+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, December 28, 2010

မီနီဆိုးတားပြည်နယ် မေပယ်ဝုမြို့ ၌ ရေဆူ

ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲတတိယနေ့၌ ရေဆူနေသည့် ပဋ္ဌာန်းရေအိုး
ပထမအကြိမ်၊ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ခြင်း မှတ်တမ်း (၁)

Monday, 27 December 2010

မီနီဆိုးတားပြည်နယ် မေပယ်ဝုမြို့

သီတဂူဓမ္မ၀ိဟာရကျောင်းတိုက်၌ ကျင်းပပြုလုပ်သော

ပထမအကြိမ်၊ အသံမစဲ စုပေါင်းမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ မှတ်တမ်း

ပဋ္ဌာန်းပွဲကျင်းပဖြစ်ဖို့ အခြေပြုခဲ့သော အကြောင်းတရားသည် ပေါ့တလန်မြို့ သီရိမင်္ဂလာကျောင်း ဆရာတော် အရှင်သီရိန္ဒ၏ မေတ္တာအရိပ်အောက် ခိုဝင်ရောက်မိစဉ် ဖြစ်ပေါ်လာခဲ့သည်။ အရှင်သီရိန္ဒ၏ သာသနာပြု မှတ်တမ်း စာစောင်ထုတ်ဝေဖို့ မိမိပါဝင်ကုသိုလ် လုပ်အားပေးသောအခါ မှတ်တမ်းဓာတ်ပုံ များတွေ့ရှိရသည်။

ထိုဓာတ်ပုံများအထဲမှ ၂၄နာရီပဋ္ဌာန်းပွဲ ကျင်းပသည့် ပုံရိပ်များ သည် မိမိအတွက် စိတ်ဝင်စားစရာ အတွေး သစ်များ ဖြစ်လာဖို့ အခြေပြုခဲ့သည်။ ထိုအချိန်ကစ၍ မိမိသီတင်းသုံးနေစဉ်အခိုက် ကျောင်းကိုအမှီပြုကာ ကုသိုလ်ယူနေကြ သည့် ဒကာ+ဒကာမတို့အား ပဋ္ဌာန်းပါဠိတော် ရွတ်ဖတ်ပူဇော် စေခြင်းဖြင့် ဓမ္မပူဇာ သာသနာ့ပူဇာပြုလုပ်ရရင် ကောင်းလေစွဟု အတွေးဖြစ်ခဲ့သည်။ ထို့ကြောင့် ပေါ့တ လန်က အပြန် ကျောင်းအတွင်းရေးမှူး ကျောင်းဥက္ကဋ္ဌ ကြီးတို့အား မိမိဆန္ဒ မိမိအစီ အစဉ်ကို ပြောပြသည့်အခါ လှိုက်လဲ ၀မ်းသာအားရ ပြုလုပ်သင့်ကြောင်း အားပေးသဖြင့် အသံမစဲ စုပေါင်း မဟာပဋ္ဌာန်းပွဲကြီးကို စီစဉ်ဖြစ်ခဲ့သည်။

စီစဉ်ခဲ့စဉ်က ၂၄နာရီပဋ္ဌာန်းအဖြစ် စိတ်ကူးခဲ့သော်လည်း ခရစ်စမတ်နှင့် နှစ်သစ်ကူးအားလပ်တို့ ပေါင်းစုံ၍ အချိန်ကောင်း ရက်ကောင်းများ တစုတဝေးတည်း ပေါင်းစုံနေသည့် ရက်ရာဇာ နေ့ဇာ ညရာဇာတို့ ဖြစ်နေသော ကြောင့် ပထမအကြိမ် အသံမစဲ စုပေါင်းမဟာပဋ္ဌာန်းပွဲကို (၇)တိုင်တိုင် ကျင်းပဖို့ အစီအစဉ်စွဲဖြစ်ခဲ့လေသည်။ မိမိကိုယ်တိုင် ဖိတ်စာများ စီမံရေးကုံးကာ ဒကာကြီး ဦးအောင်ကိုးနှင့် ဒကာကြီးအောင်သန်းတို့မှ မိတ္တူကိုး စာတိုက်ပို့ခြင်းလုပ်ငန်းများ စတင်လေ တော့သည်။

ရက်ရှည်ပဋ္ဌာန်းအတွက် မီနီဆိုးတားရှိ သံဃာတော်ငါးပါးနှင့် ဒကာ+ဒကာမများတို့၏ သဒ္ဓါ၊စေတနာတို့ကို ယုံကြည်အားကိုး၍ တွေဝေခြင်း မရှိ ရဲရဲကြီး ပျော်ပျော်ကြီး အားထုတ်မိခဲ့သည်။ အသံမစဲမဟာပဋ္ဌာန်းပွဲတော် ကြီးအတွက် ပြင်ဆင်မှုများကို မိမိကိုယ်တိုင် အပင်ပန်းခံ၍ ကိုအောင်ဆန်းဦး၊ သားသား၊ ကိုစိုးမင်း၊ကိုချစ်ဝင်း၊ ကိုညီတို့မှ အားတက်သရော ပါဝင်ကူညီသဖြင့် အခက်ခဲမရှိ ပြီးစီခဲ့လေသည်။

လိုအပ်သည့် ပဋ္ဌာန်းရေအိုး (၂၄)လုံးအတွက်ကိုလည်း ဒေါ်ခင်စန်းမြင့်နှင့် သား-ကိုပီတာ+သမီး-မခင်အောင် အောင်ဝင်း မိသားစုတို့မှ သဒ္ဓါပေါက်ကာ ပဋ္ဌာန်းပွဲအတွက်လှူဒါန်းကြသည်။ ထို့နောက် မိမိ၏ လိုအပ်ချက်များ၊ ကျောင်း အတွက်လိုအပ်ချက်များကို မိသားစုအလား ဖြည့်ဆည်းပေးကြသည့် ဒေါ်တင်တင်လှ၊ ဒေါ်မြင့်မြင့်သူတို့၏ ကြီးမားသည့် စေတနာ သဒ္ဓါတို့ကြောင့် ပြင်ဆင်မှုသည်လည်း အလုံးစုံ စင်းလုံးချောခဲ့လေသည်။

ပဋ္ဌာန်းပွဲရက်အတွင်းသို့ဆိုက်ရောက်သောအခါ ပဋ္ဌာန်းဒေသနာတော်များကို ပင်တိုင် ရွတ်ဆိုဖို့အတွက် ကြွရောက်ချီးမြှင့်သည့် ကရင်ဗုဒ္ဓဘာသာကျောင်းမှ ဆရာတော် အရှင်ယသ၊အရှင်သုန္ဒရ၊အရှင်သြဘာသ၊အရှင်ပဏ္ဍိတတို့ကလည်း အားတတ်သ ရော ပါဝင်ကူညီပေးသဖြင့်လည်း အတိုင်းမသိပျော်ရွှင်မိခဲ့သည်။

ပဋ္ဌာန်းပွဲမကျင်းပမှီ တရက်အလို မယ်ဝေါကီးမြို့မှ အရှင်နန္ဒ၀ံသသည်လည်း မပင့်မဖိတ် မသိရှိပဲ ဆိုက်ဆိုက် မြိုက်မြိုက် ကြွရောက်တော်မူသဖြင့်လည်း နတ်ဗြဟ္မာများက ပင့်ဖိတ်လေရောသလားဟု တွေးဆင့်ကာ သံဃာများ ပေါင်းစုံလေ သဖြင့်လည်း အပျော်ကြီး ပျော်မိခဲ့သည်။ သံဃာတော်တို့ များများကြွရောက်လေလေ ကျောင်းတော်ကြီးနှင့် ဒကာ+ဒကာမ တို့၏ သဒ္ဓါ စေတနာတို့သည်လည်း ပို၍ပို၍ ကြီးမားလေလေ တိုးပွား လေလေဖြစ်ပေသည်။

ပဋ္ဌာန်းပွဲ ပထမနေ့တွင် စိတ်ကြံစည်သည့်အတိုင်း အခက်ခဲမရှိ ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီး ဖွင့်လှစ်နိုင်ခဲ့သည်။ အရှင်နန္ဒ၀ံသမှ ပဋ္ဌာန်းဒေသနာတော်ကြီး၏ အဖွင့်ဂါထာတော်ကြီးဖြင့် ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် ဒကာကြီး ဦးအောင်ကိုးမှ ပဋ္ဌာန်းပွဲကျင်းရခြင်းအကြောင်းကိုရှင်းလင်းပြကာ ဥက္ကဋ္ဌကြီး ဦးအောင်သန်းမှ ပဋ္ဌာန်းဒေသနာ တော်နာယူဖို့ နတ်ဗြဟ္မာတို့ကို ပင့်ဖိတ်၍ ဆရာတော် အရှင်ယသမှ ပဋ္ဌာန်းပစ္စယနိဒ္ဒေသနှင့်ပစ္စယုဒ္ဒေသတို့ကို စတင်ရွတ်ဖတ်ပူဇော် ပေးခြင်းဖြင့် ပထမအကြိမ် (၇) တိုင်တိုင် အသံမစဲ မဟာပဋ္ဌာန်းဒေသနာတော်ကြီးသည် အသက်ဝင်စတင်၍ သီတဂူ ဓမ္မ၀ိဟာရကျောင်းအတွင်းနှင့် သီတဂူဒကာ+သီတဂူဒကာမများတို့ စိတ်နှလုံး သန္တာန်ဝယ် မရပ်မနား ဓမ္မအသံများ စီးဆင်း နေခဲ့သည်မှာ သုံးရက်မြှောက်ပင် ရှိခဲ့လေတော့သည်။

ပဋ္ဌာန်းမြတ်ဒေသနာ တရားသံများ အသံချိုမြ အေးမြကြည်လင် စီးဆင်းနိုင်စေဖို့ အသံပိုင်းဆိုင်ရာ စက်ပစ္စည်များကို နိုင်စံမြင့်+မသန်းသန်းဝင်း (မွန်မိသားစု)မှ အပင်ပန်းခံ လိုအပ်သည်များ ဖြည့်ဆည်း၍ ကိုကိုထွေး+မညို ညိုစိုး၊သမီးလေး-စန္ဒီစိုးထွေးတို့နှင့် ကိုအောင်မြင့်ထွန်း+မမြတ်သန္တာထွန်း သမီးလေး-လင်းကလျာ ထွန်းတို့ကလည်း သဒ္ဓါဖွေးဖြူ အသံထွက်ဖို့အရေး အားပေးထောက်ပံ့လှူဒါန်းကြပါသည်။
ဦးဟန်ဇော် ပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်နေစဉ်

ပဋ္ဌာန်းဒေသနာတော် အသံမစဲ ရွတ်ဖတ်ဖို့အရေး သဒ္ဓါလှိုင်းတို့ ဖွေးဖွေးလွှလွှ လှိုင်းထနေကြသော သံဃာတော်အရှင်မြတ်ငါးပါးနှင့် ဒကာ+ဒကာမတို့၏ တက်ကြွ ကြည်လင် စိတ်အစဉ်သည် ပဋ္ဌာန်းပွဲအတွက် စီစဉ်ရသော မိမိ၏ နှလုံးသားကို ပင်ပန်းမှုများ မေ့ပျောက် အော် နောက်နှစ်ဆိုရင် ဒီထက်မက ပို၍ပင် စည်ပင် အောင်ကျင်းပမည်ဟု အနာဂတ်ပဋ္ဌာန်းပွဲကိုပင် စိတ်ကူးနှင့် စီစဉ်နေမိတော့သည်။

နေ့ညမအား အသံမစဲအောင် ရွတ်ဖတ်ပူဇော်ကြသည့် သံဃာတော်များနှင့် လူပုဂ္ဂိုလ်များစာရင်းကို ချရေးကြည့် မိသည်။ သံဃာတော်များ စာရင်း

(၁) အရှင်ယသ (၂) အရှင်သုန္ဒရ (၃) အရှင်နန္ဒ၀ံသ (၄) အရှင်သြဘာသ (၅) အရှင်ပဏ္ဍိတ (၅) အရှင်နာယက

လူပုဂ္ဂိုလ်များ စာရင်း

(၁) ဦးဟန်ဇော် (၂) ဦးအောင်သန်း+ဒေါ်တင်တင်လှ (၃) ဦးအောင်ကိုး+ဒေါ်မြင့်မြင့်သူ (၄) ဒေါက်တာဝင်းချို လှိုင်+ဒေါက်တာရီရီချို (၅) ဒေါ်ခင်စန်းမြင့် (၆) မခင်အောင်အောင်ဝင်း (၇) ကိုကိုထွေး+မညိုညိုစိုး (၈) ကိုအောင်ဆန်းဦး၊ (၉) ကိုမင်းစိုး+မစန္ဒာ (၁၀) ကိုအောင်လွင်+မသီတာဝင်း (၁၁) ကိုနိုင်+မခင်တင်လတ် (၁၂) သားသား (၁၃) ကိုမင်းအောင်မြင့်နှင့် သူငယ်ချင်းများ (၁၄) ကိုညီ+မသိန်းသိန်းဝင်း (၁၅) ကိုရဲဒင်း+မအေးအေးဝင်း (၁၆) ကိုမောင်မောင် (၁၇) ကိုခွန်မျိုးငယ်+မသန္တာ (၁၈) မသန်းသန်းအေး (၁၉) မောင်လေး (၂၀) မသန်းသန်းဝင်း အစရှိသည့် ဒကာ+ဒကာမများတို့က ပါဝင် ရွတ်ဖတ်ပူဇော်ကြသည်။

ထူးထူးခြားခြား မွန်ဘာသာ မွန်စကားဖြင့် ပဋ္ဌာန်းဒေသနာတော်ကြီးကို အားတက်သရော သဒ္ဓါအပြည့် စေတနာ အပြည့်တို့ဖြင့် အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲ နိုင်သီဟ နိုင်စန်းယုတို့ကလည်း ရွတ်ဖတ်ပူဇော်လေသဖြင့် ထူးခြားလေသည်၊ အကျိုးများလေမည်ဖြစ်ပါသည်။

ဒုတိယညပိုင်းနှင့် တတိယမနက်ပိုင်းတွင် အိပ်ရေးအပျက်ခံကာ ဒကာလေး မောင်မင်းစိုးနှင့် သားသားတို့ ကလည်း ကိုယ်တိုင်လည်း ပူဇော် သံဃာတော်များ ရွတ်ဖတ်နိုင်ဖို့ အချိန်တော်မနှေးစေဖို့ အားပေး ကူညီကြသည်။

ပဋ္ဌာန်းပွဲ ရွတ်ဖတ်ပူဇော်ပွဲအတွက် သံဃာတော် မပင်မပန်း ရွတ်ဖတ်နိုင်စေဖို့ အရုဏ်ဆွမ်း+နေ့ဆွမ်းတို့ဖြင့် သဒ္ဓါဖွေးဖြူ ချက်ပြုတ်စီမံပေးကြသည့် အလှူရှင်များစာရင်းမှာ

ပဋ္ဌာန်းပွဲ ပထမနေ့

အရုဏ်ဆွမ်း အလှူရှင် - မိခင်ကြီး ဒေါ်ကြင်ဆိုင်နှင့် ဥက္ကကြီး ဦးအောင်သန်း+ဒေါ်တင်တင်လှ၊

နေ့ဆွမ်း အလှူရှင် -ဒေါ်ခင်စန်းမြင့်၊ သား-ကိုပီတာ+သမီး မခင်အောင်အောင်ဝင်းမိသားစုနှင့် ကိုအောင်လွင်+ မသီတာဝင်း မိသားစု။

ပဋ္ဌာန်းပွဲ ဒုတိယနေ့

အရုဏ်ဆွမ်း အလှူရှင် - ကိုကိုထွေး+မညိုညိုစိုး မိသားစုနှင့် ကိုညီညီ+မသိန်းသိန်းဝေ

နေ့ဆွမ်း အလှူရှင်- ဒေါ်မြင့်ဋ္ဌေးမိသားစု၊ ကိုဂျော်နီ မိသားစု၊ ကိုနိုင်+မခင်တင့်လတ် မိသားစု၊ ကိုဝင်းဗိုလ်+မသန်းသန်းအေး မိသားစု၊ ကိုရဲဒင်+မအေးအေးဝင်း မိသားစု၊ ကိုခွန်မျိုးငယ်+မသန္တာ မိသားစု၊ ကိုအောင်လွင်+မသီတာဝင်း မိသားစု၊ နိုင်စံမြင့်+မသန်းသန်းဝင်းမိသားစု (မွန်မိသားစု)၊ ဒေါ်ခင်စန်းမြင့်၊ သား-ကိုပီတာ+သမီး-မခင်အောင်အောင်ဝင်း မိသားစု

ပဋ္ဌာန်းပွဲ ဒုတိယနေ့ ည အဖျော်အလှူရှင်

ကိုရဲဒင်+မအေးအေးဝင်းမိသားစုတို့မှ ဂျင်းသုတ် လှူဒါန်းသည်။

နိုင်စံမြင့်+မသန်းသန်းဝင်း (မွန်မိသားစု) တို့မှ အဖျော်အရည်တို့ဖြင့် လှူဒါန်း ထောက်ပံ့ပေးသည်။

ပဋ္ဌာန်းပွဲ တတိယနေ့

အရုဏ်ဆွမ်းအလှူရှင်- မိခင်းကြီးဒေါ်ကြင်ဆိုင်နှင့် သား-ဦးအောင်သန်း+ဒေါ်တင်တင်လှ

နေ့ဆွမ်းအလှူရှင်- ကိုချင်း+မလေး မိသားစု၊ နိုင်စံမြင့်+မသန်းသန်းဝင်း (မွန်မိသားစု) မစိန်ကြည် မိသားစု၊ ကိုခွန်မျိုးငယ်+ မသန္တာ မိသားစု၊ ဦးအောင်မြိုင်+ဒေါ်မြိုင်မိသားစု၊ ကိုအောင်လွင်+မသီတာဝင် မိသားစု၊ ကိုနိုင်+မခင်တင်လတ် မိသားစု၊ ဒေါ်တင်တင်လှ၊ ဒေါ်ခင်စန်းမြင့်တို့မှ သံဃာတော်များနှင့် ပဋ္ဌာန်းပူဇော်ကြသည့် လူဂ္ဂိုလ်တို့အား အာဟာရဒါနတို့ဖြင့် သာသနာတော်ကြီးအတွက် လှူဒါန်းကြသည်။

ဤမှတ်တမ်းတွင် ပါဝင်သည့် ဆွမ်းအာဟာရဒါန အလှူရှင်များနှင့် အသံအား စေတနာ သဒ္ဓါတရားအားတို့ဖြင့် အဘိဓမ္မာဒေသနာတော်ကြီး အသံမစဲ စုပေါင်းရွတ်ဖတ်ပူဇော်ပွဲသည့် ဓမ္မသဒ္ဒ ဓမ္မပူဇာ အလှူရှင်တို့သည် မှန်းဆသည့် ထက်၊တွေးဆသည်ထက် တိုးပွား၍နေ အောင်မြင်၍နေလေတော့သည်။ ထို့ကြောင့် (၇)ရက် ပဋ္ဌာန်းပွဲသာမက (၁)လပဋ္ဌာန်း ဒေသနာရွတ်ဖတ်ပွဲကြီး ကျင်းပလျှင်လည်း မဖြစ်နိုင်စရာမရှိ တကယ်ပင် အခက်ခဲမရှိ အောင်မြင် လိမ့်မည်ဟု တွေဝေခြင်း မရှိ မိမိယုံကြည်မိကြောင်းမှတ်တမ်းတင်လိုက်ရပါသည်။ ကျန်ရှိသည့် ရက်များအတွက် ဆက်လက် ရေးသားဖော်ကျူး ပါဦးမည်။

ယုံကြည် ပျော်ရွှင် စိတ်အစဉ်ဖြင့်

အရှင်နာယက (မနက်ဖြန်)

Source Article from

http://www.sitagumn.org/index.php?option=com_content&view=article&id=90:2010-12-27-21-16-38&catid=16:2009-06-30-14-07-22&Itemid=47


0 comments:

Post a Comment