+လာရောက်ကြသူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ပါစေ

+ရင်းနှီးချစ်ကြည်စွာဖြင့်

+မင်းစိုးစံ(အဝေးရောက် ကရင်ဒုက္ခသည်တဦး)

+ရှင်မဟာသီလဝံသ ၏ ကဗျာ

+ငါသာငါထက် မာန်မတက်နှင့်

+အထက်နေမင်း လေးကျွန်းချဉ်းလည်း

+မလင်းတိမ်တိုက် တစ်ကျွန်းမိုက်၏

+နှိုင်းလိုက်သည်သာ ဤအရာကို

+ပညာရှိက သတိရလိ့မ်။

+(ရှင်မဟာသီလဝံသ)

Monday, September 26, 2011

ဘိုးအင်း ၇၈၇ လေယာဉ်သစ် စတင် ပျံသန်းပြီ

All Nippon Airways Boeing 787 Dream liner JA801A ZA101
Source Photo from http://www.google.com/images

ဘိုးအင်း ၇၈၇ လေယာဉ်သစ် စတင် ပျံသန်းပြီ
26 September, 2011

နိုင်ငံတကာ လေကြောင်း ပျံသန်းမှုများတွင် ထိပ်ဆုံးမှ ရပ်တည်နေသည့် ဘိုးအင်း ကုမ္ပဏီမှာ ၎င်း၏ နောက်ဆုံးထွက် လယာဉ်မျိုးဆက်သစ် ဖြစ်သည့် ဘိုးအင်း ၇၈၇ လေယာဉ်သစ်အား ပထမဆုံး အကြိမ် အဖြစ် လေကြောင်းလိုင်းတွင် စတင် ပြေးဆွဲလိုက်ပြီ ဖြစ်သည်။ အဆိုပါ လေယာဉ် ကိုယ်ထည်မှာ အထူးပေါ့ပါး ခိုင်ခန့်သည့် ပလတ်စတစ် ကွန်ပိုဆိုက်ဖြင့် ပြုလုပ်ထားပြီး ယခင် လေယာဉ်များ ထက်စာပါက ဆီစားနှုန်း ၂၀ ရာနှုန်း သက်သာစေရန် တီထွင်ထားခြင်း ဖြစ်သည်။

အမှာစာ ပေးထားသည့် လေကြောင်းလိုင်းများထံသို့ ပေးအပ်မည့် ရက်ထက် ၃ နှစ် နောက်ကျပြီးမှသာ ပေးအပ်နိုင်ခဲ့ သည့် ယခု လေယာဉ်သစ်မှာ ယခင် ခန့်မှန်းထားသည့် ထက် ကုန်ကျစရိတ် ပိုမို မြင့်မားခဲ့ပြီး ဒေါ်လာ ၃၂ ဘီလီယံ အထိ သုံးစွဲခဲ့ရကြောင်း သိရသည်။ ပုံမှန်အားဖြင့် လေယာဉ်သစ်မှာ ဒေါ်လာ ၁၅ ဘီလီယံသာ ကုန်ကျခြင်း ဖြစ်သည်။ ယခုလို ပထမဆုံး ထွက်ရှိလာသည့် လေယာဉ်သစ်မှာ All Nippon Airways သို့ စတင် ပေးအပ်ခဲ့ခြင်း ဖြစ် သည်။ ယခု လေယာဉ်မှာ ဂျပန် နိုင်ငံသို့ အင်္ဂါနေ့တွင် ပေးပို့သွားမည် ဖြစ်ပြီး လာမည့် အောက်တိုဘာလ ၂၆ ရက်တွင် လေကြောင်း ပို့ဆောင်မှုကို စတင် ပြုလုပ်မည် ဖြစ်သည်။


source : reuters

Credit http://www.mrtv4.net.mm

0 comments:

Post a Comment