+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, April 30, 2011

ငွေစက္ကူအဟောင်းအား အမြတ်ယူ၍ အသစ်ဖြင့် လဲလှယ်ခြင်းကို အရေးယူမည်


ငွေစက္ကူအဟောင်းအား

အမြတ်ယူ၍ အသစ်ဖြင့် လဲလှယ်ခြင်းကို အရေးယူမည်



ရန်ကုန်တိုင်းဒေသကြီး အတွင်း ငွေစက္ကူ အဟောင်းအနွမ်းများကို အမြတ်အစွန်းယူ၍ ငွေစက္ကူအသစ်ဖြင့် တရားမ၀င် လဲလှယ်ခြင်းများကို စစ်ဆေးပြီး ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သတင်းရရှိသည်။

ဗဟိုဘဏ်မှ ငွေအကြွေများနှင့် ငွေစက္ကူအဟောင်းများကို အသစ်များဖြင့် ပြန်လည်လဲလှယ်ပေးနေ သော်လည်း အများပြည်သူအကြား ငွေစက္ကူအစုတ်များကိုသာ သုံးစွဲနေရကြောင်း၊ ဗဟိုဘဏ်မှ ငွေစက္ကူအသစ် များကို လဲလှယ်သိမ်းဆည်း၍ ပြင်ပတွင် အမြတ်အစွန်းယူကာ ပြန်လည် လဲလှယ်ပေးသည့် သူများရှိနေခြင်း ကြောင့် ယင်းကဲသို့မရှိစေရန် အရေးယူရခြင်းဖြစ်သည်ဟု သိရှိရသည်။

“ဗဟိုဘဏ်က ငွေအကြွေတွေ ရော၊ ငွေစက္ကူအသစ်တွေကိုပါ လဲပေးတယ်။ ဒါပေမဲ့ အဲဒီငွေစက္ကူ အသစ်တွေကို ပြည်သူတွေဆီကို မရောက်ဘူး။ ပြည်သူတွေကြားမှာ ငွေစက္ကူအနွမ်းတွေကိုပဲ သုံးစွဲနေ တာကိုတွေ့ရတယ်။ ငွေစက္ကူအ ဟောင်းအနွမ်းတွေ သုံးစွဲမှုပပျောက် စေဖို့အတွက် အသစ်တွေကိုလဲပေး ပေမဲ့ အဓိကအများပြည်သူဆီကို မရောက်ဘူး။ ပြီးတော့ လူအတော် များများက ငွေစက္ကူအသစ်ကလေး တွေဆိုရင် သိမ်းထားတတ်တယ်။ မသုံးကြဘူး။ ပြီးတော့ တချို့က ဗဟိုဘဏ်က ငွေစက္ကူအသစ်တွေ လဲပြီး အပြင်က အဟောင်းတွေကို အမြတ်အစွန်းယူပြီး တရားမ၀င်လဲပေးတဲ့ ဈေးကွက်ရှိနေတဲ့အတွက် စစ်ဆေးပြီး တိတိကျကျ အရေးယူ ဆောင်ရွက်သွားမှာပါ”ဟုရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။

ယခုကဲ့သို့ အရေးယူရန်စီစဉ် ရခြင်းမှာ အစိုးရသစ်လက်ထက် တွင်ငွေစက္ကူအဟောင်းအနွမ်းများ ပပျောက်စေရန်လည်း ရည်ရွယ်ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် ဧပြီလ ၂၂ ရက် နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ စူပါမားကတ်မျာနှင့် စတိုးဆိုင်များမှ တာဝန်ရှိသူများကို ခေါ်ယူ၍ ငွေစက္ကူအသစ်လဲလှယ် ပေးမှုများနှင့်ပတ်သက်၍ တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“တချို့က ငွေစက္ကူအသစ်နဲ့ အဟောင်းနဲ့ လဲလှယ်တာကို အလုပ် ရှုပ်တယ်ဆိုပြီး သွားမလဲကြဘူး။ ပြီး တော့ နီးစပ်ရာ ငွေစက္ကူအဟောင်းနဲ့ အသစ်နဲ့လဲပေးတဲ့ဆီကနေ ပိုက်ဆံ အလိုက်ပေးပြီးပြန်လဲကြတယ်။ ဒါ ကြောင့် အများပြည်သူတွေအနေနဲ့ ငွေစက္ကူအသစ်တွေကို သိမ်းမထားဘဲ ဈေးကွက်ထဲမှာ အသုံးပြုစေချင် ပါတယ်။ ဒါမှလည်း ငွေစက္ကူအဟောင်းအစုတ်တွေ ပပျောက်သွား မှာပါ”ဟု အဆိုပါတာဝန်ရှိသူက ရှင်းပြခဲ့သည်။

ဗဟိုဘဏ်မှ ငွေစက္ကူအကြွေ အသစ်များကို လဲလှယ်ပေးရာတွင် စတိုးဆိုင်၊ စူပါမားကတ်များကို တစ်လလျှင် ငါးသိန်းနှုန်းဖြင့် လဲလှယ်ပေးပြီး လက်ဖက်ရည်ဆိုင်များကို တစ်လလျှင် နှစ်သိန်းနှုန်းဖြင့် လဲလှယ် ပေးကြောင်း၊ မော်တော်ယာဉ်လိုင်း ပေါင်းစုံထိန်းသိမ်းရေးကော်မတီ (မ.ထ.သ)ကိုမူ တစ်လလျှင် ကျပ်သိန်း ၁၅၀ အထိ လဲလှယ်ပေးပြီး ယခုနှစ် မတ်လမှစတင်၍ တစ်လလျှင် သိန်း ၂၀၀ ဖိုး တိုးမြှင့်အထိ လဲလှယ်ပေး နေကြောင်း သိရှိရသည်။

‘လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက် ကစပြီး မြန်မာ့စီးပွားရေးဘဏ်တွေ ကတစ်ဆင့် လဲလှယ်ပေးခဲ့တာပါ’ ဟု ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦး က ပြောပြခဲ့သည်။

#11 KZMO 2011-04-28 11:14

ငွေစက္ကူ အဟောင်းအနွမ်းများကို အမြတ်အစွန်းယူ၍ ငွေစက္ကူအသစ်ဖြင့်  တရားမ၀င် လဲလှယ်ခြင်းများ ကို စစ်ဆေးပြီး ထိရောက်စွာ အရေးယူသွားမည်ဖြ စ်ကြောင်း ရန်ကုန်တိုင်းဒေ သကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သတင်းရရှိ ဖြစ်သင့်တာကတော့ ငွေစက္ကူအသစ်များ အားထိရောက် စွာလဲလှယ်ပေးနို င်ခြင်းမရှိသော အစိုးရအဖွဲ့မှ တာဝန်ရှိသူများအား စစ်ဆေးပြီးထိရော က်စွာ အရေးယူသွားမည်ဖြ စ်ကြောင်းလို့ဖြစ်သင့်ပါတ ယ်
(မ.ထ.သ)ကိုမူ တစ်လလျှင် ကျပ်သိန်း ၁၅၀ အထိ လဲလှယ်ပေးပြီး ယခုနှစ် မတ်လမှစတင်၍ တစ်လလျှင် သိန်း ၂၀၀ ဖိုး တိုးမြှင့်အထိ လဲလှယ်ပေး ကောင်းလိုက်တဲ့အ တွက်အချက်နဲ့ စီမံခန့်ခွဲမှု
မထသ အောက်မှာယာဉ်လို င်းဘယ်နှစ်လိုင်းရှိလဲ။ ယာဉ်စီးရေ ဘယ်လောက်ရှိလဲ။ လဲပေးတာက ၁လ သိန်း ၁၅၀ ဆိုတော့။မထသ မှာယာဉ် ၁၅၀ပဲရှိတယ်ထား၊ တလမှာ၁ သိန်းပဲအကြွေရမယ်။ ၁ ရက်ဆို ???။ ယာဉ် ၁ ကြောင်းထွက်ရင်ခ ရီးသည်ဘယ်လောက်ပါလို့ ဘယ်နှစ်ယောက်ကို လဲပေးလိုက်ရင် အဲဒီအကြွေက ဘယ်လောက် ခံမှာလည်း??????
ဒီလိုအသုံးမကျသော သူအများကြီးဖြင့် ဖွဲ့စည်းထားသော အဖွဲ့ကိုအစိုးရအဖွဲ့ဟုခေါ်ပါသည်

သတင်းရငုးမြစ် http://www.news-eleven.com

0 comments:

Post a Comment