန်းရင်းကိုရှာခိုင်းပြီး
သုညအချင်းချင်းနှုတ်
သုညအချင်းချင်းပေါင်း
သုညအချင်းချင်းပြန်စားခိုင်းတယ်။

တပည့်များက
ဆွဲငင်အားအကြောင်းမေးတော့
မထူးခြားတဲ့လေသံ
ဟန်ပန်အပြည့်နဲ့ကျုပ်က
သုမုဒ္ဒရာတွေ၊ တောတွေ
တောင်တွေ၊ လူတွေ
ရပ်နေ၊ သွားနေ၊ လုပ်နေနိုင်တာတွေဟာ
ဆွဲငင်အားကြောင့်ပါလို့ရှင်းပြရင်း
ပိုသေခြာစေဘို့အရေး
အပွင့်တွေဖွေးနေတဲ့
ကျောင်းဘေးက,သရက်ပင်ရင်းမှာ
အသီးကြွေကျလာတဲ့အထိ
စောင့်ကြည့်စေခဲ့ရ,တယ်။

ကျုပ်သူငယ်ချင်းက
အရွက်ချင်းထပ်
အသီးချင်းညှပ်
အပွင့်ချင်းတဖြတ်ဖြတ်ခါနေတဲ့
သရက်ပင်အရင်းကို
ပုဆိန်တစဉ်းနဲ့ခုတ်လှဲ
အသီးကင်းအသီးရင့်
အပွင့်တွေအားလုံး
ကျောင်းသားတွေကိုစားစေခဲ့တယ်။

တပည့်တွေက
ဖန်လ်မီးသီးအစ,ကို
သိချင်ကြလေတော့
ကျုပ်က,မီးရဲ့အကျိုးကျေးဇူးနဲ့
မီးရဲ့ဘဝ မူလအစ,ကို
သိရ,အောင်ဆိုပြီး
နေ့ခင်းကြောင်တောင်
နွေခေါင်ခေါင်မှာ
လျှပ်ရောင်ပြက်လင်း
မိုးကြိုးခွင်းတဲ့အထိ
သင်းတို့ကိုစောင့်ကြည့်စေခဲ့ရ,တယ်။

ကျုပ်သူငယ်ချင်းကျတော့
စာသင်ကျောင်းအတွင်း
ဝက်ကိုသွင်းမောင်းပြီး
ကျောင်းကြီးကိုမီးရှို့
မီးခိုးမီးလျှံလက်ကျန်တွေကြား
ကင်ဖုတ်ထားသလိုဖြစ်သွားတဲ့
ဝက်သားကို စားစေခဲ့တယ်။

မျိုးဆက်သစ်တွေအတွက်ပူဆွေး
ပညာရေးစံနစ် ပြောင်းပစ်ဘို့အလုပ်
ကျုပ်တို့နှစ်ယောက်ဟာ
ER အခန်းထဲရောက်နေကြရုံမက
အထူးကုဆရာဝန်တွေ
အထူးကုဆရာဝန်မ,များ
ကျုပ်တို့ရဲ့ခွဲချုပ်ထားပြီး
ကိုယ်ခန္ဒာကြီးရဲ့ အတွင်းအပြင်တရစပ်
ဖြတ်၊ ညှပ်၊ ကပ်၊ တတ်သွင်းထားတဲ့
စက်တွေ ပိုက်တွေကို
ခေါင်းငိုက်စိုက်ချရင်း ဖြုတ်နေကြလေရဲ့။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး
ER= Emergency Room

0 comments:

Post a Comment