+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, September 26, 2011

အလင်းထုတ် စက်ဘီးသစ် လာပြီ


Source Photo from http://core77.com/blog/transportation

အလင်းထုတ် စက်ဘီးသစ် လာပြီ

26 Sep, 2011

မြို့ပြ လမ်းမများ ထက်တွင် ညအချိန် စက်ဘီး မောင်းနှင့်ခြင်းမှာ အန္ဒရာယ် များလှသည့် လုပ်ရပ်တစ်ခု ဖြစ်ပြီး မှေးမှိန်လှ သည့် မီးလုံးများကြောင့် ကားမောင်းသူများ၏ အမြင် အာရုံတွင် ရှင်းလင်းမှု မဖြစ် စေသဖြင့် ယာဉ်အန္တရာယ်နှင့် ကြုံတွေ့နေရမှုများ ရှိသော်လည်း ယခုတွင်မူ ယင်းသို့သော ဖြစ်ရပ်များ ကို ရှောင်ရှားနိုင်တော့မည် ဖြစ်သည်။

အသစ် တီထွင်လိုက်သည့် Revolights ခေါ် စနစ်သစ်အရ စက်ဘီး၏ ဂွေတွင် ထည့်သွင်း တပ်ဆင်ထားသည့် LED မီး စနစ်သစ်ကြောင့် စက်ဘီး စီးနင်းသူများ အနေဖြင့် မိမိတို့၏ လမ်းကြောင်းများကို ရှင်းလင်းစွာ မြင်တွေ့နိုင်မည့် အပြင် ကားမောင်းသမားများ မှာလည်း စက်ဘီး ရှိနေသည်ကို ရှင်းလင်းစွာ မြင်တွေ့နိုင်တော့မည် ဖြစ်သည်။ စမ်းသပ်မှုတွင် ဖော်ပြရာ၌ ယင်းစက်ဘီးမှာ ပုံမှန်အားဖြင့် မှိတ်တုတ် မှိတ်တုတ်သာ လင်းနေသော်လည်း စက်ဘီးအား စီးနင်းလိုက်သည်နှင့် တောက်ပသည့် အလင်းရောင်ကို ထုတ်လွတ်ပေးမည် ဖြစ်ကာ ရှင်းလင်းသည့် အမြင်နှင့် ထင်ရှားမှုကို ပေးစွမ်း မည် ဖြစ်ကြောင်း သိရသည်။

ဆန်ဖရန်ဆစ်စကို အခြေစိုက် အဆိုပါ ကုမ္ပဏီမှာ ယခု တီထွင်မှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး စက်ဘီးအား လေးဘက်လေးတန်မှ မြင်တွေ့နိုင်ရန် တီထွင် ထားခြင်း ဖြစ်သည်။ ယခုလို လင်းအား ဖြစ်စေရန်အတွင် စက်ဘီး၏ Hub အုံအတွင်းတွင် ထည့်သွင်းထားသည့် ပြန်လည် အားသွင်းနိုင်သော လစ်သီယံ ဘက်ထရီကို အသုံးချထားခြင်း ဖြစ်ကာ စက်ဘီး၏ ခွဆုံတွင် ရှိသည့် သံလိုက်လှိုင်းဖြင့် အလင်းကို လှုပ်ရှားစေမည် ဖြစ်သည်။ ယခု တီထွင်မှုကို ဈေးကွက် အတွင်း ရောင်းချနိုင်ရန် အတွက်လာမည့် ၂၀၁၂ ခုနှစ်တွင် လျာထားပြီး စက်ဘီးသမားများ အတွက် ပိုမို ဘေးကင်း လုံခြုံသည့် စနစ်သစ် ပေါ်ထွက်လာတော့မည် ဖြစ်သည်။

revolights. join the revolution. from revolights on Vimeo.


Source Video from http://core77.com/blog/transportation/bike_safety_lighting_system_part_4_revolights_join_the_revolution_20158.asp


source : CNN news

Credit http://www.mrtv4.net.mm

0 comments:

Post a Comment