+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, December 14, 2010

မြဝတီနယ်စပ် ဆက်ပိတ်ထားဦးမည်

မြဝတီနယ်စပ် ဆက်ပိတ်ထားဦးမည်
2010-12-14

အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ အဓိက ကုန်သွယ်ရာ မြဝတီနယ်စပ်ကို ပြန်ဖွင့်ပေးဖို့ လတ်တလော အစီအစဉ် မရှိသေးဘူးလို့ မြန်မာစစ်အစိုးရ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက် ပြီးခဲ့တဲ့ သောကြာနေ့ က ခေါ်ယူခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြည်တွင်း သတင်းစာဆရာတွေကို ၂၀၁၀ ခုနှစ် ကုန်သွယ်မှု ပမာဏနဲ့ တခြား ကုန်သွယ်ရေး အခြေအနေတွေကို ရှင်းလင်း ပြောကြားခဲ့ရာမှာ နယ်စပ်ကုန်သွယ်ရေးဌာန ညွန်ကြားရေးမှူး ဦးဇော်မင်းက အဲဒီလို ပြောကြားခဲ့တာပါ။

မြဝတီနယ်စပ်ကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုကြတဲ့ ကုန်သည်တွေကိုလည်း ရနောင်းဖက်ကသာ စက်လှေနဲ့ ပြောင်းလဲ ကုန်သွယ်ကြဖို့ စီးပွားကူးသန်းဝန်ကြီးဌာနက ညွန်ကြားခဲ့ကြောင်း သိရပါတယ်။

ဒါ့အပြင် နယ်စပ်ပိတ်ထားတဲ့အတွက် မြန်မာဖက်က နစ်နာမှု မရှိဘူးလို့ စီးပွားကူးသန်းဝန်ကြီးဌာန အရာရှိတွေက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု ပမာဏဟာ ၂၀၁၀-၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်နေ့အထိ၊ အမေရိကန်ဒေါ်လာ သန်းပေါင်း ၉ ထောင်ကျော် ရှိခဲ့ပြီး နယ်စပ်ပိတ်ထားပေမဲ့ ထိုင်းနိုင်ငံနဲ့ အမေရိကန် ဒေါ်လာ သန်း ၂ ထောင်ဖိုးအထိ ကုန်သွယ်နိုင်ခဲ့တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

Copyright © 1998-2010 Radio Free Asia. All rights reserved.

0 comments:

Post a Comment