+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Tuesday, May 31, 2011

ရွှေလိုချင်လျင် ရွှေနဲ့လိုက်


မြန်မာနိုင်ငံ ဒေသ အသီးသီးရှိ အသေးစား ရွှေလုပ်ကွက်များတွင် လုပ်ကိုင်လိုသူများ အနေဖြင့် စာချုပ် မချုပ်ဆိုမီ လုပ်ကွက်တစ်ကွက်လျှင် တစ်နှစ်စာ ရွှေ ၂၄ ကျပ်သား ကြိုတင် ပေးသွင်းရန် စတင် သတ်မှတ်လိုက်ကြောင်း သတင်းရရှိပါသည်။

အသေးစား ရွှေလုပ်ငန်းများ လုပ်ကိုင်ရာတွင် သတ္တုတွင်း ၀န်ကြီးဌာနနှင့် ရွှေနှင့်သတ္တု တူးဖော်ရေး ကုမ္ပဏီများ အကြား အကျိုးတူ ပူးပေါင်းမှု စာချုပ်များဖြင့် လုပ်ကိုင်ကြခြင်း ဖြစ်ပြီး စာချုပ်မချုပ်ဆိုမီ ယခင်က ရွှေလုပ်ကွက် တစ်ကွက်လျှင် Security Deposit ကျပ်လေးသိန်း ပေးသွင်းခဲ့ရကြောင်း၊ စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းလုပ်ကိုင်မှသာ တစ်လလျှင် ပျမ်းမျ ရွှေနှစ်ကျပ်သားနှုန်းဖြင့် ပေးသွင်းသွားရကာ ယခုအခါတွင်မူ ပထမတစ်နှစ်စာကို ကြိုတင် ပေးသွင်းရန် သတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

''လုပ်ကွက်လျှောက်ဖို့ သက်ဆိုင်ရာမြို့နယ်က ဌာနဆိုင်ရာ ထောက်ခံစာတွေ၊ သက်ဆိုင်ရာ နယ်မြေဒေသ တာဝန်ရှိသူတွေရဲ့ ထောက်ခံစာတွေနဲ့ သတ္တုတွင်း ၀န်ကြီးဌာနကို လျှောက်ခဲ့တယ်။ လုပ်ကွက်တစ်ကွက်ကို Security Deposit ကျပ်လေးသိန်း သွင်းခဲ့တယ်။ ငါးကွက်ဆိုရင် ကျပ်သိန်းနှစ်ဆယ်ပေါ့။ မတ်လ နောက်ဆုံး ပတ်လောက်မှာ လျှောက်တယ်။ အဲဒီအချိန်အထိ ပေါ်လစီပြောင်းသွားတာ မသိသေးဘူး''ဟု အသေးစား ရွှေလုပ်ငန်းရှင် တစ်ဦးက ပြောပြသည်။

''အရင်လုပ်တဲ့ပုံစံက လျှောက်ပြီးရင် သတ္တုတွင်းက တာဝန်ရှိသူတွေက တကယ်လုပ်မယ့် မြေနေရာမှာ တိုင်းတာ စစ်ဆေးတာတွေ လုပ်တယ်။ ပြီးရင် အစည်းအဝေး ပြန်ထိုင်ပြီး စာချုပ်ချုပ်ရတယ်။ စာချုပ်ချုပ်ရင်တော့ Deposit တင်ထားတာကို ပြန်ရတယ်။ လုပ်ရင်းနဲ့မှ တစ်လကို ရွှေနှစ်ကျပ်သား သွင်းသွားရတယ်။ မေလ ၂၆ ရက်နေ့ကတော့ လုပ်ငန်းရှင်တွေကို အစည်းအဝေးခေါ်ပြီး ပေါ်လစီ ပြောင်းသွားကြောင်း ရှင်းပြပါတယ်''ဟု ၎င်းက ပြောပြသည်။

ရွှေလုပ်ကွက် အတွက် စာချုပ် ချုပ်ဆိုရာတွင် သတ္တုတွင်း ၀န်ကြီးဌာနမှ ချမှတ်ထားသော မူဝါဒ/စည်းမျဉ်း စည်းကမ်းများနှင့် နိုင်ငံတော်သို့ ပေးသွင်းရမည့် သတ်မှတ်ထားသော ပထမနှစ်အတွက် တစ်နှစ်စာ ၁၄ ပဲရည် အထက် ရွှေအဆင့်အတန်း အလိုက် (၂၀/၂၅/ ၃၀ ကျပ်သား)တို့ကို စာချုပ် မချုပ်ဆိုမီ ကြိုတင် ပေးသွင်းသွားမည် ဖြစ်ကြောင်း၊ အကယ်၍ ပေးသွင်းနိုင်ခြင်း မရှိပါက ဌာနသို့ ပေးသွင်းထားသော လုံခြုံရေး အာမခံငွေ (Security Depoist) များကို ပြန်လည် သိမ်းယူမည်ကို သိရှိပါ ကြောင်း ခံဝန်ကတိ လက်မှတ် ရေးထိုးခြင်း၌ ပါဝင်သည်ဟု သိရသည်။

အသေးစား ရွှေလုပ်ကွက်များကို ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး တို့၌ လုပ်ကိုင်လျက် ရှိသည်။

© Eleven Media Group. All rights reserved.

0 comments:

Post a Comment