+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, December 27, 2010

ကျောက် စိန် ကား ဈေးထက် အိမ်ခြံမြေဈေး အမြင့်ခေါ်

လတ်တလော အိမ်ခြံမြေ ဈေးကွက်တွင် ခေါ်ဈေးများ မြင့်တက်နေသည့်အတွက် အရောင်းအ၀ယ် အေးနေကြောင်းနှင့် ဒီဇင်ဘာလ တစ်လတာအတွင်း ဈေးကွက်အားပြန်လည် သုံးသပ်ပါက စုစုပေါင်း အရောင်းပမာဏမှာ ငါးရာခိုင်နှုန်း ပတ်ဝန်းကျင်သာရှိပြီး ၉၀ ရာခိုင်နှုန်းကျော် မှာ အငှားများဖြစ်ကြောင်း အိမ်ခြံမြေဈေးကွက် အကျိုးဆောင်များ၏ ပြောကြားချက်အရ သိရှိရသည်။

"ကျောက်ပွဲပြီးသွားတော့ အိမ်ခြံမြေအလားအလာကောင်းဖို့ မျှော်လင့်ထားတာ ရှိပါတယ်။ ဒါပေမယ့် ကျောက်ပွဲကငွေတွေလည်း သိပ်တော့ ၀င်မလာသေးဘူး။ တကယ်လို့ ၀င်လာသည့်တိုင် လက်ရှိအနေအထား အရ earning ဈေးက တော်တော်လည်း ကျနေတော့ ၀ယ်တဲ့လူတွေကလည်း စဉ်းစားကြတော့မှာ ဥပမာ အရင်က ဒေါ်လာတစ်သိန်းရောင်းရင် ကျပ်သိန်း ၁၀၀၀ ကျော်ရပေမယ့် အခုက သိန်း ၉၀၀ လောက်ပဲရမှာဆိုတော့ ဒီမှာတင် သိန်း ၁၀၀ လောက် ကွာနေပြီလေ။ ၀ယ်တဲ့လူတွေဘက်ကလည်း ချိန်ဆလာကြသလို ရောင်းတဲ့လူဘက်ကလည်း သူ့အိမ်ခြံမြေကို ဈေးတင်ထားတယ်။ အဲဒါနဲ့ အခုတလော အရောင်းအ၀ယ်မဖြစ်တာ များပါတယ်" ဟု မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ မန်နေဂျင်း ဒါရိုက်တာဦးသန်းဦးက ပြောပြခဲ့သည်။ ယင်းကဲ့သို့သော အခြေအနေများကြောင့် ကျောက်ပွဲအပြီး အိမ်ခြံ မြေလှုပ်ခတ်ခဲ့ဖူးသည့်အစဉ်အလာရှိခဲ့ သော်လည်း လက်ရှိတွင် ငွေမာဈေး ကျဆင်းနေမှုနှင့် အိမ်ခြံမြေသမားများ ဘက်မှလည်း စိန်၊ ကားဈေး ကွက်များထက်မာသည်ဟုယူဆထားသော အိမ်ခြံမြေများကို ဈေးအမြင့်ခေါ်ထားသောကြောင့် အရောင်းအ၀ယ်အေးနေကြောင်း သိရှိရသည်။

"အခုတော့ စီးပွားရေးသမား တွေရော၊ ကျောက်သမားတွေပါ ဈေး ကွက်အခြေအနေကို စောင့်နေတုန်း ပါပဲ။ အနည်းဆုံးတော့ တစ်လ၊ နှစ်လလောက်တော့ ကြာဦးမယ်ထင် တယ်။ အခုက ဈေးတော့မြင့်နေ တယ်။ မြင့်တယ်ဆိုတာလည်း ကြိုအော်နေကြတာ။ တကယ်တမ်း အရောင်းအ၀ယ် မဖြစ်ပါဘူး။ ဈေး ကွက်ထဲမှာအိမ်ခြံမြေဈေးတက်တယ် ဆိုတာက လွန်ခဲ့တဲ့ဇူလိုင်လလောက် ကပဲ စပြီးတက်လာခဲ့တာပါ။ လမ်းမ တန်းနဲ့ အဓိကကျတဲ့နေရာတွေမှာတော့ 1 sqft ကို ကျပ်တစ်သိန်းနဲ့ နှစ်သိန်းကြားကနေ သုံးသိန်းနဲ့ လေးသိန်းကြားလောက် ခေါ်နေကြတာပါ"ဟု အိမ်ခြံမြေအကျိုးဆောင် တစ်ဦးကလည်း ပြောပြခဲ့သည်။

သို့သော် လတ်တလောတွင် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာသောကြောင့် စက်မှုဇုန်ဈေးကွက်များ မြင့်တက်နေသည်ဟူသည့် သတင်းများလည်း ထွက်ပေါ်နေရာ "စက်မှုဇုန်မြေကွက်လည်း အရောင်းအ၀ယ် အေးနေပါတယ်။ အလုံးလိုက်၊ အရင်းလိုက် ၀င်လာတာမျိုး မတွေ့ရသေးပါဘူး။ နိုင်ငံခြားသား ၀ယ်မယ်ဆိုရင် တိုက်ရိုက်ဝယ်လို့တော့ မရသေးပါဘူး"ဟု အခြား အိမ်ခြံမြေ ကျွမ်းကျင်သူတစ်ဦးကလည်း သုံးသပ်ပြခဲ့သည်။

"အခုတစ်ပတ် အိမ်ခြံမြေအရောင်းအ၀ယ်က ခပ်အေးအေးပါပဲ။ ကွန်ဒိုတိုက်ခန်းဆိုရင် Down Town ခြောက်မြို့နယ်ထဲမှာပဲ ကျပ်သိန်း ၇၀၀ ၀န်းကျင်လောက်နဲ့ ပြီးခဲ့တဲ့ အပတ်က အရောင်းအ၀ယ်ဖြစ်တယ်။ မြေကွက်တွေကတော့ မဖြစ်သလောက် ရှိတယ်။ ကျန်တာတွေလည်း အေးနေပါတယ်။ အရင်တစ်ပတ်က သာကေတ၊ မြခွာညိုလမ်းမှာ ကျပ်သိန်း ၁၅၀၀ နဲ့လုံးချင်း အရောင်းအ၀ယ် ဖြစ်တယ်။ ကျန်တာတွေက အငှားလောက်ပါပဲ။ စမ်းချောင်းဘက်လည်း အငှားများနေတယ်။ လသာမှာ ၂၂ ပေ၊ ပေ ၆၀ တစ်ခန်းကို ၁၅ သိန်း၊ စာချုပ်ကတော့ ခြောက်လ၊ တစ်နှစ် ချုပ်ကြပါတယ်။ အဲဒါတွေက အငှားတွေပါ။ ပြီးတော့ အခုကာလက ခရစ္စမတ်နဲ့ New Year လည်း ဖြစ်နေတယ်။ ပုံမှန်အနေအတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ အနေအထားကတော့ ဧပြီလနောက်ပိုင်းမှာ ကောင်းလေ့ရှိတယ်။ အထူးသဖြင့် ပွင့်လင်းရာသီဖြစ်တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလလောက်မှာ ဖြစ်ကြတယ်။ အခု လောလောဆယ်တော့ အငှားပဲ များနေပါတယ်။ အားလုံးကလည်းစောင့် ကြည့်နေတုန်းပါပဲ"ဟု Unity အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဇော်ဇော်က ပြောပြခဲ့သည်။

Source from http://www.news-eleven.com

0 comments:

Post a Comment