+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, September 30, 2011

ုအကယ်ဒမီ ရနိုင်တဲ့ ဇာတ်လမ်း

Source Photo from http://www.google.com/images

အကယ်ဒမီ ရနိုင်တဲ့ ဇာတ်လမ်း

မင်္ဂလာပါခင်ဗျား။

မဟာဗမာစစ်အစိုးရကတော့ လုပ်ချလိုက်ပြန်ပြီ။ မြစ်ဆုံဆည်ကိစ္စကို သူတို့အစိုးရလက်ထက်မှာ ရပ်ဆိုင်းထား
မယ်ပေါ့လေ။ အကြောင်းပြချက်ကတော့ ပြည်သူလူထုရဲ့သဘောထားကို လိုက်နာသယောင်ယောင်ပေါ့။

အဲဒါကို တစညပါတီ ကချင်ပြည်နယ်အမတ် ခမျာမျက်ရည်တွေတောင်ကျတယ်ဆိုပဲ၊ ဖြစ်ရလေတယ် အမတ် မင်းရယ်၊မျက်ရည်ကျစရာရှားလို့ဗျာ။ အဲဒီစကားက ခင်ဗျားမမျှော်လင့်ထားတဲ့စကားဆိုတာ တကယ်ပဲလား၊
လွှတ်တော်အမတ်တယောက်လုံးလုပ်နေပြီး ဒီလိုပြောထွက်သွားတာကိုတော့ ကျုပ်မအံ့သြပါဘူး။
ဘာကြောင့်လဲဆိုတော့ ဒီအစိုးရသက်တမ်းမှာ ခင်ဗျားကုလားထိုင်မြဲဘို့ ဒီလောက်တော့ ပေးဆပ်ရမှာပေါ့။

ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်းက ကေအိုင်အေစစ်ဆင်ရေးတွေကို အဓိကထား သုံးသပ်ဆွေးနွေးသွားမယ် တပ်မတော်ထဲမှာ တိုင်းမှူးနဲ့တပ်မှူးတွေ နေရာအပြောင်းလဲကိုလည်း အခုလေးလပတ်အစည်းအဝေးမှာ ကြေညာမယ် အရပ်ဘက် စစ်ဗိုလ်ချုပ်ဟောင်းတွေကို အာဏာလွှဲပြောင်း လိုက်ပြီးနောက်ပိုင်း လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ အခြေအနေနဲ့ အရပ်သားအစိုးရ အဖွဲ့ရဲ့စစ်တပ်အပေါ် ဆက်ဆံရေးကိုလည်း အလေးထားဆွေးနွေးကြမယ် အဲဒီသတင်းတွေကိုရော အမတ်မင်း မျှော်လင့်ထားပါသလား။

မမျှော်လင့်ထားဘူးဆိုလျင် အမတ်မင်းမျက်ရည်ထပ်ကျရဦးမှာ သေခြာသဗျား၊ အဲဒီသတင်းသာသေခြာလို့က တော့လား အမတ်မင်းရေ အခုအမတ်မင်းကျပြတဲ့မျက်ရည်အတွက် ယူကြုံးမရဖြစ်မှာ မြင်ယောင်သေးတော့။

မိကျောင်းမင်း ရေကင်းပြသလိုဖြစ်မှာတော့ စိုးရိမ်မိတာအမှန်ပါ၊ အမတ်မင်းက ပြည်သူလူထုကရွေးကောက် ထားတဲ့ ကိုယ်စားလှည်လို့ပြောနေတော့ မဟာဗမာစစ်အစိုးရ ဘာကြောင့်မြစ်ဆုံဆည်ကိစ္စကို လွှတ်တော်မှာ မဆွေးနွေးပဲ ရုတ်တရက်ကြေငြာလိုက်သလဲဆိုတဲ့အကြောင်းလေး သိအောင်ပြောပြချင်လို့ပါ။

အမတ်မင်းတို့အချင်းချင်း လက်ဝါးခြင်းရိုက်ထားတဲ့ကိစ္စဖြစ်နေလျင်တော့ ကြိတ်ပြီးရယ်(ရီ)မှာကတော့
အသေ အခြာပါပဲ။ မသိတဲ့လူတွေကတော့ အော် တော်တော်ကိုလိမ္မာရေးခြားရှိတဲ့ လူမိုက်အုပ်စုပါလားဆိုပြီး ကျေးဇူး တွေတင်နေကြမှာအမှန်ပါ။

မြစ်ဆုံဆည်ကိစ္စဆိုတာက လံကြုပ်ဇာတ်လမ်းပါ၊ တကယ်ဆို မြစ်ဆုံရဲ့အပေါ်မှာ ဆည်တွေဆောက်ထားတာ အ လျှံပယ်ကိုဖြစ်လို့၊ ခုနစ်ခုလေ ခုနစ်ခု နည်းတာမှတ်လို့၊ မှတ်မိကြမလားမသိဘူး ဘီဂျင်းအိုလံပစ်အားက စားပွဲ မဖြစ်ခင်မှာ လူတွေက ကန့်ကွက်ဆန္ဒပြတာရှိတော့ ပေါက်ဖေါ်ကြီးက ဒေါ်အောင်ဆန်းစုကြည်အကြောင်း တီဗွီတွေဘာတွေပြပြီး မြန်မာ့ဒီမိုကရေစီအရေး ကူတော့မလိုလိုဘာလိုလိုနဲ့လေ နောက်ဆုံးတော့ ပွဲပြီးမြင်းသေ တာပဲမဟုတ်လား။

ဒီနေရာမှာ ဗမာစကားမှာ ပွဲပြီး မီးသေ ဆိုပေမယ့် ကျုပ်တို့ကရင်ပြည်နယ်မှာက ပွဲသွားလျင် မြင်းစီးပြီး သွားကြ တာဆိုတော့ ပွဲတွေလည်းပြီးရော မြင်းလည်းသေတာပဲ၊ အဲဒါကြောင့် ပွဲပြီးမြင်းသေလို့ရေးလိုက်တာပါ၊ အခု လည်း မဟာဗမာစစ်အစိုးရရဲ့ ကစားကွက်တွေက ထင်ထားတာထက် ထိရောက်နေတယ်ဆိုတာ အထင်းသားပဲ
မဟုတ်လား၊ အသိသာဆုံးကတော့ အခုဆို မဟာဗမာစစ်အစိုးရဟာ အာဆီယံမှာ တင်းပြည့်အဖွဲ့ဝင်ဖြစ်သွားပြီ နောင်မကြာမီကာလတခုမှာ အာဆီယံဥက္ကဌဖြစ်တော့မှာ အဲဒီဥက္ကဌနေရာရပြီဆိုတာနဲ့ စောစောပိုင်းကပြောသလို ပွဲပြီးပြီပေါ့။

မဟာဗမာစစ်အစိုးရက အပေါ်ယံကြောလေးပြလိုက်တာနဲ့ ပြည်တွင်းရောပြည်ပပါ အသံတွေအမျိုးမျိုးထွက်လာ နေပြီဆိုတော့ မြန်မာပြည်ရှေ့ရေး ရင်မအေးနိုင်ပါဘူး။ ဒါကြောင့်ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြောပြပါတယ် တိုင်းပြည်ပြောင်းလွဲနိုင်မယ့် အခြေအနေ
ကိုရောက်နေပါပြီ၊ တိုင်းပြည်မနာဘို့ လူထုမနာဘို့ လိုတယ်ဆို တာ။

မြစ်ဆုံဆည်ကိစ္စကိုပြန်ကြည့်မယ်ဆိုလျင် တရုတ်ပြည်က အကြီးမားဆုံး စီမံကိန်းတခုဖြစ်တဲ့ ၂၁ ရာစု မဟာတံ တိုင်းလို့ပြောနိုင်တဲ့Three Gorges Dam ဆည်ကြီးဟာ တစ်မိုင်ခွဲကျယ်ပြီးပေ ၆၀၀ မြင့်သလို မိုင် ၄၀၀ ကျော်ရှည်ပါတယ် ဒီစီမံကိန်းကြီးကို ခေတ်သစ် တရုတ်နိုင်ငံရဲ့ဖခင်ကြီး ဆွန်ယက်ဆင်က ၁၉၁၉ခုနှစ်ကတည်းကစ ပြီးအဆိုပြုခဲ့တာ လို့ဆိုပါတယ်၊ တစ်နိုင်ငံလုံးကို မီးပေးနိုင်ဖို့၊ ရေလွှမ်းမိုးမှုတွေကို တားဆီးဖို့ဆိုတဲ့ ရည်ရွယ်ချက် တွေနဲ့ပါ။

၁၉၃၂ မှာ ချန်ကေရှိတ်၊ ၁၉၃၉ မှာတုန်းက တရုတ်ကို သိမ်းထားတဲ့ဖက်ဆစ်ဂျပန်တွေ ၁၉၄၉ မှာ မော်စီတုန်း အားလုံးဟာ ဆည်တည်ဆောက်ဖို့ မျှော်လင့်ခဲ့ကြပေမယ့် ၁၉၉၂ ခုနှစ် ရောက်မှ တည်ဆောက်ရေးကို တရုတ် ပြည်သူ့ ကွန်ဂရက်မှာစတင်အတည်ပြုနိုင်ခဲ့ကြပြီး ကိုယ်စားလှယ် ၂၆၃၃ ယောက်မှာ ထောက်ခံမဲ၁၇၆၇မဲ ကန့် ကွက်မဲ ၁၇၇ မဲ ပယ်မဲ၆၆၄ မဲနဲ့ ၂၅ ဦးမဲမပေးခဲ့ကြတဲ့ ရလဒ်နဲ့ ဒီဆည်ကြီးဆောက်ဘို့ အတည်ဖြစ်လာခဲ့တယ် လို့ဆိုပါတယ်။

အမေရိကန်ဒေါ်လာ ၃၇ ဒသမ ၄၃ ဘီလျံကျော်(ယွမ် ၂၅၄ ဘီလျံ) ကုန်ခဲ့တဲ့ဆည်ကြီးကို ၂၀၀၉ ခုနှစ်ကတည်း ကစပြီးလည်ပတ်ဘို့ မျှော်လင့်ထားခဲ့ပေမယ့်လည်းအဆင်မပြေတာမို့ ဒီလထဲမှာမှ စလည်ပါတယ်၊ ဆည်ကြီးဖွင့် တဲ့ အခမ်းအနားကို ဘူမိနဲ့ ရေအားလျှပ်စစ်အင်ဂျင်နီယာပညာတွေနဲ့ ကျောင်းပြီးခဲ့ကြတဲ့ဝန်ကြီးချုပ် ၀မ်ကျား ပေါင်နဲ့သမ္မတ ဟူကျင်တောင်တို့ သမိုင်းတရားခံဖြစ်မှာစိုးလို့ မတက်ခဲ့ကြဘူးလို့ဆိုပါတယ်။

အခုတော့ ဒီဆည်ကြီးက တရုတ်ပြည်လူဦးရေရဲ့ ခုနစ်ရာခိုင်နှုန်းပဲ မီးပေးနိုင်မယ်လို့သိရပါတယ်၊ ဒါတွေကို မဟာ ဗမာအစိုးရက သိနေတာမို့ လံကြုပ်ဇာတ်လမ်းလေးလုပ်ပြီး အမှတ်ယူနေတာကို လူတိုင်းသိပါတယ်၊ ဒါကိုအမတ်မင်းလည်း သိပါတယ်လေ။

သတင်းထောက်တွေက မြစ်ဆုံကိစ္စမေးတော့ ၀န်ကြီးဦးကျော်ဆန်းက သတင်း တောက်တွေရှေ့မှာမျက်ရည်ကျပြတယ်ဆိုလို့ အမတ်မင်းလည်း အားကျနေပြီထင်ပါရဲ့။
မျက်ရည်ကျမပြပါနဲ့အမတ်မင်းရယ် လူရွှင်တော်မျက်ရည်ကျတာ ဘယ်သူမျှမသနားပါဘူးတဲ့၊ ကျုပ်တို့ငယ်ငယ်တုန်းက မောင်ရွှေရိုး သီချင်းထဲမှာ တေးသံရှင် ချစ်စပယ်နဲ့ တွံတေးသိန်းတန်တို့ စုံတွဲဆိုထားတာ။

ကျန်းမာချမ်းသာကြပါစေ။

မင်းစိုးစံ
(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

Source from http://burmese.dvb.no
Source from http://www.news-eleven.com

0 comments:

Post a Comment