
တောင်ငူမြို့၏ မြို့တည်နန်းတည် နှစ် ၅၀၀ပြည့် အထိမ်းအမှတ်ပွဲ ကျင်းပ,မည်
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၏ မြို့တည်နန်းတည် နှစ် ၅၀၀ ပြည့် အထိမ်းအမှတ်ပွဲကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ ၂၁ ရက်(တန်ဆောင်မုန်းလပြည့်)နေ့တွင် စည်ကားစွာ ကျင်းပမည် ဖြစ်သည်။
အဆိုပါ အထိမ်းအမှတ်ပွဲတွင် ဓာတ်ပုံပြိုင်ပွဲ၊ အားကစားပြိုင်ပွဲ၊ ဂီတဖျော်ဖြေပွဲ စသည့် အစီအစဉ်များပါ ထည့်သွင်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ ယခုအချိန်မှ စတင်၍ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နေပြီ ဖြစ်သည်။
ထို့အပြင် တောင်ငူမြို့၏ အချက်အချာကျသော ဗိုလ်မှူးဖိုးကွန်းလမ်းနှင့် ရန်ကုန်-မန္တလေး လမ်းထောင့်တွင် တောင်ငူမြို့တည် ''မင်းကြီးညို'' ရုပ်တုကိုလည်း ပွဲတော်အမီ ဖွင့်လှစ်နိုင်ရန် ကြိုးစား တည်ဆောက်လျက် ရှိကြောင်း သိရသည်။
သတင်းရင်းမြစ်
http://www.news-eleven.com
0 comments:
Post a Comment