+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, June 24, 2011

လက်တွေ့သင်တန်း စ ပြီ

Source Photo from http://www.bbcburmese.com/images
ဗမာစစ်အစိုးရတပ်ထံမှ ကချင်လွတ်မြောက်ရေးတပ်က သိမ်းဆည်းရမိသည့် စစ်အသုံးအဆောင်များ စစ်ဆေးစဉ်

မြို့ပြတိုက်ပွဲ ချေမှုန်းရေးအတွက်

မြန်မာအစိုးရတပ် စစ်သင်တန်းပေးမည်

ဇွန်လ ၂၀ရက်။
စောခါးစူးညား (ကေအိုင်စီ)

တနင်္သာရီတိုင်း မြိတ်ခရိုင် ပုလောမြို့နယ်အတွင်းရှိ ပြည်ချာစစ်လေ့ကျင့်ရေးသင်တန်းကျောင်းတွင် မြို့ပြတိုက်ပွဲ
အနီးကပ်ချေ မှုန်းရေးအတွက် မြန်မာစစ်တပ်က အရာခံနှင့် ဒု-အရာခံဗိုလ် ၈၅ဦးကို ယခုဇွန်လ ၂၅ရက်နေ့မှ သြဂုတ်လ ၃၀ရက်နေ့အထိ စစ် သင်တန်းတစ်ခု ပို့ချပေးသွားရန်ရှိသည်ဟု နီးစပ်သူများထံမှ သတင်းရရှိသည်။

တနင်္သာရီတိုင်းအတွင်းရှိ စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၈)၊ (၁၃)၊ (၂၀)တို့၏ လက်အောက်ခံ တပ်ရင်းများနှင့်
စစ်ဗျူဟာ-စဗဟ(၁)၊ (၂)၊ (၃)တို့၏ လက်အောက်ခံတပ်ရင်းများမှာ စစ်သင်တန်းတက်ရန်အတွက် ၎င်းတို့၏ တပ်ရင်းတစ်ရင်းလျှင် ၂ဦး နှုန်းဖြင့် ပို့ဆောင်ရမည်ဟု ညွှန်ကြားထားကြောင်း စစ်တပ်နှင့်နီးစပ်သူ တစ်ဦးက ကေအိုင်စီကို ပြောသည်။

“စစ်တပ်ကတော့ အကျိုးရှိမယ်လို့ ထင်တဲ့အတွက် အခုလို သင်တန်းပေးတာပဲ။ တပ်ရင်းတစ်ရင်းကို ၂ယောက်ပဲ။ သင် တန်းကတော့ ၂လကျော်ပေါ့နော်။ သင်တန်းပြီးရင်တော့ မြို့ပြတိုက်ပွဲချေမှုန်းရေးကို ဘယ်လို အကောင်အထည်ဖော်မလဲဆို တာတော့ စောင့်ကြည့်ရအုံးမှာပေါ့။”ဟု ပြောသည်။

ပြည်ချာစစ်လေ့ကျင့်ရေးကျောင်းသည် ကဒဲနှင့် ပုလောရွာ(ပုလောမြို့နယ်ခွဲ)အနီးမှ အိမ်ခြေ ၃၀၀ခန့်ရှိ ပြည်ချာရွာတွင် တည်ရှိ ပြီး မြန်မာစစ်တပ်၏ သင်တန်းမှူး ဒုဗိုလ်မှူးကြီးတင်မြင့်က ဦးစီးကွပ်ကဲလျှက်ရှိသည်ဟု သိရသည်။
သတင်းကို နည်းနည်းလေး ပြင်ဆင်ဖြတ်တောက်လိုက်ပါတယ်။ ဒီအတွက် ကေအိုင်စီက စောခါးဆူးညား ကို အထူးတောင်းပန်အပ်ပါတယ်။

ဗမာစစ်အစိုးရရဲ့ လုပ်ပုံကိုင်ပုံလေးတွေက ကလေးတောင်သိပါတယ်။
တနင်္သာရီ တိုင်းဘက်မှာ သင်တန်းပို့ချတယ်။ မန္တလေးတိုင်းဘက်မှာ လက်တွေ့စမ်းသပ်တယ်။
ပြီးတော့ သူခိုးက လူကိုဟစ်တယ်။

သင်တန်းက ဇွန်လ ၂၅ရက်နေ့မှာ စ တယ်ဆိုတော့ ဇူလိုင် ၂၃ မှာ တလပြည့်တယ်။
အဲဒီတော့ သင်တန်းသားတွေရဲ့ လေ့လာမှတ်သားမှုနဲ့ စွမ်းဆောင်နိုင်မှု စမ်းသပ်ဘို့အတွက် ဗမာပြည်ရဲ့ တောင်ပိုင်းမှာ
မလုပ်ပဲ တိုက်ပွဲတွေဖြစ်နေတဲ့ မြောက်ပိုင်းကို ရွေးလိုက်ခြင်းအားဖြင့် သူခိုးလူဟစ်တာ ဘယ်သူမျှ မထင်နိုင်ဘူး။

အဲဒီတော့ တနေ့ထဲ ဗုံးတွေ အဆက်မပြတ်ကွဲကုန်တော့ တာပေါ့။

စစ်တပ်က သူတို့အကျိုးရှိမယ်လို့ ထင်တဲ့အတွက် အခုလို သင်တန်းပေးတာပဲ ဆိုတဲ့ အပြောအရ ပြည်ခြာဆိုတဲ့ရွာမှာ
သင်တန်းစခန်းဖွင့် နေပြည်တော်မှာ လက်တွေ့စမ်းသပ် အဲဒါ ဗမာစစ်အစိုးရရဲ့ မြို့ပြတိုက်ပွဲ ချေမှုန်းရေး ပါတဲ့ ဗျာတို့။

တခုတော့ရှိတယ် သူတို့ကို (ဗမာစစ်အစိုးရကို) အာခံတဲ့လူ ဆန့်ကျင်တဲ့ လူ ဆန့်ကျင်တဲ့အဖွဲ့နဲ့
ပေါင်းတဲ့လူဆိုလျင်တော့ ဘာမဆိုင် ညာမဆိုင် ဆွဲကုပ်ခံရမှာအသေအခြာပဲ။

ခရီးထွက်မယ် ဆိုတဲ့ ဒေါ်စုရဲ့ခရီးစဉ်ကိုလည်း တစုံတရာ အကျိုးသက်ရောက်နိုင်သယောင်ယောင်
ဖန်တည်းနေတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

အဲဒါတွေကတော့ ကျုပ်ရဲ့ လူပြိန်းအတွေးပါ။
ကျန်းမာချမ်းသာကြပါစေ။

0 comments:

Post a Comment