+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Wednesday, February 24, 2010

ဖွင့်၍မကြည့်ရဲသော တံခါးတချပ်

Photo by; Nount Kaw Kay Phort

ဖွင့်၍မကြည့်ရဲသော တံခါးတချပ်

(စိုးရိမ်)

စိတ်ကို
အကွေ့မှာမျှောဆင်းတတ်ဘို့က
လိုအပ်တဲ့ကျန်းမာရေး။


ကိုယ့်ရင်ဘတ်ကို မ,တင်ကြည့်ပြန်တော့
အတိတ်က
ထိတ်လန့်ဘွယ်မြေခွေး။

စကားလုံးအဖိတ်အလျှံများ
သတ်ပုံအကျအပေါက်များလို့
ဆေးလိပ်တိုမီးညှိပြီး
ကိုယ်ပဲ ည,ကို လက်ပစ်ကူးရတယ်။

(စိုးရိမ်)

(ပေဖူးလွှာ မဂ္ဂဇင်း)

ပေဖူးလွှာမဂ္ဂဇင်းကနေ ကူးယူရေးသားဖေါ်ပြထားတာဖြစ်ပါတယ်
မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment