+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, December 27, 2010

မြန်မာနိုင်ငံတွင် လူစားလမ်းများ ဖွင့်လှစ်

ရန်ကုန်-မန္တလေး အမြန်လမ်းရှိ နေပြည်တော်-မန္တလေး လမ်းပိုင်းကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

အဆိုပါ နေပြည်တော်-မန္တလေး လမ်းပိုင်းကို အောက်တိုဘာလ ၁၄ ရက်နေ့တွင် ဖွင့်လှစ်ရန် သတ်မှတ်ခဲ့သော်လည်း မိုးရက်ဆက် ရွာသွန်းမှုများကြောင့် လမ်းပိုင်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့၍ ပြန်လည်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရကြောင်း သိရသည်။ ယင်းကဲ့သို့ ပျက်စီးမှုများသည် မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၊ ကူကွဲ- ပြင်စည်- စကားအင်းလမ်းပိုင်းအတွင်း မိုင်တိုင်အမှတ် ၂၃၂/၂ နှင့် ၂၃၂/၃ အကြားတွင် ရေတိုက်စားမှုကြောင့် ကွန်ကရစ်လမ်း ပျက်စီးမှုဖြစ်ပေါ်ခဲ့ပြီး မိုင်တိုင်အမှတ် ၃၂၉/၀ နှင့် မိုင်တိုင် အမှတ် ၃၂၉/၁ အကြားတွင်လည်း ရေတိုက်စားမှုကြောင့် မြေသားလမ်းပိုင်းအချို့ ကြံ့ခိုင်မှုအပိုင်း အားနည်းခဲ့ကာ မိုင်တိုင်အမှတ် ၃၂၉/၃ တွင်လည်း လမ်းပခုံးသား ရေတိုက်စား၍ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ပြန်လည်ပြင်ဆင်မှုများပြုလုပ်နေရာ ယခုအခါပြီးစီးပြီဖြစ်၍ ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။

"ဒီလ ၂၉ ရက်နေ့မှာ နေပြည်တော်- မန္တလေးလမ်းပိုင်းကို ဖွင့်လှစ်တော့မှာပါ။ ဒီလမ်းပိုင်း ဖွင့်လှစ်ပြီးရင်တော့ ရန်ကုန်-မန္တလေးခရီးစဉ် ကို ရှစ်နာရီဝန်းကျင်လောက်ပဲ ကြာမြင့်တော့မှာပါ။ အရင်လမ်းဟောင်းနဲ့ စာရင်တော့ ခရီးအကွာအဝေးက ကျုံ့သွားမှာပါ။ ရေတိုက်စားမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် နေပြည်တော် - မန္တလေးလမ်းပိုင်း ဖွင့်လှစ်ချိန်ဟာ နှစ်လလောက် နောက်ကျသွားခဲ့ရပါတယ်"ဟု လမ်းပိုင်းဆိုင်ရာ အင်ဂျင်နီယာတစ်ဦးက ပြောပြခဲ့သည်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးသည် ၃၅၃ မိုင် ခြောက်ဖာလုံ ရှိပြီး ရန်ကုန် အမှတ်(၃)လမ်းဆုံမှ နေပြည်တော်လမ်းပိုင်းသည် ၂၀၂ မိုင် သုံးဖာလုံကို ၂၀၀၉ခုနှစ် မတ်လ အတွင်း ဖွင့်လှစ်ခဲ့သည်။ ယခုအခါ နေပြည်တော်-မန္တလေးလမ်းပိုင်း ၁၅၁ မိုင် ၃ ဖာလုံကို ၂၀၁၀ ပြည့်နှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Comments
နေပူတော် - ရန်ကုန်လမ်းပိုင်းဖွင့်ပြီးသကာလ မှာ တစ်လလျှင်အနည်းဆုံး ကားတစ်စီးမှောက် နေကြောင်း စိတ်မကောင်းစွာ ကြားရပါသည်။
အခုနေပူတော် - မန်းတလေးကားလိုင်းမှာမောင်းကြမယ့် ကားသမားတွေကို သတိထားမောင်းနှင်ကြပါခဗျာ။
အိမ်ကို အမြန်ရောက်တိုင်းလည်း မကောင်းတာကို ရှေ့မှာ ဥပမာတွေ သက်သေတွေရှိနေလို့ပါ။

၂၀၀၉ ခုနှစ် တစ်နှစ်တာအတွင်း ဖြစ်ပေါ်ခဲ့သော ယာဉ်မတော်တဆမှုများတွင် မော်တော်ဆိုင်ကယ်များကြောင့် ဖြစ်ပွားမှုမှာ ၄၈ ဒသမ ၇၆ ရာခိုင်နှုန်း ရှိခဲ့ပြီး ထရပ်ကားများကြောင့် ဖြစ်ပွားမှုမှာ ၈ ရာခိုင်နှုန်းခန့် ရှိခဲ့သည်။

်ကျန်တာ လမ်းကြောင့် ဖြစ်ရတာပါ

Source from http://www.news-eleven.com

0 comments:

Post a Comment