+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, June 24, 2011

တရုတ်နှင့် တင်းမာမှု မြင့်တက်လာသည့် ဖိလစ်ပိုင်အား အမေရိကန်တို့ စစ်လက်နက် တပ်ဆင်ပေးရန် အသင့်ရှိကြောင်း ပြော


တရုတ်နှင့် တင်းမာမှု မြင့်တက်လာသည့် ဖိလစ်ပိုင်အား

အမေရိကန်တို့ ၏စစ်လက်နက် တပ်ဆင်ပေးရန်

အသင့်ရှိကြောင်း ပြော


ဝါရှင်တန် ။ ။ အမေရိကန်တို့ အနေဖြင့် ဖိလစ်ပိုင်တို့၏စစ်ရေး စစ်ရာနှင့် ပတ်သက်ပြီး ခေတ်မီ တပ်မတော် တစ်ခု ဖြစ်လာစေရန် လက်နက် ကိရိယာများ ထောက်ပံ့ရန် အသင့် ရှိကြောင်း ကြာသပတေးနေ့က ပြောကြားလိုက်သည်။ ဖိလစ်ပိုင်တို့ အနေဖြင့် လက်ရှိ အချိန်တွင် ရေပိုင်နက် အရေးနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံနှင့် တင်းအားများ ဖြစ်ပေါ်နေပြီး ပြန်လည် တုန့်ပြန်မှု အရေးနှင့် ပတ်သက်ပြီး ပြောနေချိန်တွင် ယခုလို ကိစ္စ ဖြစ်ပေါ် လာခြင်းပင် ဖြစ်သည်။

ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဖြစ်သည့် Albert del Rosario မှာ လက်ရှိတွင် ဝါရှင်တန်သို့ ရောက်နေပြီး ဖိလစ်ပိုင်တို့ အနေဖြင့် လက်ရှိ ရှိနေသည့် လက်နက်များ နေရာတွင် အစားထိုးပြီး အခြားတစ်ဖက်တွင်လည်း မဟာမိတ်များကို ခေါ်ယူကာ တရုတ်နိုင်ငံနှင့် ဖြစ်ပွားနေသည့် တင်းမာမှုများကို လျှော့ချလိုကြောင်း ပြောကြားလိုက်သည်။

မိမိတို့ အနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ ကာကွယ်ရေးကို ထောက်ပံ့ပေးရန် ဆုံးဖြတ်ထားပြီ ဖြစ်ကြောင်းကို အမေရိကန် အတွင်းဝန် ဖြစ်သူ ဟီလာရီ ကလင်တန်မှ ပြောကြား လိုက်ကာ မိမိတို့ နှစ်နိုင်ငံ အနေဖြင့် ဖိလစ်ပိုင် နိုင်ငံတွင် လိုအပ်မည့် အရာများနှင့် ပတ်သက်ပြီး အကောင်းဆုံး မည်သို့ ထောက်ပံ့နိုင်မည်ကို ဆွေးနွေး နေကြောင်း နှစ်ဖက် ခေါင်းဆောင် များ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တောင်တရုတ်ပင်လယ် ရေပိုင်နက် အရေးမှာ လွန်ခဲ့သည့် ရက်သတ္တပတ်များက တင်းမာ လာခဲ့ပြီးနာက် ဖိလစ်ပိုင်နှင့် ဗီယက်နမ် နိုင်ငံများမှာ တရုတ်တို့နှင့် မကြေလည်မှုများ ဖြစ်ပွား နေရကာ ယခုလို အခြေအနေ အထိ ရောက်ရှိ လာရခြင်းပင် ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံမှာ လွန်ခဲ့သော ကာလများကလည်း ၎င်းတို့၏ စစ်တပ်ကို တစ်ပတ်ရစ် လက်နက်များနှင့် အဆင့် မြှင့်တင်ခဲ့သည့် သာဓကများ ရှိခဲ့ပြီး လက်ရှိအချိန်တွင်မူ သမ္မတ အကွီနို၏ ထောက်ခံချက်ဖြင့် ရေတပ် စစ်လက်နက် များအား အဆင့်မြှင့်ရန် ဒေါ်လာ ၂၅၂ သန်းဖိုး ပမာဏရှိ လက်နက်များ ဝယ်ရေးအတွက် သဘောတူ လို က်ပြီဖြစ်သည်ဟု Albert del Rosario မှ ပြောသည်။


source : channelnewsasia

Source http://www.mrtv4.net.mm/ မှကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment