+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, May 1, 2010

မှတ်ထား



မှတ်ထား
(မင်းစိုးစံ)

သူငယ်ချင်း
မင်းစဉ်းစားကြည့်စမ်း
ဝမ်းခါဟောင်းနဲ့ဝမ်းခါသစ်
ထိုးစစ်ဆင်နွှဲ
အသက်လုတဲ့ပွဲမှာ
ရန်သူ ထောင်,ရာ မက
သေဆုံးခဲ့ကြတာ
မင်းအသိပါလေ။ ။

သူငယ်ချင်း
ငါတို့သတ်ကွင်းဗုံးကြောင့်
ဘဒင်ကုန်းနဲ့ကါလုကုန်း
ရန်သူတွေအတုံးအရုန်းကျ
ကက်ဖလူးကုန်းပြန်သိမ်းလို့ရ,တော့
သေလိုက်ကြတဲ့ရန်သုတွေ
မင်းအမြင်ပဲလေ။ ။

ခြောက်ဆယ်ဆိုတဲ့နှစ်ကာလ
ကြုံလာရတဲ့စစ်မြေပြင်မှာ
ရန်သူများစွာသေဆုံးကြသလို
တို့ဘက်ကလည်းကျဆုံးရတာ
မငြင်းသာပါဘူး။ ။


ဒါနဲ့များသူငယ်ချင်းရယ်
ဝေဝါးသိမ်ဖျင်းတဲ့အတွေး
ရန်သူ့ဘက်ပြေးပြီးဒူးထောက်
ရန်သူမြှောက်တိုင်းမြောက်ရင်း
အချင်းချင်းပြန်သတ်မဆုံး
ရန်သူ့ခြေသားလုံးကိုဖက်
မင်းအတွက်အခွင့်အရေး
ဆင့်တန်ဆာခွေးမျှော်သလို
မဖြစ်နိုင်တာကိုမှ
စိတ်ကူးယဉ်တတ်ပါပေ့။ ။


မင်းတောင်းဆိုတာတွေမှန်သမျှ
ဘာတခုမျှမရ,နိုင်တာက
ဗမာစစ်အစိုးရဆိုတာ
မင်းအဘ မဟုတ်လို့ပဲသူငယ်ချင်း။ ။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment