+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, April 30, 2011

ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ရန်ပုံငွေရှာဖွေ


ငလျင်ဒဏ်သင့် ဒုက္ခသည် ကူညီရေး

ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ရန်ပုံငွေရှာဖွေ
2011-04-30

ရှမ်းပြည်နယ်က ငလျင်ဒဏ်သင့် ဒုက္ခသည်တွေဟာ စားဝတ်နေရေး အခက်အခဲတွေ ကြုံနေရပြီး အကူအညီ လိုအပ်နေဆဲဘဲလို့ ငလျင်ဒဏ်သင့် ဒေသတွေကို သွားရောက်ကူညီခဲ့တဲ့ စေတနာရှင်တွေ နဲ့ အကူအညီပေးရေး အဖွဲ့တွေကပြောပါတယ်။

ငလျင်ဒဏ်သင့် ဒုက္ခသည်တွေရဲ့ အခက်အခဲတွေကို အကူအညီ ပေးနိုင်ဖို့အတွက် ကျိုင်းတုံမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့က ရန်ပုံငွေ ရှာဖွေရေး အစီအစဉ်တရပ် လှုပ်ရှား ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


ငလျင်ဒဏ်သင့် ဒေသတွေရဲ့ လက်ရှိ အခြေအနေကို မှတ်တမ်းတင် ရိုက်ကူးထားတဲ့ ဓာတ်ပုံ၊ ဗီဒီယိုတွေနဲ့ တေးသီချင်းတွေ စပ်ဆိုပြီး စီဒီခွေအဖြစ် ထုတ်လုပ်ကာ ရန်ပုံငွေ ရှာဖွေနေကြတာ ဖြစ်ပါတယ်။ ဒီအကြောင်း မခင်ခင်အိက စုစည်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။




Copyright © 1998-2011 Radio Free Asia. All rights reserved.

0 comments:

Post a Comment