ကရင်တော်လှန်ရေးကို လမ်းလွဲသူ
(နန်းယမင်းဝေ)
ရန်ငါမပြတ်လို့
ကရင်ပြည်တော်မှာ
ကရင်လူထုတွေ သွေးမြေခခဲ့တာ
ရန်ငါမပြတ်သူ
ငြိမ်းခေါင်းဆောင်ဆိုသူတွေရဲ့
စိတ်ထားမျိုးတွေကြောင့်လား?
ငြိမ်းခေါင်းဆောင်တွေ အသင်အပြကလည်း
ပြည်တွင်းနေ ရွှေကရင်တွေကို
နအဖ အစိုးရကို မတော်လှန်ကြဖို့
နအဖ အစိုးရကို ထောက်ခံကြဖို့
နယ်ခြားစောင့်တပ်ကို လက်ခံကြဖို့
ကရင်တော်လှန်ရေးကိုရှောင်
နိုင်ငံတော်ရေးကိုသာဆောင်ကြပါလို့
လမ်းလွဲပေးတဲ့ သူတို့ရေ...
သြော်...အမျိုးဘာသာ သာသနာတော်ကြီးကို
ရာဇဝင်စာတမ်းဖတ်ကာ
နအဖ အစိုးရကို ဖားရုံမျှနဲ့
ကိုယ့်အမျိုးသားရေး
ကာကွယ်ထိန်းသိမ်းနိုင်ပါ့မလား?
ရန်ငါမပြတ်တဲ့
ငြိမ်းခေါင်းဆောင် အထွတ်အမြတ်တို့ရေ...
စောဘဦးကြီးကဲ့သို့
ကိုယ့်အမျိုးသားရေးအကျိုးဆောင်မဲ့
ကောသူးလေး ရွှေကရင်တွေရဲ့
အာဇာနည်စိတ်ဓာတ်မျိုးကိုတော့
မရိုက်ချိုးကြဖို့ မေတ္တာစိတ်ထားနဲ့
သတိပေးလိုက်ပါရစေ။......
နန်းယမင်းဝေ
ကရင်ပြည်တော်မှာ
ကရင်လူထုတွေ သွေးမြေခခဲ့တာ
ရန်ငါမပြတ်သူ
ငြိမ်းခေါင်းဆောင်ဆိုသူတွေရဲ့
စိတ်ထားမျိုးတွေကြောင့်လား?
ငြိမ်းခေါင်းဆောင်တွေ အသင်အပြကလည်း
ပြည်တွင်းနေ ရွှေကရင်တွေကို
နအဖ အစိုးရကို မတော်လှန်ကြဖို့
နအဖ အစိုးရကို ထောက်ခံကြဖို့
နယ်ခြားစောင့်တပ်ကို လက်ခံကြဖို့
ကရင်တော်လှန်ရေးကိုရှောင်
နိုင်ငံတော်ရေးကိုသာဆောင်ကြပါလို့
လမ်းလွဲပေးတဲ့ သူတို့ရေ...
သြော်...အမျိုးဘာသာ သာသနာတော်ကြီးကို
ရာဇဝင်စာတမ်းဖတ်ကာ
နအဖ အစိုးရကို ဖားရုံမျှနဲ့
ကိုယ့်အမျိုးသားရေး
ကာကွယ်ထိန်းသိမ်းနိုင်ပါ့မလား?
ရန်ငါမပြတ်တဲ့
ငြိမ်းခေါင်းဆောင် အထွတ်အမြတ်တို့ရေ...
စောဘဦးကြီးကဲ့သို့
ကိုယ့်အမျိုးသားရေးအကျိုးဆောင်မဲ့
ကောသူးလေး ရွှေကရင်တွေရဲ့
အာဇာနည်စိတ်ဓာတ်မျိုးကိုတော့
မရိုက်ချိုးကြဖို့ မေတ္တာစိတ်ထားနဲ့
သတိပေးလိုက်ပါရစေ။......
နန်းယမင်းဝေ
http://karenwantpeace.blogspot.com
စဉ်းစား
Source Audio from http://www.dvb.no/burmese
Source Audio from http://www.dvb.no/burmese



0 comments:
Post a Comment