+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, September 11, 2010

ကဗျာ အတိုလေးများ

အကျုံးဝင်မှု

သမိုင်းထဲ မပါ
ဘာအရေးလဲ
မြေကြီးထဲ ဆွေးမြေ့သွားတဲ့အခါ
ပထ၀ီထဲတော့ ပါမှာပေါ့။

အင်တာဗျူး

အနာဂတ်ကို ယုံကြည်မှုရှိပါသလား (တဲ့)
ကျွန်တော် နားမရှင်းလိုက်ဘူး။
ယုံကြည်မှုမှာ အနာဂတ်ရှိပါသလား။



ဂုံးတံတားအောက်က နိုင်ငံရေး

သူတောင်းစားတစ်ဦးဟာ
အစာငတ်ခံဆန္ဒပြချင်ရင် ဘယ်လိုလုပ်ရပါ့
စားနိုင်သောက်နိုင်မှသာ
ဆန္ဒလည်းပြနိုင်ပေလိမ့်မယ်။

တေဇာ

ကဗျာတိုလေးတွေ အများအပြားထဲက ကျုပ်ကြိုက်တဲ့ ကဗျာလေးတွေကို ကူးထားတာပါ။
စိတ်ဝင်စားလျင် http://www.tazar.co.cc/2009/12/blog-post_17.html
အဲဒီကိုသွားလည်နော်။

မင်းစိုးစံ
အဝေးရောက် ကရင်ဒုက္ခသည်တဦး

0 comments:

Post a Comment