+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Thursday, June 2, 2011

လူ့အခွင့်အရေး အဆိုးတကာ့ အဆိုးဆုံး ချိုးဖောက်တဲ့ မြန်မာ နိုင်ငံ

လူ့အခွင့်အရေး အဆိုးတကာ့အဆိုးဆုံး

ချိုးဖောက်တဲ့နိုင်ငံတွေထဲ

မြန်မာပါဝင်
2011-06-01

အမေရိကန်ပြည်ထောင်စု ၀ါရှင်တန်ဒီစီ အခြေစိုက် Freedom House အဖွဲ့ကြီးက လူ့အခွင့်ရေး အဆိုးတကာ့ အဆိုးဝါးဆုံး ချိုးဖောက်တဲ့ နိုင်ငံများစာရင်းမှာ မြန်မာနိုင်ငံကို ၁၀ နှစ်မြောက် အဖြစ် မနေ့က ထည့်သွင်း ဖော်ပြလိုက်ပါတယ်။

၂၀၁၁ ခုနှစ်အတွက် ထုတ်ပြန်တဲ့ ကမ္ဘာပေါ်က လူ့အခွင့်ရေး အဆိုးဝါးဆုံး ချိုးဖောက်တဲ့ နိုင်ငံများ အစီရင်ခံစာမှာ အခုလို ထည့်သွင်းဖော်ပြလိုက်တာ ဖြစ်ပြီး နိုင်ငံရေး၊ နိုင်ငံသား အခွင့်ရေးတွေမှာ အနိမ့်ဆုံး တွေ့ရတဲ့အတွက် အခုလို ထည့်သွင်းရတာ ဖြစ်တယ်လို့ Freedom House အဖွဲ့ကြီးရဲ့ နယူးယောက်မြို့ရုံးခွဲ လေ့လာရေးဌာန ညွန်ကြားရေးမှူး Chris Walker က ပြောပါတယ်။

မြန်မာနိုင်ငံနည်းတူ အဆိုးတကာ့အဆိုးဝါးဆုံး လူ့အခွင့်အရေး ချိုးဖောက်တဲ့ နိုင်ငံတွေ စာရင်းမှာ လစ်ဗျား၊ ဆီးရီးယား၊ ဆိုမားလီယား၊ ဆူဒန်၊ မြောက်ကိုရီးယား စတဲ့နိုင်ငံတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံဟာ ဒီစာရင်းမှာ ၂၀၀၁ ခုနှစ်ကတည်းက ထည့်သွင်းဖော်ပြခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး RFA သတင်းထောက် Ric့hard Finney နဲ့ ကိုဥာဏ်ဝင်းအောင်တို့ စုစည်း တင်ပြထားတာကိုလည်း နားဆင်နိုင်ပါတယ်။




Copyright © 1998-2011 Radio Free Asia. All rights reserved.

0 comments:

Post a Comment