+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Saturday, June 25, 2011

Google စစ်ဆေးခံရမည်

Source Photo from http://www.google.com/images
အွန်လိုင်း လက်ဝါးကြီးအုပ်မှု အရေးအတွက်

Google တို့ စစ်ဆေးခံရမည်

25 Jun, 2011

အမေရိကန် ဖယ်ဒရယ် ကုန်သွယ်ရေး ကော်မရှင်(FTC)မှာ အင်တာနက်လုပ်ငန်းကြီး ဖြစ်သည့် Google ကုမ္ပဏီအား အွန်လိုင်း ရှာဖွေရေးနှင့် ကြော်ငြာလုပ်ငန်းများတွင် လက်ဝါးကြီးအုပ် ဝါးမြိုစေမည့် လုပ်ရပ်များအတွက် စစ်ဆေးသည့် အနေဖြင့် ဆင့်ခေါ်စာ ပေးပို့ရေးအတွက် နောက်ဆုံး သဘောတူညီချက်ကို အပြီးသတ်နေပြီ ဖြစ်သည်ဟု အစီရင်ခံစာ တစ်ခုတွင် ဖော်ပြသည်။

ယခုကိစ္စအား သိရှိသူနှစ်ဦး၏ အပြောအရ နယူးရောက် တိုင်းသတင်းစာတွင် ကြာသပတေးနေ့က ဖော်ပြရာ၌ (FTC ) အနေဖြင့် စစ်ဆေးမိန့် ချမှတ်ရန် ပြင်ဆင်နေပြီဖြစ်ပြီး Google ၏ အင်တာနက် ရှာဖွေရေး လုပ်ငန်းများ အပေါ် မြို့ပြ လက်ဝါးကြီးအုပ်မှု စုံစမ်းရေး၏ အစိတ်အပိုင်း တစ်ခုအဖြစ် ယခုလို ပြုလုပ်ရခြင်း ဖြစ်ကြောင်း ရေးသားခဲ့သည်။

Googel ကုမ္ပဏီ၏ အဓိက ဝင်ငွေများမှာ အွန်လိုင်းရှာဖွေမှုနှင့် ကြော်ငြာ လုပ်ငန်းများမှ ရရှိခြင်းဖြစ်ပြီး လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်က ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၉.၃ ဘီလီယံ အထိရရှိခဲ့သည်။ ယခုလို ကြော်ငြာ လုပ်ငန်းများနှင့်ပတ်သက်ပြီး Google အနေဖြင့် တရားမဝင် ယှဉ်ပြိုင်သည့် လုပ်ရပ်များ ကျူးလွန်ခြင်းရှိ မရှိဆိုသည်ကို အဆိုပါ ကော်မရှင်မှ ဥပဒေပညာရှင်များမှာ လပေါင်းများစွာ ကြာအောင် အချက်အလက်များ စုစည်းရှာဖွေခဲ့ကြကြောင်း ပြောကြားလိုက်ပြီး ယခုကိစ္စအတွက် သေချာအောင် စစ်ဆေးသွားမည် ဖြစ်ကြောင်း အဆိုပါ အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

source : appleinsider.com




Source Audio from http://www.voanews.com/burmese

0 comments:

Post a Comment