+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, February 25, 2010

သံရုံးအတွင်းပြေးဝင်သူ နိုင်ငံခြားသားဖြစ်နေ

ပြင်သစ်သံရုံးအတွင်း ဝင်ရောက်သူမှာ နိုင်ငံခြားသားဖြစ်
မဇစ္ဈိမသတင်းဌာန | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၇ နာရီ ၀၃ မိနစ်


ပြင်သစ်သံရုံးအတွင်းသို့ ဝင်ရောက်သွားခဲ့သူ ကင်မရွန်း နိုင်ငံသားကို ရဲလက်သို့ အပ်နှံလိုက်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံသို့ လွန်ခဲ့သည့် သီတင်းပတ် အနည်းငယ်က ရောက်ရှိလာခဲ့သူ အမည်မသိ ကင်မရွန်းနိုင်ငံသားကို ရဲက စစ်ဆေးမေးမြန်းစဉ် သံရုံးတံခါးအပွင့်နှင့် ကြုံကြိုက်၍ သံရုံးအတွင်း ဝင်ပြေးသွားခြင်း ဖြစ်သည်ဟု သံရုံးဝန်ထမ်းတဦးက ပြောသည်။

ရဲက တင်ပြပြောဆိုမှုအပြီး သံရုံးက ပြန်လည်အပ်နှံလိုက်သဖြင့် ကောင်းမွန်စွာ လိုက်ပါသွားကြောင်း သိရှိရသည်။

မစ္ဈိမ သတင်းဌာနမှ တိုက်ရိုက် ကူးယူဖေါ်ပြသည်။

0 comments:

Post a Comment