+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, April 30, 2010

အသင့်ပြင်ထားကြဟေ့

ပြင်ထားကြဟေ့
(မင်းစိုးစံ)

မောင်ကျော်သန်းနဲ့မောင်ချစ်သူ
ရာထူးမတူကြပေမယ့်
နယ်ခြားစောင့်တပ်ဆိုတဲ့မူတရပ်
သဘောတူကြသတဲ့။ ။

မောင်ချစ်သူရဲ့မဟာစံအိမ်
မြေနီတောင်က ချိန်ထားတဲ့
ဝရဇိန်လက်နက်ထက်ပြင်း
အမြောက်ကြီးတွေကအထင်းသားဆိုတော့
သူမငြင်းရဲပေဘူး။ ။

ဒင်းတို့တတွေသဘောတူပေမယ့်
စောဘဦးကြီးရဲ့မူ
ကိုင်စွဲထူတဲ့ငါတို့
တိုက်ပွဲဝင်ဘို့အတွက်
အသင့်ပြင်တဲ့အနေနဲ့
ရွာတွေတိုင်းက
အိမ်တွေတိုင်းမှာ
ပဲစဉ်းငုံတပင်

ငရုပ်တပင်

သင်္ဘောတပင်နဲ့

ငှက်ပျောတပင်
အရင်စိုက်ထားစေရေး
အကြံပေးလိုက်ပါရစေ။ ။

နောက်မကျသေးဘူးဆိုရင်
မဝေးတော့တဲ့ကာလတခုမှာ
အသုံးတည့်လာပါလိမ့်မယ်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment