+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Friday, September 30, 2011

ကဒါဖီ ပြောရေးဆိုခွင့် ရှိသူအား ဖမ်းမိ

Moussa Ibrahim
Source Photo from http://www.timesofmalta.com

ကဒါဖီ၏ ပြောရေးဆိုခွင့်ရှိသူအား ဖမ်းမိ

30 September, 2011
လစ်ဗျား နိုင်ငံ၏ မွန်မာ ကဒါဖီ အုပ်ချုပ်ရေးတွင် ပြောရေးဆိုခွင့် ရှိသူ အဖြစ် တာဝန်ယူခဲ့သူ Moussa Ibrahim အား ဖမ်းမိခဲ့ပြီ ဖြစ်ကြောင်း ဒေသခံ တီဗွီ သတင်း ဌာနမှ ကြာသပတေးနေ့က ကြေငြာလိုက်ပြီ ဖြစ်သည်။ လစ်ဗျား နိုင်ငံ အနောက်တောင်ပိုင်းရှိ Misrata တွင် ရှိသည့် Freedom TV မှ ပြောကြားရာ၌ လက်ရှိ အုပ်စိုးနေသူ NTC ကောင်စီမှ တိုက်ခိုက်ရေး သမားများက ဗုဒ္ဓဟူးနေ့ ညက ကဒါဖီ၏ မွေးရပ်မြေ ရှိရာ Sirte မြို့တွင် ဖမ်းဆီးမိခဲ့ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

NTC မှ တိုက်ခိုက်ရေး သမားများ၏ အပြောကို အဆိုပါ ရုပ်သံ ဌာနမှ ကိုးကားပြီး ပြောရာ၌ ကဒါဖီ၏ ပြောရေးဆိုခွင့် ရှိသူမှာ ယင်းမြို့မှ ထွက်ပြေးလာ သည့် ဒေသခံများနှင့် ရောနှောပြီး လိုက်ပါလာခြင်း ဖြစ်ပြီး ကာလရှည်ကြာ တိုက်ပွဲများကြောင့် မြို့မှ စွန့်ခွာသူများကဲ့သို့ ဟန်ဆောင်ကာ ထွက်လာစဉ် ဖမ်းမိခဲ့ခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။ ယခုလို ဖမ်းမိသည့် ၎င်း၏ပုံရိပ်များကို ၎င်းအား လုံခြုံသည့် နေရာသို့ အရောက်တွင် ထုတ်လွတ် ပြသသွားမည် ဖြစ် သည်ဟုလည်း ပြောကြားခဲ့သည်။


source : xnhuanews

Credit http://www.mrtv4.net.mm

0 comments:

Post a Comment