+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, June 25, 2011

ငွေပေး ရန်မလို ငွေမပေး ရန်လို

Source Photo from http://www.google.com/images

ငွေပေး ရန်မလို

ငွေမပေး ရန်လို

ကျုပ်တို့ ကရင်စကားပုံတခုရှိတယ်ဗျ ဟ်ုစူးဟ်ုခင်းစှ် ဟ်ုနိုဝ်စှ် ဟ်ုစူးဟ်ုခင်းအေလ်ုစှ် ဟ်ုနိုဝ်မွဲါလ်ုစှ် တိုက်ရိုက်အဓိပ္ပါယ်ပြန်ရလျင် ခြေတွေ လက်တွေစိုမှ ပါးစပ်စိုမယ် ခြေတွေ လက်တွေမစိုလျင် ပါးစပ်မစိုဘူး တဲ့။
ဆိုလိုတာကတော့ အလုပ်လုပ်မှ စားရမယ် အလုပ်မလုပ်လျင် မစားရဘူး ပေါ့။
သမာအာဇီဝကျကျ လုပ်စားဘို့ပြောတာ။

ဗမာစစ်အစိုးရလက်ထက်မှာတော့ အလုပ်မလုပ်ပဲ(သမာအာဇီဝ အသက်မွေးမှု) ချမ်းသာနေလိုက်ကြတာများ
တော်တော်ထူးတဲ့ အတိတ်ကံပဲ။

ကောင်းရောင်းကောင်းဝယ် မလုပ်စားတတ်လေတော့ သူများသမီးပျိုတွေ ဟိုသင်းစိုနေမှ ပါးစပ်စိုရတဲ့ ဗမာစစ်အစိုးရသစ်ရဲ့ လုပ်စားတဲ့အကြောင်းလေး နားဆင်ကြည့်ကြပါဦး။



Source Audio from http://www.bbcburmese.com

ဒါလောက်တင်ပဲလား ဆိုတော့ မက,သေးဘူး။
ကဏ္ဍအလိုက် အစီအစဉ်တကျ လုပ်စားနေကြတာ။

လူ့ဘ၀ဆိုတာ ရ,ခဲတယ်။ အဲလိုရ,ခဲတဲ့ လူ့သက်တန်းမှာ အသက်ရှည်ချင်တယ်။ ကျန်းမာချင်တယ်။ ချမ်းသာချင်တယ်။
ဒီတော့ ဗမာစစ်အစိုးရရဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးလုပ်ငန်းစဉ် အကောင်အထည်ဖေါ်ပုံနည်းကတော့ အောက်မှာ နားဆင်ကြည့်ကြပါ။






Source Audio from http://www.bbcburmese.com


ဒါပေမယ့် ရိုးသားတဲ့တပ်မတော်သား စစ်သည်တော် အတော်များများရဲ့အဖြစ်ကတော့ အင်မတန်ကို ရင်နာစရာကောင်းလှပါတယ်။
ကျုပ်တို့ ငယ်ငယ်တုန်းက တေးသံရှင် ဟင်္သာတထွန်းရင်ရဲ့ ဓါတ်ပြားရတေးတွေထဲက တေးတပုဒ်ဖြစ်တဲ့ အကောင်းဆုံးအရှုံးသမား ဆိုတဲ့တေးထဲက အတိုင်းပါပဲ။
စစ်ပြန်စစ်မှုထမ်းဟောင်းအချို့ရဲ့အဖြစ်ကို နားဆင်ကြည့်ကြပါဗျာ။

ကျန်းမာချမ်းသာကြပါစေ။



Source Audio from http://www.bbcburmese.com

0 comments:

Post a Comment